Channel Myanmar

Cha Soon-bae

Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
movie


2019