Channel Myanmar

Choi Deok-moon

Bad Guy (2001) 6.6
Bad Guy (2001) Bad Guy (2001)တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ...
movie

Bad Guy (2001)

2001
Black Money(2019) 6.5
Black Money(2019) Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie

Black Money(2019)

The King’s Letters (2019) N/A
The King’s Letters (2019) (Unicode)ဒီတစ်ခါ မိတ်ဆက်ပေးလိုက်တာကတော့ 2019 ခုနှစ်မှာ အသစ်စက်စက် ထွက် The King's Letter ဆိုတဲ့ ကိုရီးယားရာဇဝင်ကားကောင်းလေးပါကိုရီးယားအက္ခရာတွေ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ ဇာတ်လမ်းမျိုးစုံရှိတဲ့အထဲကနေမှ တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာပါဂျိုဆွန်းပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာကနေ ကွန်ဖြူးရှပ်ဝါဒီဖြစ်သွားတဲ့ ကာလအတွင်း ဖြစ်ခဲ့တာပါမင်းကြီးဟာ တရုတ်အက္ခရာကိုပဲ အသုံးပြုနိုင်ပြီး တရုတ်လက်အောက်ခံနိုင်ငံတစ်နိုင်ငံအဖြစ် နေရတာကို စိတ်ပျက်နေပြီး ကိုယ်ပိုင်အက္ခရာ တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်တစ်နေ့တော့ ဂျပန်ဘုန်းကြီးတွေဟာ ဂျိုဆွန်းရဲ့ ရတနာဖြစ်တဲ့ တိပိဋကမူရင်းစာအုပ်တွေကို လာတောင်းရာမှ မင်းကြီးကိုယ်တိုင် မငြင်းသာတော့တဲ့အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက ကူညီဖြေရှင်းခဲ့ပါတယ်ဒီကနေ အစပြုလို့ ကိုယ်ပိုင်အက္ခရာ တီထွင်နိုင်မယ့် လမ်းစကို တွေ့ခဲ့ပြီး ကြိုးစားခဲ့ပုံကို ရိုက်ကူးပြထားပါတယ်ကွန်ဖြူးရှပ်ဝါဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့အတူ အက္ခရာ တီထွင်ရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်ကိုရီးယားတွေရဲ့ ထုံးစံအတိုင်း ရာဇဝင်ကားတွေကို ပီပြင်အောင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ညွှန်းပေးပါရစေဇာတ်လမ်းအညွှန်းနဲ့ ...
movie

The King’s Letters (2019)

2019
Once in a Summer (2006) 7.3
Once in a Summer (2006) Once in a Summer (2006)_____IMDb - 7.3/10  အခုတစ်ခါတော့ ၂၀၀၆ ခုနှစ်ကထွက်ထားပြီး IMDb 7.3 ရထားတဲ့ ကိုရီးယား Drama ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သူတွေကတော့ မင်းသားကြီး Lee Byung Hyun နဲ့ နာမည်ကြီး မင်းသမီးကတော့ Soo Ae ဖြစ်ပါတယ် မင်းသားမင်းသမီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဒီကားလေးကို ဘာသာပြန်ပေးခဲ့တာကတော့ မီးမီး ပါ ဇာတ်လမ်း အကျဉ်းလေးကတော့ Tv producer ရဲ့ လက်ထောက် ဖြစ်သူ က သူ့ရဲ့ ပရောဖက်ဆာကြီးနဲ့ မေးခွန်းအမေးအဖြေအစီအစဉ်တစ်ခုလုပ်ဖို့ ကတိထား ခဲ့ကြပြီး အဲ့ အစီအစဉ်ကလဲ တကယ်ကို နာမည်ကြီးသွား နိုင်ပါတယ် ဒါပေမဲ့ အဲ့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲပြီးတော့ မေးခွန်းတိုင်းအတွက် အဖြေတွေက အလိမ်တွေ ဖြစ်လာတဲ့ အခါမှာတော့  ဘယ်လိုနာကြည်းစရာအတိတ်များ ရှိခဲ့လို့လဲ ကဲ ...
movie

Once in a Summer (2006)

2006