Channel Myanmar

Charlie Yeung

Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Dr. Wai in the Scripture with No Words (1996) 5.7
Dr. Wai in the Scripture with No Words (1996) \ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie

Dr. Wai in the Scripture with No Words (1996)

Ashes of Time (1994) 7.2
Ashes of Time (1994) Ashes of Time (1994)===============IMDb Rating - 7.2/10#Unicodeခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူ‌ဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့  လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ...
movie

Ashes of Time (1994)

1994
Kung Fu Jungle (2014) 6.5
Kung Fu Jungle (2014) Kung Fu Jungle (2014) IMDb - 6.5/10_____Rotten 75%  အမှန်အကန်ချတာကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားကို bluray 5.1 CH နဲ့တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်အညွှန်းကတော့ mmmovieguide ကဖြစ်ပါတယ်.. Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက် သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်လိုလျို့ဝှက်ချက်တွေပေါ်ပေါက်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ပါ အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size - 1.13 ...
movie

Kung Fu Jungle (2014)

2014
Seven Swords 6.2
Seven Swords ၂၀၀၅ ခုနှစ်ထွက် တရုတ်သိုင်းကားကောင်းလေးကို တင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....၁၇ ရာစု မှာ အင်အားကြီးထွားနေတဲ့ စစ်ဘုရင် fire.wind ဟာ ရွာတွေဖျက်ဆီးလူတွေသတ်ရင်း ချီတတ်လာနေပါတယ်။ဒါကို တားဆီးချင်တဲ့ အငြိမ်းစားပါးကွက်သား ဖူကျင်းကျူးဟာရွာထဲက တပည့်နှစ်ယောက် နဲ့ အတူ ကောင်းကင်ဘုံတောင်ကပန်းပဲဓားသိုင်းဆရာကြီး ဆီကအကူအညီကို တောင်းခံပါတော့တယ်။ဆရာကြီးက တပည့်လေးယောက်ကို အကူထည့်ပေးပြီး သူတို့ ၇ ယောက်အတွက်ထူးခြားတဲ့ ဓား တစ်ချောင်းစီ ပေးအပ်လိုက်တဲ့အခါ ဓားရဖော်အဖွဲ့ ဖြစ်လာပြီးစစ်ဘုရင်ကြီးရဲ့ တပ်တွေကို အံတုပါတော့တယ်.......ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

Seven Swords

2005
Bangkok Dangerous (2008) 5.4
Bangkok Dangerous (2008) ဂျိုး(နီကိုလတ်ကေ့ဂျ်) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါသူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက်သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ်အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ်ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအဝင် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာမှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။ File Size : 680MB/330MB Quality : 720P Running Time : 1h 39min Format : Mp4 Genre : ...
movie

Bangkok Dangerous (2008)

2008