Channel Myanmar

Celia Imrie

Good Grief (2023) 6.4
Good Grief (2023) Good Grief (2023)~ IMDb - 6.4/10, RT - 78%, Meta - 60% ~Schitt's Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt's Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes - 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ...
movie

Good Grief (2023)

2023
The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
The Best Exotic Marigold Hotel (2011) 7.2
The Best Exotic Marigold Hotel (2011) The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie

The Best Exotic Marigold Hotel (2011)

2011
Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
Mummies (2023) 5.9
Mummies (2023) Mummies (2023)~ TMDb - 66%, Rotten Tomatoes - 70% ~ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။ အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။ အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြို့ကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် နက်ဖာအတွက် ကြင်ယာဖက်ရွေးဖို့ အချစ်နတ်ဘုရားမရဲ့ ...
movie

Mummies (2023)

2023
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Malevolent (2018) 6.6
Malevolent (2018) နောက်ဘဝဆိုတာရှိပါသလား။သေလွန်ပြီးနောက် တမလွန်ဆိုတာရှိပါသလား။ဒီဇာတ်ကားလေးရဲ့အစမှာတော့ သေလွန်ပြီးလူတွေက ပြန်လာတတ်တာမျိုးမဟုတ်ဘဲ ဘယ်ကိုမှမသွားကြတာပါတဲ့။သေလွန်ပြီးသူတွေနဲ့ဆက်သွယ်နိုင်ဖို့ဆိုတာ လူတိုင်းတော့ ဖြစ်နိုင်မယ်မထင်ပါဘူးဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Angela ကတော့ မျိုးရိုးစဉ်ဆက် အဲဒီ လက်ဆောင်ကိုပိုင်ဆိုင်ထားတာပါ။ဒါပေမယ့် သူ့ကတော့ ကွယ်လွန်ပြီးသူတွေကိုမမြင်နိုင်ပါဘူး။မိဘမရှိဘဲ မောင်နှမ နှစ်ယောက်တည်း ဘဝကိုရုန်းကန်နေရတဲ့အချိန်မှာ Angela ရဲ့အစ်ကိုဖြစ်သူ Jackson က မိဘလက်ငုတ်လက်ရင်းအလုပ်လို့ပြောလို့ရတဲ့ သေလွန်ပြီးသူတွေနဲ့ဆက်သွယ်ပြီး ကောင်းရာမွန်ရာကိုပို့ပေးတဲ့အလုပ်ကိုလုပ်ကိုင်ဖို့အကြံရလာပါတယ်။ဒါပေမယ့် လက်ဆောင်ရဲ့အစွမ်းကိုမရနိုင်သေးတဲ့ Angela ကြောင့် လုပ်ဇာတ်ခင်းပြီးတော့ ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့်ပေးပြီး ဝင်ငွေရှာနေပါတယ်။ဒါပေမယ့် Angela ရဲ့လက်ဆောင်အစွမ်းပြလာချိန်မှာတော့ တကယ့်မကျွတ်မလွတ်သေးတဲ့ အသတ်ခံလိုက်ရတဲ့ကောင်မလေးသုံးယောက်ရဲ့ အိမ်ကိုရောက်သွားချိန်မှာတော့...IMDB Rating ကတော့ 4.9 ရရှိထားပါတယ်။Horror ချစ်သူတွေကြည့်လိုက်ကြပါဦး။ (ဆရာဦး d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (700 MB) and (330 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : ...
movie

Malevolent (2018)

2018
Monster Family (2017) 4.6
Monster Family (2017) မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ်မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား?ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း...အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့...မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ "အေးအတူပူအမျှ" လိုပဲဖြစ်မလား..ဒါမှမဟုတ် ဘစိုင်းရဲ့ "ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး" လိုပဲ ဖြစ်သွားမလားဆိုတာကတော့.....စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Family Subtitle : ...
movie

Monster Family (2017)

2017