Channel Myanmar

Corey Yuen

Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie

Heart of Dragon (1985)

1985
(18+) Intimate Confessions of a Chinese Courtesan (1972) 7.1
(18+) Intimate Confessions of a Chinese Courtesan (1972) တရုတ်မလေးတွေရဲ့ ခစ်ခစ် ဆိုပြီး ရှက်ပြုံးလေးနဲ့ ပါးစပ်လေးကို လက်လေးနဲ့ကာလိုက်တဲ့ အမူရာလေးတွေက ချစ်ဖို့ကောင်းတာ ငြင်းလို့ရမယ်မထင်ဘူး.....အဲဒီထဲမှာ အေးနုလည်းပါတာပေါ့ အေးနုရဲ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ် တရုတ်ပြည်ကြီးမှာ သူဌေးတွေ ထင်တိုင်းကြံလို့ရတဲ့အချိန် ဥပဒေဆိုတာ ဘောင်မဝင်တဲ့အချိန် အေးနု အပျိုဖေါ်ဝင်စမှာပဲ မသမာသူဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲချင်းကို ခံလိုက်ရပါတယ် ပြန်ပေးဆွဲလို့ရတဲ့ အချောအလှလေးတွေကို လေးရာသီ ဆိုတဲ့နာမည်ကြီး ဆောင်ကြာမြိုင်ကိုရောင်းကြတယ်အေးနုအတွက်တော့ ငရဲတစ်ခုလိုပဲ ဒါပေမဲ့အေးနုက အတော်တော့စိတ်မာတယ် သူရသလောက်ငြင်းဆန်တယ် နောက်ဆုံးတော့ အေးနု နားလည်သွားတာက ဗျူဟာပြောင်းပြီး သူ့ကို ဒီဇာတ်သွင်းသူတွေကို လက်စားချေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် အေးနုရဲ့ လက်စားချေမှုတွေက သိမ်မွေ့ပြီး လိင်ကိစ္စတွေ ပါနေတာဖြစ်လို့ တရုတ်ရှေးဟောင်း အရသာလေးတမ်းတနေတဲ့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.43GB / 720MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Intimate Confessions of a Chinese Courtesan (1972)

1972
The Legend II ( 1993 ) 6.9
The Legend II ( 1993 ) ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK
movie

The Legend II ( 1993 )

The Bodyguard from Beijing: The Defender (1994) 6.5
The Bodyguard from Beijing: The Defender (1994) The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie

The Bodyguard from Beijing: The Defender (1994)

1994
1080p HEVC
Game of Death II (1981) 7.8
Game of Death II (1981) Bruce Lee fan တိုင်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ Bruce Lee ဟာ ဘီလီလိုဆိုတဲ့ ဇာတ်ရုပ်နဲ့ပါ၀င်သရုပ်ဆောင်ထားပြီး မိတ်ဆွေတစ်ယောက်ရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း အသတ်ခံလိုက်ရပြီးနောက်မှာ သူ့ရဲ့ညီက သူ့အတွက်ကလဲ့စားချေတဲ့ပုံစံကိုတွေမြင်ရမှာပါ။ ဇာတ်လမ်းလေးကဒါပါပဲ။ Bruce Lee ပါတာမှ နည်းနည်းလေး။ ဒါဆိုဘာလို့ Burce Lee fan တိုင်းကြည့်သင့်တယ်လို့ပြောတာလဲ။ ဘာလို့ဆို ဒီဇာတ်ကားက သူနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမလို့ပါ။ ပြီးတော့ သူအသတ်ခံလိုက်ရတဲ့အခန်းဟာ အပြင်မှာလည်း တကယ်သေသွားခဲ့တာပါ။ ထူးခြားဆန်းကြယ်တဲ့ Bruce ရဲ့သေဆုံးမှုကို မျက်မြင်ခံစားရမှာပါ။ ပြီးတော့ ဒီရုပ်ရှင်မှာ သူ့ရဲ့စည်ကားသိုက်မြိုက်ပြီးခမ်းနားတဲ့ တကယ့်အသုဘအခမ်းအနားက ပုံရိပ်တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် Burce ဟာ ဘယ်လိုလူလဲဆိုတာ လူတွေသူ့ကိုဘယ်လောက်လေးစားကြတယ် ချစ်ခင်ကြတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကဲအားလုံးပဲ။ ကြီးကျယ်ခမ်းနားတဲ့အက်ရှင်မင်းသားကြီးအတွက် အလွမ်းပြေလေး ကြည့်ရှုခံစားလိုက်ကြပါဦး။File Size -  1.1 gb Quality - 1080p Subtitle -  burmese Translator - Nay Myo Thu Encoder - Thit San Khant
movie

Game of Death II (1981)

1981
Fist of Fury (1991) 6.7
Fist of Fury (1991)  Fist of Fury (1991)IMDB(6.7) ဘရုစလီဇာတ်ကားကို အမှီပြုပြီး စတီဖင်ချောင်ရဲ့ အရသာအပြည့်နဲ့ တင်ဆက်ထားတဲ့ဇာတ်ကားပါ.. Fist of Fury ဇာတ်ကား ၁ နဲ့ ၂ နှစ်ကားထွက်ပါတယ်။ +++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ...
movie

Fist of Fury (1991)

All for the Winner (1990) 6.9
All for the Winner (1990) မင်းသားကြီးစတီဖင်ချောင်ရဲ့  IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။  File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw  
movie

All for the Winner (1990)

1990