Channel Myanmar

Corey Johnson

Ex Machina 2015 7.7
Ex Machina 2015 Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7အထိရရှိထားတဲ့ ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်..... စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ........ ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်....  File size…  5.9 GB / 1.1 GB /  545 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 48m Genre ...
movie

Ex Machina 2015

2015
4K HEVC
The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
Kandahar (2023) 6.1
Kandahar (2023) Kandahar (2023)ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် ...
movie

Kandahar (2023)

2023
4K HEVC
Thick as Thieves (2009) 6
Thick as Thieves (2009) Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသ‌ဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie

Thick as Thieves (2009)

2009
Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL
Radioactive (2019) 7.3
Radioactive (2019) ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie

Radioactive (2019)

2019
A Private War(2018) 6.9
A Private War(2018) A Private War(2018)IMDB 6.8,,,,,Rotten ..... 89ဒီဇာတ်ကားကတော့ အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Marie Colvin အကြောင်းကိုရိုက်ကူးထားတာပါ........သူမဟာ  အများအတွက်အကျိုးရှိစေမယ့် သတင်းမှန်တစ်ခုတင်ပြဖို့အတွက်ဆိုဘာမဆို ရင်ဆိုင်ရဲတဲ့ အာဂသတ္တိခဲသတင်းထောက်တစ်ဦးပါ...အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ စစ်တလင်းတွေကြား သတင်းယူဖို့ ဝန်မလေးသလိုဒီသတင်းကိုတင်ပြဖို့အရေးလည်း လက်မတွန့်တတ်သူတစ်ယောက်ပါ...သူမရဲ့ ရဲဝံမှုတွေနဲ့ အများအကျိုးပြုဆောင်ရွက်ချက်တွေကြောင့် ဂုဏ်ပြုဆုများစွာရရှိခဲ့သလိုသတင်းသမားတွေရဲ့ စံပြအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်..ဒါ့ကြောင့် ဒီဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်...ဒီဇာတ်ကားဟာလည်း ဆု(၂)ဆုနဲ့ အခြားဆု(၇)ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်..ကိုင်း Marie Colvin တစ်ယောက် ဘယ်လိုပြုမူလှုပ်ရှားလဲ..စစ်ပွဲကြားကိုအသက်စွန့်ပြီးဘယ်လို သတင်းယူလဲ....ကိုင်း စစ်အတွင်း ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးကိုကြည့်ရှုချင်တဲ့သူတွေအတွက်ကားကောငး်တစ်ကားပါ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myo ပဲဖြစ်ပါတယ်...File Size : (1GB) and (326 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by May Myo Encoded by Phyo Pyae
movie

A Private War(2018)

2018
Hellboy (2004) 6.9
Hellboy (2004) Hell Boy ဆိုရင် အားလုံး သိကြတဲ့အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစကနာဇီ ခေတ်ကတည်းက လို့ ဆိုရမယ်ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီးငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့် အကြံဆိုးနဲ့ပေါ့ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲအစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ တစ်ဦးကတော့ငရဲတံခါးကနေ ကျွံဝင်လာတဲ့ လူနီကောင်လေး တစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့ပြီး မွေးစားခဲ့ပါတယ်အဲ့ဒီ လူနီကောင်လေးက Hell Boy ဖြစ်လာခဲ့ပြီးငရဲသား လို့ သတင်းစာတွေမှာ အရိပ်အမြွတ် ပါခဲ့ပါတယ်သူဘယ်သူလဲ ဘယ်သူမှ မသိပါဘူးညဘက်တွေမှာ ...
movie

Hellboy (2004)

2004
The Titan (2018) 4.8
The Titan (2018) The Titan (2018)_____IMDb - 4.8/10   ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့....လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။အဲဒီ Titan ဂြိုဟ်က စင်္ကဝြဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။ ကျန်တဲ့ ၈၀% ...
movie

The Titan (2018)

2018
Captain Phillips (2013) 7.9
Captain Phillips (2013) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။IMDB Rating (7.9/10 ) ...
movie

Captain Phillips (2013)