Channel Myanmar

Cameron Monaghan

Reign of the Supermen (2019) 7.5
Reign of the Supermen (2019) DC fan တွေအတွက်တော့ Aquaman 1Billion ဂယက်အပြီးမှာနောက်ထပ်ဂယက်ထဖို့အကြောင်းဖန်လာပြန်ပါပြီ။အဲဒါကတော့ Death of Superman ရဲ့အဆက် Reign of Superman ပါပဲ။Doomsday နဲ့တိုက်ပွဲအပြီးမှာ Superman သေဆုံးသွားတဲ့အတွက်တစ်ကမ္ဘာလုံးဟာ နှမြောတသဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ့ရဲ့ကွက်လပ်ကိုဖြည့်တင်းဖို့အတွက် Superman တွေများစွာပေါ်ပေါက်လာပါတယ်။အဲဒီ Superman တွေကဘယ်သူတွေလဲ၊ဘယ်ကလာတာလဲ၊ဘာရည်ရွယ်ချက်ကြောင့်လာတာလဲ ဘယ်သူမှမသိကြပါဘူး။Superman ရဲ့နေရာကိုဆက်ခံဖို့ရော ထိုက်တန်ကြရဲ့လား။နောက်ပြီး Superman အစစ်ရဲ့ရုပ်ကြွင်းကလည်း ဘယ်ကိုရောက်သွားတာလဲ။ဒါကိုလည်းမသိကြပါဘူး။အရာအားလုံးဟာ ပဟေဠိဆန်ဆန်ဖြစ်နေပါတယ်။ဒီရုပ်ရှင်ရဲ့ Plot ကတော့ အများကြီးပြောပြလို့မရတဲ့အထဲမှာပါတယ်ဗျ။Superman မရှိတော့တဲ့နောက်ပိုင်းSuperman ကိုလိုက်တုတဲ့သူတွေ ပေါ်လာတယ်။လူတွေကိုကယ်တယ်။အဲဒီလိုဇာတ်ကောင်တွေကို တဖြည်းဖြည်းချင်းမိတ်ဆက်၊ နောက် သူတို့ရဲ့ Identity တွေဖော်သွားပြီးမှ ဇာတ်လမ်းကျောရိုးပေါ်လာတာကြောင့်ပါ။DC ဖန်တွေအတွက်လုံးဝကြည့်ရကျိုးနပ်စေမယ့် ကြက်သီးထစေမယ့် အခန်းတွေလည်း အများကြီးပါပါတယ်။နောက်ပြီးတော့ Credit Scene တစ်ခုလည်းပါပါသေးတယ်။ကဲ အများကြီးညွှန်းမနေချင်တော့ဘူးဗျာ။DCAMU က ကျွန်တော်တို့ကို ဘယ်တုန်းကစိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။မြန်မြန်သာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ DC ဖန်ကြီး ဆရာဦးမျိုးသန့်ပါ) File Size : (600 MB) ...
movie

Reign of the Supermen (2019)

2019
Amityville: The Awakening (2017) 4.9
Amityville: The Awakening (2017) ''ဘယ်​လီ''လို့​ခေါ်တဲ့ က​လေးသုံး​ယောက်​အ​မေ မုဆိုးမဟာ ပတ်​ဝန်းကျင်​အသစ်​​ကြောင့်​ သားဖြစ်​​သူပြန်​လည်​​နေ​ကောင်းလာအောင်​ infamous 112 Ocean Ave လမ်းထဲမှာရှိတဲ့အိမ်​ကို​ပြောင်းလာခဲ့တယ်​။ပိန်​ချုံးပြီး​ကြောက်​စရာ​ကောင်းတဲ့ပုံစံနဲ့ဂျိမ်းစ်​က​တော့ မိသားစုကိုစွဲ​နေတဲ့မှင်​စာ​လေးတစ်​​ကောင်​​ပေါ့။အ​မေဖြစ်​သူက​တော့ သူသား​လေးပြန်​​ကောင်းလာနိုင်​တယ်​လို့ ထင်​နေ​ပေမယ့်​ သမီး​ဖြစ်​သူ​တွေက​တော့ ဂျိမ်းစ်​ကသူတို့ကို ​အ​စောကြီးကတည်းကထားသွားခဲ့ပြီဆိုတာ ယုံကြည်​နေခဲ့တယ်​။အ​မေဖြစ်​သူဘယ်​လီက အိမ်​ကြီးရဲ့​နောက်​​ကြောင်းကို​သေချာမသိခဲ့ဘူးဒါ​ပေမယ့်​လည်းအသိတစ်​​ယောက်​​ကြောင့်​ 1979 တုန်း​ကထူးခြားတဲ့ DVD က​နေတစ်​ဆင့်​ သိခဲ့ရပါတယ်​။အဲ့​နောက်​ပိုင်း​တော့ အိမ်​ကြီးက ပိုမို​ခြောက်​ခြားလာပြီး ညဘက်​ဆိုလည်း အရိပ်​မည်း​တွေကိုမြင်​​နေရပါ​တော့တယ်​။အဲ့အချိန်​မှာဘဲ သားဖြစ်​သူဂျိမ်းစ်​က ပြန်​​​နေ​ကောင်းလာတာလား...လိပ်​ပြာချင်းလဲခံလိုက်​ရတာလား ဆိုတာက​တော့...  File Size : (700 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 25min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Tadashi Takero Encoded by Thanhtike ...
movie

Amityville: The Awakening (2017)

2017