Channel Myanmar

David Chiang

The Legend of Enveloped Demons ( 2022 ) 5.7
The Legend of Enveloped Demons ( 2022 ) “လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ”ဟိုးလွန်ခဲ့တဲ့ နှစ်​ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု......., အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကို အလူးအလဲခံကာနေရပါတော့တယ်အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့ အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့ အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ် ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့ စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ မျ ားစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ် အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့ သူတို့ကိုယ်သူတို့ "မိစ္ဆာနှိမ်နင်းသူ" လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ်"မိစ္ဆာနှိမ်နင်းသူ" သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားက အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့ တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲ သံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲ ဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့ လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလို ကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့ နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့ နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ...
movie

The Legend of Enveloped Demons ( 2022 )

The New One-Armed Swordsman (1971) 7.2
The New One-Armed Swordsman (1971) [Unicode]IMDb - 7.2" လက်တစ်ဖက်ပြတ် ဓားသမား "ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါဓားသိုင်းလောကမှာ ဓားညီနောင်(ဓားနှစ်လက်သိုင်းသမား)ဟု နာမည်ကျော်ကြားပြီး ပြိုင်ဘက်ကင်းနေတဲ့ လေလိ...အရမ်းတော်တဲ့သိုင်းသမားတွေ အထူးသဖြင့်ဓားညီနောင်သိုင်းသမားတွေကို လိမ်လည်မျှားခေါ်ပြီး အကွက်ကျကျ အနိုင်ယူကာ သိုင်းလောကက ထွက်ခွာရအောင်လုပ်တတ်တဲ့ လုံရီကျိ...လေလိဆိုတဲ့ဓားညီနောင်သိုင်းသမားလေးဟာ နာမည်ကျော်ကြားနေတော့ သူရဲကောင်းလုံဟာ သူရဲ့ ဓားနှစ်လက်သိုင်းကို အနိုင်ယူနိုင်မယ့် လက်နက် နဲ့ အကွက်ကျကျအနိုင်ယူပြီးသူ့ဓားသိုင်းကိုသုံးမရအောင်လက်တစ်ဖက်ဖြတ်ခိုင်းကာ သိုင်းလောကကနေ ထွက်ခွာသွားခိုင်းခဲ့ပါတယ်စိတ်ဓာတ်ကျပြီး လူတိုင်းအနိုင်ကျင့်ခံနေတဲ့လေလိဟာ မိတ်ဆွေဓားသိုင်းသမားသူရဲကောင်းဖုန့်နဲ့ဆုံတဲ့အချိန်မှာ...ဘယ်လိုတွေဆက်ကြုံရမလဲသူမေ့နိုင်အောင်ကြိုးစားနေတဲ့ သိုင်းလောကထဲသူပြန်ဝင်မှာလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါ..။လေလိအဖြစ်- David Chiang သူရဲကောင်းလုံအဖြစ်-Ku Feng သူရဲကောင်းဖုန့်အဖြစ်-Ti Lung တို့က ပါဝင်သရုပ်ဆောင်ထားတာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ဖြစ်ပါတယ် ) [Zawgyi]IMDb - 7.2" လက်တစ်ဖက်ပြတ် ဓားသမား "ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် ...
movie


Daisy (2006) 7.5
Daisy (2006) Imdb 7.5 ရရှိထားပြီး မင်းသမီးချော Ji-hyun Jun သရုပ်ဆောင်ထားတဲ့ကိုရီးယား ဒရာမာ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ကိုယ့်ဘဝအတွက်အချစ်ဦးဆိုတာကို ရင်ခုန်စွာစောင့်စားနေတဲ့ပန်းချီဆရာမလေးဟယ်ယောင်း....အမည်မသိလူတစ်ယောက်သူမဆီကိုနေ့တိုင်းပန်းတွေပို့နေခဲ့ပါတယ်တစ်နေ့မှာတော့့ပဲသူမနားကိုတိုက်ဆိုင်စွာရောက်လာခဲ့တဲ့ ဂျောင်ဝူးဂျောင်ဝူးရဲ့တကယ့်ဘဝအမှန်ကရောဘယ်သူလဲသူမဆီကိုပန်းတွေပို့နေခဲ့တာ ဂျောင်ဝူးဖြစ်မလားမမျှော်လင့်ပဲသူမဆီကိုရောက်လာခဲ့တဲ့ ပက်အီသူကရောဘာရည်ရွယ်ချက်ကြောင့်သူမနားကိုရောက်လာခဲ့တာလဲဆိုတာကိုအဖြေရှာရင်း လက်မလွှတ်တမ်းကြည့်သင့်တဲ့ကိုရီးယား ဒရမ်မာဇာတ်ကားလေးတစ်ကားပါ မျက်ရည်ခိုင်မှကြည့်နော်Translated & Review By Ei PyaeEncoded By LK
movie

Daisy (2006)

2006
Seong lung wui (1992) 6.4
Seong lung wui (1992)  1992 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ ၂ကိုယ်ခွဲကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ဟာသ အက်ရှင်ကားလေးဖြစ်ပြီးတော့ဒီကားထဲမှာတော့ ဂျက်ကီချန်းက အမွှာအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဂျက်ကီချန်းပရိတ်သတ်တော်တော်များများက ရင်းနှီးနေမှာဖြစ်ပြီးတော့ပြန်လည်ခံစားချင်တဲ့သူတွေ ပြန်လည်ခံစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ နာမည်ကြီး ပီယာနိုပညာရှင်ကြီး မစ္စတာဂျက်မားရဲ့မိန်းမဟာ ဆေးရုံတစ်ခုမှာ မီးဖွားနေပါတယ် ဒီအချိန်မှာပဲ ဗုံးခွဲသမားလူဆိုးတစ်ယောက်ကဆေးရုံကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မစ္စမား ရဲ့ အမွှာသားလေး ၂ယောက်ထဲက တစ်ယောက်ကိုပြန်ပေးဆွဲသွားခဲ့ပါတယ် ဒီလိုနဲ့ ပြန်ပေးသမားက ပြေးရင်းလွှားရင်းနဲ့  ကလေးကို ဘယ်လို ပစ်ထားခဲ့လဲညီအစ်ကို ၂ယောက်ကွဲသွားပြီး ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720p BlurayDuration - 1hr 44minGern - Action / ComedyTranslator - Real YNWAEncoder - Kyaw Ye Aung
movie

Seong lung wui (1992)

1992
Once Upon a Time in China II (1992) 7.5
Once Upon a Time in China II (1992) ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇ၀င်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ၀မ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်… အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ၀င်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ…. ဒီ ရုပ်ရှင်ကားကို Channel Myanmar Translator ဖြစ်သူ Jin Jin မှ ဘာသာပြန်ပေးထားပါတယ်… File Size : 900 MB /350 ...
movie

Once Upon a Time in China II (1992)

1992
From Vegas to Macau II (2015) 4.6
From Vegas to Macau II (2015) From Vegas to Macau II (2015)_____IMDb - 4.6/10   ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။ မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။ ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ ...
movie

From Vegas to Macau II (2015)

2015