Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dan Castellaneta
7.3
Say Anything… (1989)
Say Anything... (1989)~ IMDb - 7.3/10, RT - 98%, Meta - 86% ~Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally... တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally... နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး ...
movie
Say Anything… (1989)
1989
6.8
The War of the Roses (1989)
The War of the Roses (1989)~ IMDb - 6.8/10, Rotten Tomatoes - 83% ~လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ...
movie
The War of the Roses (1989)
1989
8.0
The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ...ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ ...
movie
The Pursuit of Happyness (2006)
2006
4.3
Fantastic Four (2015)
Fantastic Four (2015)_____IMDb - 4.3/10Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒါ့အပြင် Stan က သူ့ရဲ့ အဖွဲ့ကို Secret Identity ...
movie
Fantastic Four (2015)
2015
7.3
The Simpsons Movie (2007)
The Simpsons Movie (2007) IMDB - 7.3/10_____Rotten - 88% ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို ...
movie
The Simpsons Movie (2007)
2007
6.6
Tom and Jerry in Shiver Me Whiskers (2006)
Tom Jerry ကားလေးတွေဆိုကလေးတွေကော လူတိုင်းကောသိကြမှာပါ.... အများအားဖြင့် ကြောင်နဲ့ကြွက်ကားတွေကစကားသိပ်မပြောကြပါဘူး.. ဒါပေမယ့် ဒီကားလေးကတော့ The Movie ပါ.... ပြောပြရမယ်ဆိုရင်တော့ ပင်လယ်ဓားပြကားလေးပဲဖြစ်ပါတယ်.... ကလေးလေးတွေကောလူကြီးတွေပါနှစ်သက်ခဲ့ကြတဲ့ကားလေးပါ... ကြောင်နဲ့ကြွက်ကားလေးတွေဟာ လူတိုင်းကြည့်ရတာကြည်ကြည်နူးနူးနဲ့ကြည့်ကြတဲ့ကားလေးတွေပဲဖြစ်ပါတယ်... ဒီကားလေးတွေကို ကလေးလေးတွေကြည့်ကြတဲ့အပြင် ကျွန်တော်တို့အရွယ်ထိနှစ်နှစ်သက်သက်နဲ့ကို ကြည့်နေဆဲဖြစ်တဲ့ကားလေးတွေပါ... ဒီကားလေးကိုကြည့်ပြီးတဲ့ လူတွေကောမကြည့်ရသေးတဲ့လူတွေကော ပြန်လည်ကြည့်ပြီးတော့ ငယ်ဘ၀တွေကိုပြန်လည်သတိရလိုက်ရအောင်ဗျာ... Quality…..BluRay 720p Duration…..01:14:00 Format…Mp4 File Size…(513 MB) Translator…..Myat Ko Ko Encoder…..Moe Myint Lwin
movie