Channel Myanmar

Charlie Weber

The Painter (2024)
The Painter (2024) The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie

The Painter (2024)

2024
As They Made Us (2022)
As They Made Us (2022) As They Made Us (2022)~ Rotten Tomatoes - 81% ~မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ ...
movie

As They Made Us (2022)

2022
[18+] Cruel Intentions 3 (2004)
[18+] Cruel Intentions 3 (2004) Cruel Intentions 3 (2004)Cruel Intentions ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိဖူးရာမှာ တစ်ကားနဲ့တစ်ကား မင်းသားမင်းသမီးတွေလည်းမတူသလို ဇာတ်လမ်းဇာတ်အိမ်တွေကလည်း သက်သက်စီနီးပါးပါပဲ။ တစ်နဲ့နှစ်မှာဆို အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာချင်းတူပေမဲ့ ၃မှာတော့ သီးခြားစီ ဖြစ်သွားပါပြီ။ ဒီရုပ်ရှင်တွေမှာ တူညီတာတစ်ခုကတော့ လူငယ်တွေကြားက လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေအကြောင်းကို မင်းသားမင်းသမီးချောတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေမှုအသားပေးတင်ဆက်သွားတာပါပဲ။ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားလူငယ်တစ်စုရဲ့ စာသင်နှစ်တစ်ခုအတွင်းက အချစ်ရေးနဲ့လိင်မှုကိစ္စတွေကို ဇာတ်လမ်းအသစ်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်နဲ့မတူတာကတော့ ဒီတစ်ခါမှာ Plot Twist လေးတွေ လှိုင်လှိုင်သုံးပြီး အဆုံးထိဆွဲခေါ်သွားခဲ့တာပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ကက်စဒီ၊ ဂျေဆန်နဲ့ပက်ထရစ်တို့ လူလည်လူငယ်သုံးယောက် တစ်ယောက်တစ်လှည့် အချင်းချင်းဖျံကျပြီး အကွက်ပေါင်းစုံရွှေ့ကြတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ပွင့်လင်းလွန်းတဲ့လိင်ဆက်ဆံခန်းတွေလည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့အဆင်မပြေနိုင်ပါဘူး။ဘ၀ဆိုတာ ခဏလေးပဲ။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာ ရေပွက်လို ဒီဘ၀ဟာ စုန်းစုန်းနစ်မြုပ်သွားနိုင်တယ်။ ကောင်းတာတွေ မကောင်းတာတွေကို ဘယ်လိုပိုင်းခြားကြလဲ။ ကိုယ့်ကြောင့် ...
movie

[18+] Cruel Intentions 3 (2004)

2004
Coyote Lake (2019) 4.6
Coyote Lake (2019) ယူအက်စ် မက်ဆီကို နယ်စပ်မျဉ်းနားက ရေကန်ကြီးတစ်ကန်အနီးမှ ထူးဆန်းသောသားအမိနှစ်ယောက် တရားမဝင်ခိုးဝင်လာတဲ့ မက်ဆီကန်များကို မှောင်ခိုသွင်းပေးနေတဲ့ လမ်းကြောင်းမှာ ဖွင့်ထားသော တည်းခိုခန်း တည်းခိုခန်းမှာ လာတည်းတဲ့ သူတွေ မကြာခဏ ပျောက်ပျောက်နေရခြင်းရဲ့ အကြောင်းအရင်းအစစ်အမှန် အဆိုပါတည်းခိုခန်းကို မမျှော်လင့်ဘဲ ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့ ဒီဘဝကနေရုန်းထွက်ဖို့ ကြိုးစားနေခဲ့ရသူ အချစ်ဦးကိုဆုံးရှုံးခဲ့ရသူ အက်စတာတစ်ယောက် မိခင်ဖြစ်သူ၏ထူးဆန်းလာမှု တွေကို နားမလည်နိုင်ဖြစ်နေခဲ့ရပြီးနောက် ငွေကြေး ဥစ္စာဓနရဲ့ နောက်ကွယ်က မိခင်၏ စိတ်သဘောထားအမှန်ကို သိလိုက်ရချိန်မှာ ဘယ်လိုဆုံးဖြတ်ချက် ချလိုက်သလဲဆိုတာ ကြည့်ရှူခံစားရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ် အသက် ၁၈ မပြည့်သေးသူများ ကြည့်ရှူရန်မသင့်သည့် ဇာတ်ဝင်ခန်းအချို့ ပါဝင်ပါသည်၊၊ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Nyan Lin Oo ဖြစ်ပါတယ်
movie

Coyote Lake (2019)

2019