Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Bletcher
7.3
Dumbo (1941)
Dumbo (1941) ==========1921မှာ ထုတ်ခဲ့တဲ့ Mickey Mouse ကာတွန်း ကနေစပြီး ဒီနေ့ထိထက်တိုင် တစ်ရှိန်ထိုးအောင်မြင်ခဲ့တဲ့ Walt Disneyကုမ္ပဏီရဲ့ လေးကားမြောက်ကာတွန်းရု့ပ်ရှင ဖြစ်ပါပြီး Disneyရယ်လို့ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့..... ကလေးလိုချင်တဲ့ ဆင်မကြီး ဂ်မ္ဘိုဟာ ဂ်မ္ဘိုဂ်ဴနီယာဆိုတဲ့ သားကလေးတစ်ကောင်ရခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှလေသလားတော့မသိ..ဂျမ်ဘိုကလေးမှာ အဆမတန်ကြီးမားတဲ့ နားရွက်တွေ ရှိနေခဲ့လို့ သူ့မျိုးနွယ် ဆင်တွေကတောင် သူ့ကို ဆင်လို့မသတ်မှတ်ချင်ကြပါဘူး။ နားရွက်ကြီးလွန်းပါတဲ့ ဂျမ်ဘိုကလေးကို ဘယ်သူမှ မနှစ်မြို့ကြလို့ ဒမ်ဘိုလို့ပြောင်းခေါ်ကြတဲ့အပြင် သူ့ကို အနိုင်ကျင့်ကြလို့ ကာကွယ်ပေးတဲ့ သူ့မိခင်ကိုပါ ဆင်ရူးလို့ သတ်မှတ်ခံခဲ့ရပြီး အချုပ်ခံခဲ့ရပါတယ်။ ထုံးစံအတိုင်း Disneyကာတွန်းရဲ့ ဝသီအတိုင်း အထူးဆန်းဆုံး အရာတွေဖြစ်တတ်ပါသတဲ့လေ။ လူရဲ့ တစ်ယောက်တည်းသော မိတ်ဆွေကတော့ ဆင်တွေ သေမတတ်ကြောက်ရပါတဲ့ ကြွက်မျိုးနွယ်ထဲက တင်မိုးသီလို့ ခေါ်တဲ့ကြွက်တစ်ကောင်ပါ။ လူအသိအမှတ်ပြုခံချင်ပါတဲ့ ဒမ်ဘိုကလေးကို လူအသိအမှတ်ပြုလာအောင် တင်မိုးသီဟာ ကူညီပေးခဲ့ပါတယ်။ တင်မိုးသီဟာ အကောင်အသေးဆုံးပေမဲ့ နှလုံးသားအကြီးဆုံး ကြွက်တစ်ကောင်ပါပဲ အားလုံးပစ်ပယ်ထားပါတဲ့ မိဘမဲ့ဆင်ကလေးကို စာနာပေးနိုင်တဲ့သူကလည်း ဒီပုံပြင်မှာ သူပဲရှိခဲ့ပါတယ်။ IMDB Rating...7.3ရထားပြီး 90Borns တွေရဲ့ Childhood Nostalgia Animation ရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး 2019 မတ်လ မှာတော့ တင်ပြဟန် တစ်မျိုးဆန်းတတ်တဲ့ ဒါရိုက်တာ Tim Burtonက Live ...
movie
Dumbo (1941)
1941
7.3
Dumbo (1941)
Oscarတစ်ဆုရရှိခဲ့ပြီး ဂျွန်လက်စ်တာ(John Lesseter)နဲ့ လီယိုနက်မယ်လ်တင်(Leonard Maltin)တို့ရဲ့ အကြိုက်ဆုံးရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ Walt Disneyရဲ့Pinocchioနဲ့Fantasiaရဲ့ငွေကြေးအရှုံးပေါ်မှုကိုဖြေရှင်းပေးခဲ့တဲ့ ရုပ်ရှင်လို့ပြောရင်လည်းမမှားပါဘူး ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမတိုင်ခင်လအနည်းငယ်အလိုက ထုတ်လွှင့်ခဲ့တာဖြစ်လို့သူ့ခေတ်သူ့အခါကထင်သလောက်အောင်မြင်မှုမရခဲ့ပေမယ့် ယနေ့ကျွန်တော်တို့အားလုံးအတွက်တော့ဂန္တ၀င်ရုပ်ရှင်ကားတစ်ခုဆိုတာတော့ ငြင်းလို့ရမယ်မထင်ပါဘူးဗျာ (mini spoiler alert) 1941ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာ ဖလော်ရီဒါမှာရှိတဲ့ဆပ်ကပ်ထဲကတိရစ္ဆာန်အကောင်လေးတွေဆီကို မျိုးတူအကောင်ပေါက်လေးတွေပါဆယ်ရောက်လာပါတယ် ဆပ်ကပ်ထဲကဆင်မလေးဂျမ်ဘိုအတွက် သူ့သားဖြစ်လာမယ့်နားရွက်ကားကားနဲ့ဆင်လေးဂျမ်ဘိုဟာ အကြောင်းတချို့ကြောင့်နောက်ကျမှရောက်လာခဲ့ပြီး အရွယ်နဲ့မမျှကြီးမားလွန်းတဲ့ဧရာမနားရွက်တွေကြောင့်အခြားဆင်တွေရဲ့ စနောက်မှုကိုခံခဲ့ရကာ ဆပ်ကပ်မှာနေရာမပေးခံခဲ့ရပါဘူး သူငယ်ချင်းရယ်လို့ခေါ်စရာသူ့အမေနဲ့ကြွက်ကလေးTimothyသာရှိခဲ့ပါတယ် သူရဲ့ကြီးမားတဲ့နားရွက်တွေကြောင့်ဆပ်ကပ်ရဲ့စတန့်အကွက်တွေမှာ တလွဲတွေဖြစ်ခဲ့မှုလူတကာ၊တိရစ္ဆာန်တကာရဲ့အမြင်မကြည်တာကိုခံရပါတော့တယ် သူရဲ့သူငယ်ချင်းTimothyရဲ့အကူအညီနဲ့အတူဒမ်ဘိုကို အားလုံးရဲ့အမြင်မကြည်တာကနေပြန်အဖက်ဆယ်ပြီး ဆပ်ကပ်ရဲ့စတားဖြစ်လာအောင် ဘယ်လိုကြိုးစလဲဆိုတာတော့အခုပဲကြည့်ရှု့နိုင်ပါပြီ ဘာသာပြန်ပေးထားတာတော့ Htet Htet Myint ဖြစ်ပြီး အညွှန်းနဲရေးပေးတာတော့Sithuပဲဖြစ်ပါတယ်
movie
Dumbo (1941)
1941