Channel Myanmar
Daniel Day-Lewis
The Unbearable Lightness of Being (1988) 7.3
The Unbearable Lightness of Being (1988) The Unbearable Lightness of Being (1988)=============================အချစ်နဲ့ရာဂ ဒီနှစ်မျိုးကိုခွဲခြားနိုင်တာကတော့ယုံကြည်မှုနဲ့သစ္စာရှိမှုတို့ပဲ။သစ္စာမရှိတဲ့အချစ်ဟာ ဆားမပါတဲ့ဟင်းတခွက်လိုပဲဖြစ်နေသလိုရာဂသက်သက်ဟာလည်းပူလောင်မှုတွေပဲရကြတယ် တိုမတ်စ်ဟာချက်နိုင်ငံ ပါရာဂွေးမှာ အထူးကုဆရာ၀န်လေးတယောက်။ပညာမှာတဖတ်ကမ်းခတ်တော်သလိုတဖက်မှာလည်းမိန်းမကျမ်းကျေအရမ်း‌ပွေတဲ့သူ။ဆာဘီနာဆိုတာကတော့ယောကျာ်းတိုင်း‌ငေးရတဲ့အလှအပတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းချီဆရာမလေး။သူ့အတွက်ယောကျာ်းတွေဆိုတာခေါင်းခေါက်ယူလို့ရပေမယ့်တိုမက်စ်ကိုပဲစွဲလမ်းနေမိတဲ့သူ။ တယ်ရီဇာကတော့ အရမ်းချစ်တတ်တဲ့ဇနပုဒ်က စာကြမ်းပိုးဓာတ်ပုံဆရာမလေး။ အမြဲငိုငိုရီရီနဲ့တိုမတ်စ်လိုလူရဲ့ရင်ထဲမှာတောင်အမြဲပူပန်နေရအောင်နုံခြာသူလေးပေါ့။ဒီ၃ယောက်အတွက် ဒီလိုမျိုးခံစားချက်တွေကြားမှာဘယ်လိုဆက်ဖြစ်သွားကြမလဲ။ နိုင်ငံရေးတွေလူမှုရေးတွေကြားထဲမှာတိုမတ်စ်အတွက်ဘယ်သူ့ကိုရွေးချယ်ရမလဲ။  တိုမက်စ်တယောက်ကြောင့်ဆာဘီနာ နဲ့တယ်ရီဇာကြားကရောဘာတွေဆက်ဖြစ်ကြမလဲအဆုံးသတ်မှာရောသူတို့အတွက်ပျော်ရွှင်စရာဘ၀တွေရနိုင်ကြမလားဆိုတာကို The Unbearable lightness of beingဆိုတဲ့အချစ်ဒရာမာကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ....File size…2.89GB / 1.25GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….2h 51m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
The Unbearable Lightness of Being (1988)
The Ballad of Jack and Rose (2005) 6.6
The Ballad of Jack and Rose (2005) The Ballad of Jack and Rose (2005)=========================IMDb Rating - 6.6/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့် ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle) ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။ ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan McDonald) နဲ့ Thaddius (Paul Dano) ...
movie
The Ballad of Jack and Rose (2005)
2005
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
There Will Be Blood (2007) 8.2
There Will Be Blood (2007) There Will Be Blood (2007)====================IMDb Rating - 8.2/10#Unicodeအချိန်ကာလက ၁၈၉၈ ခုနှစ်။ နယူးမက္ကစီကိုရဲ့ ကွင်းပြင်တွေအလည်က မိုင်းတွင်းတွေထဲမှာ ငွေသတ္တု ရှာဖွေနေသူ တစ်ယောက်ကို တွေ့ရတယ်။ ဇွဲနဲ့မာန်နဲ့ တူးနေတဲ့သူ့ရဲ့ လုံ့လအတွက် အဖိုးအခအနေနဲ့ ငွေသတ္တုရိုင်းတစ်ခဲကိုလည်း တွေ့ထားပြီးပြီ။ သူ့အလုပ် ပြီးပြီဆိုတော့ တွင်းပေါ်ပြန်တက်ဖို့ လုပ်တာပေါ့။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ဘယ်ခြေထောက်က ဆာသွားခဲ့တယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကိုတော့ သူရအောင်ပြန်တက်နိုင်ခဲ့တယ်။ သူ့နာမည်က 'ဒန်နီယယ် ပလိန်းဗျူး' တဲ့။နှစ်ဆယ်ရာစုအစောပိုင်းကာလတွေမှာ လူမှုဘဝတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုအရ လောင်စာဟာ ရတနာပစ္စည်းတွေထက် ပိုတန်ဖိုးရှိလာတယ်။ ဒါကြောင့်လည်း ရေနံထွက်မယ်လို့ ယူဆကြတဲ့မြေပေါ်မှာ လူသားတွေဟာ ခြေချင်းလိမ် လာကြတယ်။ တစ်ကယ်တော့ ရေနံတူးဖော်မှုလုပ်ငန်းက အန္တရာယ်များတဲ့အလုပ်မျိုး။ အဲ့ဒီခေတ်ကာလအနေနဲ့ဆို ပိုဆိုးတာပေါ့။ မြေအောက်အလွှာထဲက အနက်ရောင် ရွှေရည်တွေကို မြေပြင်ပေါ်တင်ဖို့ဆိုတာ အန္တရာယ်များသလို စိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတယ်။ ယနေ့ခေတ်လို ခေတ်မှီတူးဖော်ကိရိယာတွေ မရှိတဲ့အတွက် လူအား ကာယအားကိုသာ အသုံးချပြီး မြေအောက် ပေအတော်ကွာတဲ့ တွင်းထဲ ရှူစရာ လေလုံလုံလောက်လောက်မရှိ၊ ဓာတ်ငွေ့ နံ့တွေ လွှမ်းနေတဲ့ကြားထဲမှာ တူးဖော်ကြရတယ်။ ဒါတောင် လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်တဲ့ တွင်းပြိုကျမှုတွေ၊ ဝန်မနိုင်ပဲ ပျက်စီးရာကနေ လူထိခိုက်မှုတွေ မပါသေးဘူး။ ဒါပဲလား၊ ...
movie
There Will Be Blood (2007)
2007
Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie
Gangs of New York(2002)
2002
The Last of the Mohicans (1992) 7.7
movie
1992
Phantom Thread (2017) 7.5
Phantom Thread (2017) Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie
Phantom Thread (2017)
2017