Channel Myanmar

Choi Won-young

Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)

[18+] Sex Is Zero(2002) 6.6
[18+] Sex Is Zero(2002) (Blu-Ray 1080p Update Version) ဒီဇာတ်ကားဟာ နာမည်ကြီး ကိုရီးယားကျောင်းသား ဟာသဇာတ်ကားဖြစ်ပါတယ်။မင်းသား Im Chang‑jung ရဲ့မှတ်တိုင်ဇာတ်ကားဖြစ်သလို မင်းသမီး ဟာဂျီဝန်ရဲ့ နာမည်ကျော်ဇာတ်ကားလဲဖြစ်ပါတယ်။ခပ်ပေါပေါခပ်ချာချာ လုပ်ချင်ရာလုပ် နေချင်သလိုနေတတ်ပေမယ့် သာမန်လူသားတွေထက် နူးညံ့တဲ့နှလုံးသားနဲ့ Eun Sik…ငွေကြေးနဲ့ရုပ်ရည်မှာနှစ်မြောပြီး တစ်ဘဝလုံးပေးဆပ်ခဲ့ပေမယ့် လူသားမဆန်တဲ့လူတစ်ယောက်ကြောင့် ဒုက္ခတွေ့ရတဲ့ Eun‑hyo Lee..သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုတွေ…သူတို့နှစ်ယောက်ရဲ့ အံသြဖွယ် ဂန္တဝင်သူငယ်ချင်းတွေနဲ့ ကျောင်းသားဘဝ…စတာတွေကိုအခြေပြုလို့ချစ်ခြင်းကိုမေးခွန်းထုတ်ပေးခဲ့တဲ့ဇာတ်ကား………။ကျွန်တော့်အတွက်တော့ အမြဲသတိရနေမယ့်ဇာတ်ကား…ကိုရီးယားဇာတ်ကားတွေကို စတင်နှစ်သက်စေခဲ့တဲ့ဇာတ်ကား….ဒီဇာတ်ကားကို ကျွန်တော်ပဲရမ်းသမ်းဘာသာပြန်ပြီးတင်ဆက်လိုက်ပါတယ်။ အားပေးကြည့်ရှုကြပါဦး။ -Zawgyi-ဒီဇာတ္ကားဟာ နာမည္ၾကီး ကိုရီးယားေက်ာင္းသား ဟာသဇာတ္ကားျဖစ္ပါတယ္။မင္းသား Im Chang‑jung ရဲ႕မွတ္တိုင္ဇာတ္ကားျဖစ္သလို မင္းသမီး ဟာဂ်ီဝန္ရဲ႕ နာမည္ေက်ာ္ဇာတ္ကားလဲျဖစ္ပါတယ္။ခပ္ေပါေပါ ခပ္ခ်ာခ်ာ လုပ္ခ်င္ရာလုပ္ ေနခ်င္သလိုေနတတ္ေပမယ့္ သာမန္လူသားေတြထက္ ႏူးညံ့တဲ့ႏွလံုးသားနဲ႕ Eun Sik …ေငြေၾကးနဲ႕ရုပ္ရည္မွာႏွစ္ေျမာျပီး တစ္ဘဝလံုးေပးဆပ္ခဲ့ေပမယ့္ လူသားမဆန္တဲ့လူတစ္ေယာက္ေၾကာင့္ ဒုကၡေတြ႕ရတဲ့ Eun‑hyo Lee..သူတို႕ႏွစ္ေယာက္ရဲ႕ပတ္သက္မႈေတြ…သူတုိ႕ႏွစ္ေယာက္ရဲ႕ အံၾသဖြယ္ ဂႏၱဝင္သူငယ္ခ်င္းေတြနဲ႕ ေက်ာင္းသားဘဝ…စတာေတြကိုအေျချပဳလို႕ခ်စ္ျခင္းကိုေမးခြန္းထုတ္ေပးခဲ့တဲ့ဇာတ္ကား………။ကြ်န္ေတာ့္အတြက္ေတာ့ အျမဲသတိရေနမယ့္ဇာတ္ကား…ကိုရီးယားဇာတ္ကားေတြကို စတင္ႏွစ္သက္ေစခဲ့တဲ့ဇာတ္ကား….ဒီဇာတ္ကားကို ကြ်န္ေတာ္ပဲရမ္းသမ္းဘာသာျပန္ျပီးတင္ဆက္လိုက္ပါတယ္။ အားေပးၾကည့္ရႈၾကပါဦး။  File size…(1.7 GB) ...
movie

[18+] Sex Is Zero(2002)

2002