Channel Myanmar
Carmen Argenziano
Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie
Hellraiser: Inferno (2000)
2000
The Accused (1988) 7.1
The Accused (1988) The Accused (1988)~ IMDb - 7.1/10, RT - 93%, Meta - 65% ~"လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်"ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ ...
movie
The Accused (1988)
1988
Swordfish (2001) 6.5
Swordfish (2001) Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် "  ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
Where We Disappear (2019) 7.2
Where We Disappear (2019) Where We Disappear ဟာ A Gulag Mouse ဆိုတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ရုရှနိုင်ငံရဲ့အလုပ်ကြမ်းအကျဉ်းစခန်းတစ်ခုထဲက အမျိုးသမီးတစ်သိုက်ရဲ့ အကျပ်တည်းကို မြင်ကြရမှာပါ..။ သားငယ်ကိုခေါ်ပြီး မွေးရပ်ကိုပြန်လာတဲ့အမျိုးသမီးတစ်ဦးဟာ စစ်ပွဲတွင်းသေသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ပြန်အလာကို ဘူတာရုံမှာမြင်လိုက်ရတဲ့အခိုက်ဟာ သူမရဲ့ဘ၀ကို လွတ်လမ်းမဲ့အလုပ်ကြမ်းစခန်းဆီရောက်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဖြစ်လို့နေပါတယ်တဲ့..။ ဒီနေရာမှာ တစ်ပတ်ဆိုတာ တစ်သက်တာနီးပါးပါပဲလို့ဆိုတဲ့ အလုပ်ကြမ်းစခန်းမှာ နှစ်ရှည်အပြစ်ဒဏ်သင့်တဲ့ အမျိုးသမီးရဲ့ ကံဟာ ဘယ်လိုများဆက်ဖြစ်မှာပါလဲ..။ တစ်ဆောင်ထဲကျတဲ့ ဘ၀တူအမျိုးသမီးအကျဉ်းသားတွေနဲ့ အဆင်ပြေအောင်ကြိုးစားရမယ့် ပထမညနဲ့ ရိုးရိုးလေး စတင်ခဲ့ပြီး လုံး၀မထင်မှတ်ထားမယ့်လှည့်ကွက်တစ်ခုနဲ့ လှလှပပဇာတ်သိမ်းပြလိုက်တဲ့ ဒီ Where We Disappear ဆိုတဲ့ဇာတ်ကားဟာဆိုရင်ဖြင့် Director Simon Fink ရဲ့ ရုပ်ရှင်အနေနဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရတဲလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်..။   File Size -  790.9 MB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - XCode
movie
Where We Disappear (2019)
The Mercenary(2019) 6.5
movie
The Mercenary(2019)
Singularity 5.4
Singularity   ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်.... ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်... ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက် အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်... တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်... ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်.... ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို အစားထိုးခဲ့ပါတယ်... သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်... ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်... နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး... လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်.... ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့ အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်....   File Size : (794MB) and (275 MB) Quality : 720p Web DL Running Time : 1hr 32min Format : Mp4 Genre :Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p Web DL Translated by Thet Htar Phyu Encoded by ...
movie
Singularity
2017