Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Blake Lively
5.2
The Rhythm Section (2019)
Paramount Pictureကနေဖြန့်ချီလိုက်ပြီးမင်းသမီးချောBlake Livelyနဲ့ Jude Lawတို့ပါဝင်ထားတဲ့Action Dramaကားတစ်ကားပါ။Assassinကားသဘောမျိူးပါပဲ။လေယာဉ်ပျက်ကျရာမှမိသားစုတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပြီးနောက်စတစ်ဖနီတစ်ယောက် သာမန်ကျောင်းသူတစ်ယောက်ဘဝကနေ စိတ်ကျတွေကျ၊ ဆေးတွေသုံးပြီးပေတေနေတဲ့ပြည့်တန်ဆာမဘဝကိုပြောင်းလဲသွားပါတယ်။တစ်နေ့သူ့ဆီကို ဂျာနယ်လစ်သမားတစ်ယောက်ရောက်လာတဲ့အခါမှာတော့သူ့မိသားစုစီးခဲ့တဲ့လေယာဉ်ကစက်ချို့ယွင်းလို့ပျက်ကျတာမဟုတ်ပဲဗုံးပေါက်ကွဲလို့ဆိုတာသိသွားပါတယ်။အဲ့နောက်မှာတော့ အဲ့ဗုံးကိစ္စနဲ့ပတ်သတ်သူမှန်သမျှကိုအပြတ်ရှင်းပစ်မယ့် လုပ်ကြံသတ်ဖြတ်သူဖြစ်သွားပါတော့တယ်။ဒီကားမှာတော့ တခြားassassinကားတွေလိုအထူးလေ့ကျင့်ထားတဲ့သူလျှိုမတွေပုံစံလိုမဟုတ်ပဲသာမန်မိန်းကလေးတစ်ယောက်စိတ်အားထက်သန်စွာနဲ့လက်စားလိုက်ချေပုံတွေကို မြင်ရမှာပါ။ကြည့်ရှုခံစားကြည့်ပါအုံး။ File Size : ( 1 GB , 377 MB) Quality : WEBRip 720p Running Time : 1 hr 31 min Format : Mp4 Genre : Action , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) ...
movie
The Rhythm Section (2019)
7.1
A Simple Favor (2018)
လတ်တလောထွက်ရှိထားပြီး ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ကားလေးပါဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်နေပေမယ့် တစ်ကားလုံး Twist တွေ Turn တွေအပြည့်နဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူအမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူစရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါမှာတော့အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ...ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က မင်းသားချော Henry Golding လည်းပါဝင်အားဖြည့်ထားပါတယ်IMDB rating 7.1 အထိရရှိထားတာကိုလည်းတွေ့ရပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ...
movie
A Simple Favor (2018)
2018
7.2
The Age of Adaline (2015)
လူတိုင်း အသက်အရွယ်မကြီးရင့်ပဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား?ဒါပေမယ့် တစ်ကယ်တမ်းအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား?ခုဇာတ်ကားထဲက အဒဲလိုင်း ဘိုမန်ကတော့ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းဆယ်စုနှစ် ၈စုလောက် အသက်မကြီးပဲ ၂၉နှစ် အရွယ်တိုင်းရှိနေခဲ့သူပါ။သူ့ကို စစ်ဆေးစမ်းသပ်ချင်သူတွေရဲ့လက်ထဲက လွတ်အောင်သူ့ရဲ့ထူးခြားချက်ကို ဖုံးကွယ်ရင်း ရှောင်ပြေးရင်းနေလာခဲ့ရပါတယ်။အဲလစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီးနောက်ပိုင်း အဒဲလိုင်းဟာ အချစ်ကို ပြန်လည်တွေ့ရှိခဲ့ရတယ်တစ်သက်လုံးဖုံးကွယ်လာတဲ့ လျှို့ဝှက်ချက်ကို အဲလစ်ကိုပြောပြမှာလား?ဒါမှမဟုတ် ထပ်ပြီးရှောင်ပုန်းမှာလား? ဘယ်လိုရှေ့ဆက်ဖြစ်မလဲ??????? (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Inzali Than Htike ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Inzali Than Htike Encoded by Thanhtike Zaw
movie
The Age of Adaline (2015)
2015
7.5
The Town (2010)
movie
The Town (2010)
2010
5.4
All I See Is You (2016)
All I See Is You (2016)_____IMDb - 5.4/10 ဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။ တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ…….. (ဘာသာပြန်သူကတော့ မေသူရလွင်ပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1h 49min Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source :LIMITED.720p.BluRay.x264-DRONES Translated by May Thura Lwin Encoded by Thanhtike Zaw
movie
All I See Is You (2016)
2016
6.3
The Shallows (2016)
The Shallows (2016)IMDb - 6.3/10_____Rotten - 78% ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါ ပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့ လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ် ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီး ရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါ ဇာတ်လမ်းက- Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါ သူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီး သူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့ မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကို သူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ် ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့..... ???????????? (သိချင်ရင်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဗျာ spoiled ဖြစ်သွားမှာစိုးလို့) Action, Horror, Thriller အမျိုးအစားပါ IMDB မှာ 6.3 တောင်ရထားတယ်ဆိုတော့ ကြည့်မကောင်းမှာတော့ပူစရာမလိုပါဘူး (ps-မင်းသမီးကကျွန်တော်တို့ Deadpool မင်းသားကြီး Ryan Reynolds ရဲ့ ချစ်ဇနီးချောလေးဖြစ်ပါကြောင်း)။ Review Credit>>> Phyothu Aung's FB (ဒီဇာတ်ကားကို Myominthu Thanmyint မှ ဘာသာပြန်တင်ဆက်ထားတာပါ။) File size…(2.09GB) Quality…HEVC 1080p Format…mp4 Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant
movie
The Shallows (2016)
2016