Channel Myanmar

Christian Stolte

The Unseen (2023)
The Unseen (2023) The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie

The Unseen (2023)

2023
A Nightmare on Elm Street 2010 5.2
A Nightmare on Elm Street 2010 Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ် ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင် အပြင်မှာ တကယ်သေသွားရတယ်…. သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ…. အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ် သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း : ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့ ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်.. တကယ်လိုခံစားနေရတဲ့အကြောင်း လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ် တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ် နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်.. တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့ ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ.. ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့ စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့ ဆက်လက်ကြည့်ရှုခံစားကြပါ  Download Here ( 800 MB ) - Google Drive | Openload | MegaUp
movie


2010