Channel Myanmar

Carl Steven

Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) IMDb - 6.4/10_____Rotten - 76%ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့ စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်.... သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ...သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း  ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်... တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင် ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး ပြန်လည်အသက်ဝင်လာခဲ့ပါတယ်....အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်... အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင် ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်... သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင် မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်.. ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်... Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....   Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(737 MB) Translator…..Khin Chan Myae Tun Encoder…..Moe Myint Lwin
movie

Honey, I Shrunk the Kids (1989)

1989