Channel Myanmar

Chris Sarandon

My Sassy Girl (2008) 6.3
My Sassy Girl (2008) ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie

My Sassy Girl (2008)

2008
1080p Untouched
The Nightmare Before Christmas (1993) 8.0
The Nightmare Before Christmas (1993)  ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ဇာတ်ကားနာမည်လေးကတော့ The Nightmare BeforeChristmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေသန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်းiMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တနေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြားမတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာကခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ...
movie

The Nightmare Before Christmas (1993)

1993
4K HEVC
Fright Night (1985) 7
Fright Night (1985) Fright Night (1985)~ IMDb - 7/10, RT - 82%, Meta - 62% ~2011 မှာထွက်ခဲ့တဲ့ Fright Night ကားကို လူတော်တော်ကြိုက်ကြသလို တော်တော်များများလည်း ကြည့်ပြီးလောက်ကြပါပြီ။ ခုကားကတော့ အဲဒီ 2011 ကားရဲ့ မူလပထမ ကလပ်စစ်စာရင်းဝင် Fright Night ကားပါပဲ။ ဇာတ်ဝင်ခန်းတွေက Reboot ကားထက် တော်တော်လန့်စရာကောင်းတာတွေပါသလို Best Horror Film Award တွေကိုလည်းရရှိထားပါတယ်။ Classics တွေကို Remake တွေ ဘယ်လိုရိုက်ရိုက် ကျော်လို့မရနိုင်တဲ့အကြောင်း နောက်ထပ်ဥပမာတစ်ခုလို့လည်း တစ်ချို့က ဆိုကြတယ်။ ခေတ်ဟောင်းပေမဲ့လည်း အထူးပြုလုပ်ချက် Practical Effects တွေက သဘာဝကျကျနဲ့ ကျောချမ်းဖို့ကောင်းနေတယ်လို့လည်း ဆိုကြတယ်။ Fright Night ကားကို ကြိုက်ခဲ့ကြတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့၊ ...
movie

Fright Night (1985)

1985
Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012
The Princess Bride (1987) 8.1
The Princess Bride (1987) IMDb- 8.1 Genre- Fantasy/ Romance အချစ်​ရိုမက်​တစ်​ကားကောင်းလေးတွေကိုကြိုက်​တတ်​တဲ့သူများတွက်​ ကားကောင်းလေးတကားနဲ့မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ ကားနာမည်​လေးကတော့ The Princess Bride လို့ အမည်​ရတဲ့နာမည်​ကြီးကားလေးပဲဖြစ်​ပါတယ်​။ ဒီကားဟာ 1987 ခုနှစ်​ကထွက်​ရှိခဲ့တာဖြစ်​လို့ ကြာညောင်းလှပြီးလို့ထင်​ရပေမဲ့လည်း အခုထိတိုင်​ကြည့်​ရှုသူတွေကို ဖမ်းစားနိုင်​ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်​တချက်​ကတော့ ဒီကားကို နာမည်​ကြီးအမေရိကန်​ဇာတ်​ညွှန်းရေးဆရာလည်းဖြစ်​ စာရေးဆရာလည်းဖြစ်​တဲ William Goldman ရဲ့ဝတ္တုဖြစ်​တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်​ကူးထားခြင်းကပဲ ဒီကားကိုနာမည်​ပိုကြီးစေခဲ့ပါတယ်​။ ဇာတ်​လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်​ချောမောလှပတဲ့ကောင်​မလေး တယောက်​နဲ့ သူမရဲ့ချစ်​သူကောင်​လေးတို့စစ်​ပွဲတွေကြားမှာ ဘယ်​လိုသူတို့ရဲ့အချစ်​ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်​ဖြစ်​နေတဲ့တိုင်းပြည်​တွေကိုပြန်​လည်​ပေါင်းစည်းအောင်​ လုပ်​ဆောင်​ခဲ့ကြပုံကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ......... ဒီကားလေးဟာ ဝင်​ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်​ပီးတော့ အချစ်​စစ်​အချစ်​မှန်​အကြောင်းရိုက်​ကူးထားတာဖြစ်​လို့ ကြည့်​ရှု့သင့်​တဲ့ကားတကားဖြစ်​ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
movie


1987