Channel Myanmar

Dana Carvey

The Secret Life of Pets 2 (2019) 6.5
The Secret Life of Pets 2 (2019)   Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလိုတစ်ဖက်မှာလည်း ယုန်လေး Snowball ဟာအရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲတိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်းသူ့ကို အကူအညီလာတောင်းတဲ့ ...
movie

The Secret Life of Pets 2 (2019)

2019
4K HEVCHDR