Channel Myanmar

Brad Garrett

Finding Nemo (2003) 8.1
Finding Nemo (2003) Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations  အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်     File size…  6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie

Finding Nemo (2003)

2003
4K HEVC
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Ratatouille (2007) 8.0
Ratatouille (2007) Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေRemyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ ...
movie

Ratatouille (2007)

2007
HEVC 1080p 5.1
Casper (1995) 6.1
Casper (1995) Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ၀စ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်
movie

Casper (1995)

1995
Gloria Bell (2019) 6.5
Gloria Bell (2019) ဂလိုရီယာဆိုတဲ့ အမျိုုးသမီးတစ်ယောက်ရှိတယ်။ မျက်မှန်လေးနဲ့ အသက်ကြီးလဲ မပျက်စီးသေးတဲ့ အလှမျိုးနဲ့မိန်းမတစ်ယောက်။ ယောကျာ်းနဲ့ကွာရှင်းထားပြီးတော့ သားသမီးနှစ်ယောက်ကလဲ အတောင်စုံလို့ ပျံထွက်သွားကြတဲ့အချိန်မှာ ဂလိုရီယာတစ်ယောက် ဘဝကိုနေချင်သလို လှလှလေးနေထိုင်ရင်းနဲ့ အချစ်တစ်ခုကိုရရှိခဲ့ပါတယ်။ သူတွေ့ခဲ့ရတဲ့ သူ့ရဲ့လေးဆယ်ကျော်အချစ်ကအာနိုးလ်တန်နာလို့ခေါ်တဲ့ ကစားကွင်းပိုင်ရှင်တစ်ယောက်။ သူလဲပဲ မိန်းမနဲ့ကွာရှင်းထားတဲ့သူပဲ ဒါပေမယ့် သူ့အနေအထားကဂလိုရီယာ့လိုမပေါ့ပါးပဲ သားသမီးတွေကြောင့် အမြဲစိတ်ရှုပ်နေရတတ်တဲ့သူ။ သူတို့ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကို သူတို့ဘယ်လိုရင်ဆိုင်မလဲ ဆုံးဖြတ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ (ဒီကားလေးကို အသက်ကြီးတဲ့စုံတွဲတွေလို့ မတွေးပဲ အချစ်မှာအသက်အပိုင်းအခြားတွေဆိုတာ မရှိဘူးလို့တွေးကြည့်ပြီးတော့ကြည့်ကြပါ။ အထူးသဖြင့် အခုတစ်ယောက်နဲ့လဲ မရှင်းမရှင်းနဲ့ နောက်တစ်ယောက်ဆီကိုမေးလေးထောက်ပြီးတော့ ချစ်ခွင့်ပန်နေကြတဲ့ ချစ်ဖို့ကြိုးူစားနေတဲ့သူတွေကိုမှ သဘောကျနေမိတဲ့ တချို့သူတွေကြည့်သင့်ပါတယ် ဘယ်လောက်အာရုံနောက်ရတယ်ဆိုတာ ) File Size : (1.43 GB,) Quality : Blu-ray 1080p,720p Running Time : 1h 42min Format : Mp4 Genre : Drama,Comedy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
movie

Gloria Bell (2019)

2018
Christopher Robin (2018) 7.7
Christopher Robin (2018) Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုChannel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ အားလုံးရဲ့ အချစ်တော် Winnie the Pooh နဲ့သူ့ရဲ့ သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့Christopher Robin (2018) ပါ။ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာကဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရောသူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီးမပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာအတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ဒါပေမယ့် လောကရဲ့ ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက်ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာလန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာမက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။တစ်နေ့မှာတော့ Poohတစ်ယောက်သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်းခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် ...
movie


2018
Tarzan 2 (2005) 5.6
Tarzan 2 (2005) ဒီဇာတ်ကားလေးကတော့ IMdb rating 5.6 ရထားတဲ့ Animation ဇာတ်ကားလေးဖြစ်ပါတယ်။ Disney ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပြီး ကြည့်ရှု့မိသူတွေအတွက် မက်ဆေ့တွေ တစ်ပုံကြီးပေးထားပါတယ်။ တာဇံ တစ်ယောက်တောကြီးမျက်မည်းထဲမှာ oက်oံတွေနဲ့ အခက်ခဲတွေကို အတူကျော်ဖြတ်လာပြီး လူမှန်းသိတက်စ အရွယ်လဲရောက်ရော ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ ဆန်းစစ်မိလာပါတယ်။ လူရယ်ဆိုပေမဲ့ လူမမြင်ဘူးတဲ့ ကလေးတစ်ယောက်အတွက် သူ့ပတ်oန်းကျင်က တိရိစ္ဆာန်တွေကိုပဲ အတုယူကျင့်ကြံအားကျနေမိပါတယ်။ တစ်နေ့ သူ့ဘoတစ်ဆစ်ချိုးမှာ oက်oံမိသားစုနဲ့အတူ ခရီးသွားရင်း ချောက်ကြီးထဲကိုကျသွားပါတယ်.. အဲဒီနောက် တာဇံတစ်ယောက် ဘယ်လိုဆက်လက်ရုန်းကန်ပြီး ဘယ်လိုသင်ခန်းစာတွေရသွားမလားဆိုတာကို ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေ... (ဘာသာပြန်သူကတော့ စိုးရာဇာ ပဲဖြစ်ပါတယ်) File Size : 500 MB Quality : 720P Web Rip Running Time : 1hr 12minutes Format : Mp4 Genre :   Animation, Adventure, Comedy Encoder : Thanhtike Zaw
movie

Tarzan 2 (2005)

2005