Channel Myanmar

Carlo Rota

Saw V (2008) Saw 5 5.8
Saw V (2008) Saw 5 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw V (2008) Saw 5

Trespassers(2018) 5.8
Trespassers(2018) Trespassers(2018)(unicode)18+နည်းနည်းပါပါတယ်ဆာရာရယ် ဂျိုးရယ် ၊အက်စတယ်နဲ့ ဗစ်တာတို့ စုံတွဲနှစ်တွဲဟာ လက်တွေ့ကမ္ဘာကနေ လွတ်မြောက်ဖို့နဲ့ သူတို့ relationships တွေကို ပိုပြီး ခိုင်မြဲစေရန်နှင့် ပျော်စရာလေးတွေ ဖန်တီးဖို့ လုံးချင်းအိမ်လေးကို ငှားပြီးသွားနေကြတယ်။ ပျော်စရာတွေကို တည်ဆောက်ပြီး လှပတဲ့အချိန်တွေကိုဖြတ်သန်းကြဖို့ပေါ့.... တစ်ညရောက်တော့ သူတို့ ငှားထားတဲ့ အိမ်ရှေ့မှာ ကားပျက်သွားလို့ဆိုပြီး အကူအညီလာတောင်းတဲ့ အမျိုးသမီးကို ဆာရာက အိမ်ထဲ ပေးဝင်လိုက်မိတယ် ။ အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ... အဲ့အမျိုးသမီးက ဒုစရိုက်အဖွဲ့ထဲက.. သူတို့ တည်းနေတဲ့ အိမ်ထဲမှာ လူဆိုးအဖွဲ့က လိုချင်တဲ့ အရာရှိတယ်။ဒီအရာကြောင့်ပဲ လူသားမဆန်စွာ သတ်ဖို့ဖြတ်ဖို့တွေအထိဖြစ်လာကြတယ်... သူတို့ အတွဲ နှစ်တွဲကကော အိမ်ကြီးထဲကနေကော အဲ့လူဆိုးအဖွဲ့ဆီကနေကော လွတ်အောင် ဘယ်လိုတွေ လုပ်ကြမလဲ။ ဘယ်သူတွေက သေပြီး ဘယ်သူတွေက ရှင်သန်ကြရမလဲ။ သွေးသံတရဲရဲတွေနဲ့ Horror movieကားကောင်းတစ်ကားပါ.... လူဆိုးတွေလိုချင်တဲ့အရာကရော ဘာတွေများဖြစ်မလဲ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်...(zawgyi)18+နည်းနည်းပါပါတယ်ဆာရာရယ် ဂျိုးရယ် ၊အက်စတယ်နဲ့ ...
movie

Trespassers(2018)

Spinning Man (2018) 5.6
Spinning Man (2018) လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie

Spinning Man (2018)

2018
Brick Mansions (2014) 5.7
Brick Mansions (2014) Brick Mansions (2014)_____IMDb - 5.7/10 သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။ Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ...
movie

Brick Mansions (2014)

2014