Channel Myanmar

Carlo Cecchi

Martin Eden (2019) 7.0
Martin Eden (2019) ဒါလေးကတော့ IMDb Rating 7နဲ့ tomatoesမှာ 80%ရထားတဲ့အီတလီ Romance-Dramaကားလေးပါ။ချမ်းသာတဲ့လူကုံသံအသိုင်းအဝိုင်းကပညာတတ်မိန်းမချောလေးတစ်ယောက်ကိုချစ်မိသွားတဲ့လူငယ်လေးတစ်ယောက်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာပါ။မာတင်အက်ဒမ်ဆိုတာ သင်္ဘောပေါ်မှာအလုပ်ကြမ်းလုပ်ရတဲ့ဆင်းရဲသားတစ်ဦးဖြစ်ပေမယ့်ရုပ်ရည်ချောမောပြေပြစ်လှသူတစ်ဦးပါ။တစ်နေ့တော့ အနုပညာကိုခံစားတတ်ပြီး စာတွေဖတ်တဲ့သူဌေးသမီးပညာတတ်အလှလေးအယ်လင်နာကိုတွေ့ပြီးချစ်မိသွားတဲ့နောက်မှာတော့ ချစ်ခြင်းမေတ္တာတွေကကဗျာတွေစာတွေအဖြစ်လျှံကျလာပြီး သူစာရေးဆရာဖြစ်ချင်သွားပါတော့တယ်။ပညာရေးမှာမူလတန်းတောင်မပြီးမြောက်ပေမယ့် စာအုပ်တွေဖတ်ပြီးကဗျာတွေ ဝတ္ထုတွေ ဆိုရှယ်လစ်လမ်းစဉ်တွေကိုလက်မခံနိုင်တဲ့စာတွေရေးပါတော့တယ်။မိန်းကလေးမိဘအသိုင်းအဝိုင်းကတော့ပုံစံချင်းမတူ ပိုက်ဆံလည်းမရှာနိုင်တဲ့မျက်နှာမွဲကောင်နဲ့ သဘောမတူတဲ့အခါမှာတော့....Dramaကားတွေကိုနှစ်သက်သူတွေအတွက် စီးမြောပြီးကြည့်ရှုနိုင်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 GB , 427 MB ) Quality : WEB-DL 720p Running Time : 2 hr 09 min Format : Mp4 Genre :  Drama , Romance Subtitle : ...
movie

Martin Eden (2019)

The Red Violin (1998) 7.7
The Red Violin (1998) ၁၇ရာစုလောက်မှာ အီတလီတယောလုပ်တဲ့ပညာရှင်က ဖန်တီးထားတဲ့ တယောတလက်ရဲ့ ကာလရွေ့ လျားခြင်းနဲ့အတူ ဖြစ်ပျက်ခဲ့ရတဲ့ စိတ်ခံစားမှုတွေ.. တယောလေးကို လိုချင်တဲ့သူတွေအမျိုးမျိုးရှိခဲ့သလို လိုချင်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း မတူခဲ့ပါဘူး တချို့က အနုပညာကို နာမည်ကြီးဖို့သက်သက် အသုံးချကြတယ်....တချို့က အနုပညာကို ခံစားချက်ရမ္မက်တွေနဲ့ရောစပ်သောက်သုံးကြတယ်... ဒီလိုကြမ်းရှတဲ့ စိတ်တွေ အဲဒီထဲကမှ အနည်းစုက တကယ့်မြတ်နိုးမှုနဲ့ တွယ်တာကြတယ် ကိုယ့်အသက်ကိုယ် မမှုပဲ ရင်ထဲကအနုပညာချစ်စိတ်ကို ဖက်တွယ်ထားတဲ့ သူတွေရဲ့ နူးညံ့မှုတွေ... ၀မ်းနည်းမှု စိတ်တိုတွေ မြတ်နိုးစိတ် အားလုံးကို တယောတလက်ရဲ့ သံစဉ်နဲ့ ရင်ထဲ ခွဲခြားသိနိုင်စေခဲ့တဲ့ ဇာတ်ကားလေးပါ.. တူရိယာတယောတလက်လေးပါပဲ တီးခတ်သူရဲ့ စိတ်အခြေအနေအလိုက် ကိုယ်ပါ လိုက်စီးမျောနိုင်ဖို့ ဇာတ်လမ်းအသံvolumeလေးကိုတော့ မြှင့်ထားလိုက်စေချင်ပါတယ်... ဇနီးသည်မီးတွင်းထဲမှာပဲ သေဆုံးခဲ့ရတဲ့ အီတလီတယောပညာရှင်တစ်ယောက် သူ့ရဲ့မမြင်လိုက်ရတဲ့ သားလေးအတွက် ရင်ထဲက ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားတဲ့... The Red Violin တယောလေးကို သုတ်ထားတဲ့ ဆေးဟာ....ဘာများဖြစ်မလဲ...(ဒီကားကိုအညွှန်းနဲ့ခံစားဘာသာပြန်ပေးထားသူကတော့ ...
movie

The Red Violin (1998)

1998