Channel Myanmar

David Pittu

Our Son (2023)
Our Son (2023) Our Son (2023)~ Rotten Tomatoes - 58%, Meta - 86% ~ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ... သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား... ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။နစ်ကီကလည်း အို၀မ်ကို မပေးနိုင်... ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ...၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား... အို၀မ်အတွက် ...
movie

Our Son (2023)

2023
King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
(18+)Shortbus (2006) 6.4
(18+)Shortbus (2006) LGBT(Lesbian, Gay, Bisexual, Transsexual) တွေ Straight တွေ ရောသမမွှေထားတဲ့ ဇာတ်ကားလေးလာပါပြီ ဆိုဖီယာဆိုတာ လိင်မှုကုထုံးမှာ အရမ်းတော်တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် သူမမှာ သိပ်ချစ်ရတဲ့ ယောင်္ကျား ရော့ဘ်ဆိုတာရှိတယ် သူမအလုပ်ကိုသူမ ကျွမ်းကျင်ပေမဲ့ သူမရောဂါကိုတော့ အဖြေမရှာနိုင်ဘူးဖြစ်နေပါတယ် သူမက တစ်ခါမှ ဆန္ဒမပြီးမြောက်ဖူးပါဘူးတဲ့ ဒါပေမဲ့ သူမယောင်္ကျားကို မပြောပြပါဘူး မျိုသိပ်ထားခဲ့တာကြာပါပြီ သူမအိမ်ထောင်ရေးကို အပျက်စီးမခံနိုင်ဘူးလေ ရော့ဘ် စိတ်ထိခိုက်ပြီး မကျေနပ်ဖြစ်မှာကိုလဲ သူမလိုလားဘူးလေ….ဂျိမ်းစ် နဲ့ ဂျမီ သူတို့ကတော့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ် သူတို့က ထူးဆန်းတဲ့ ကိစ္စတစ်ခုကို နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒါကတော့ Open Relationship လုပ်ဖို့ပါပဲ အဲဒီကိစ္စအတွက် ချစ်မှုရေးရာကျွမ်းကျင်တဲ့ ဆိုဖီယာဆီမှာ အကြံဉာဏ်လာယူပါတယ် စကားတွေပြောကြရင်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိရှိသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီ ပေးကြတဲ့အထိဖြစ်လာကြတဲ့အခါ…နယူးရော့ခ်မှာ Shortbus ဆိုတဲ့ သီးသန့်ဂေဟာလေးရှိတယ် အဲဒီကဘာတွေရလဲဆိုရင် လူကြီးကိစ္စအကုန်ရပါတယ် အလွယ်ပြောရရင် ပွဲတော်ကြီးကျင်းပတဲ့ ဗလာကွင်းကြီးပေါ့ အဲဒီမှာဆုံဖို့ ဆိုဖီယာကို ကမ်းလှမ်းလိုက်တဲ့အခါမှာတော့…. ရှုပ်ထွေးပွေလီလှတဲ့ လိင်မှုကိစ္စတွေမှာ ရှင်းလင်းဖို့လိုတယ်ဆိုတာရယ် ကိုယ့်စိတ်ကြိုက် ကိုယ်ဘာသာနေနိုင်အောင်ကြိုးစားဖို့ရယ် ဖုံးကွယ်လို့မရတာကို ကြိုးစားပြီးဖုံးကွယ်ပေမဲ့ အချိန်အတိုင်းတာတစ်ခုထိသာ ဖုံးကွယ်လို့ရတာပါပဲဆိုတာရယ်တွေကို ဘာ ဆင်ဆာမှမဖြတ်ပဲ ကွက်ကွက်ကွင်းကွင်း အတုံးလိုက် ...
movie

(18+)Shortbus (2006)

2006