Channel Myanmar

David Strathairn

The Uninvited (2009) 6.3
The Uninvited (2009)  The Uninvited (2009) ================= IMDb - 6.3/10ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး ...
movie

The Uninvited (2009)

The River Wild (1994) 6.5
The River Wild (1994) The River Wild (1994)~ IMDb - 6.5/10, Rotten Tomatoes - 57% ~ဒီကားလေးကတော့ Adventure Thriller ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ဆိုရင်လည်း Mamma Mia တို့၊ The Devil Wears Prada တို့လိုကားတွေနဲ့ထင်ရှားတဲ့ ဂန္ထဝင်မင်းသမီးကြီး Meryl Streep နဲ့ Thriller ဇာတ်ကားနဲ့ ဗီလိန်ဇာတ်ရုပ်‌တွေမှာ ပိုင်နိုင်လှတဲ့ Kevin Bacon တို့ဆိုတော့ အရွေးမမှားလောက်စေမယ့်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ သားအမိသားအဖသုံး‌ယောက် အပျော်တမ်းလှေစီးထွက်လာရင်း လမ်းမှာ သူစိမ်းနှစ်ယောက် ဒုက္ခရောက်နေတာကိုတွေ့လို့ကူညီကြပါတယ်။ ဒါပေမဲ့ အဲဒီသူစိမ်းနှစ်ယောက်က သာမန်လူတွေမဟုတ်ဘဲ ဓါးပြတိုက်ပြီးပြေးလာတဲ့သူတွေဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့အသက်ကိုရန်ရှာလာတဲ့နောက်မှာ သူတို့သုံးယောက် တောတောင်အထဲ မြစ်လယ်မှာ မြစ်အန္တရာယ်ကတစ်ဖက် လူဆိုးတွေအန္တရာယ်ကတစ်ဖက် ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရင်တဖိုဖို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

The River Wild (1994)

1994
The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
Where the Crawdads Sing (2022) 7.1
Where the Crawdads Sing (2022) Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie

Where the Crawdads Sing (2022)

2022
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
My Blueberry Nights (2007) 6.6
My Blueberry Nights (2007)  My Blueberry Nights ================ IMDb - 6.6 but A Wong Kar Wai's Filmပွတ်ချွန်းလိပ်သောက်ရတာကြိုက်တဲ့ လူငယ်လေးတစ်‌ယောက်မှာ အိပ်မက်‌တွေအများကြီးရှိခဲ့တယ်။ အများအားဖြင့်တော့ သံတူစာတူကြောင်းကွဲဖြစ်တဲ့ အိပ်မက်နဲ့ အိပ်မက်ဟာ တကယ်တမ်းမထူးလှပါဘူး။ တစ်ခုကရောက်အောင်သွားရပြီး တစ်ခုက ရောက်လာတာ စောင့်ဆိုင်းရပေမဲ့ ဒီစကားလုံးနှစ်လုံးစလုံးဟာ အခိုးအငွေ့ဆန်တယ်။ ဦးဆုံးကတော့ သူဟာ အောင်မြင်မှုဆိုတဲ့ အိပ်မက်နောက်လိုက်ခဲ့တာပဲ။ အဆုံးသတ်မှာ ချစ်ခြင်းဆိုတဲ့ အိပ်မက်ကလေးကို သူစောင့်စားခဲ့တယ်။ ချစ်ခြင်း နောက်ကို လိုက်လို့မရဘူးလားဆိုတဲ့ အမေးတော့ ရှိမှာပဲ။ လိုက်ကြည့်ပါလေ။ စောင့်ဆိုင်းရတဲ့အရာမှန်း မသိခင် တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းနောက်ကို အားလုံး လိုက်ခဲ့ကြဖူးမှာပဲ။ အိပ်မက်ကလေး ပြန်အလာကို လူငယ်ကလေးဟာ စားသောက်ဆိုင် ကလေးဖွင့်ပြီး စောင့်စားခဲ့တယ်ပေါ့။ လမ်းပျောက် လူချင်းကွဲသွားကြတဲ့အခါ သူပြန်လာရှာတဲ့အခါကို ရပ်စောင့်နေခြင်းဟာ အကောင်းဆုံးအရာလို့ သူမှတ်ယူခဲ့တယ်။ ဆိုင်ကလေးရဲ့ ညတွေအဆုံးမှာ ချိစ်ကိတ်တွေ ပန်းသီးပိုင့်မုန့်တွေဟာအမြဲ အကုန် ကုန်သွားတယ်။ချောကလက်ကိတ်ဆို ကုန်လုနီးပါးပဲ။ ဒါပေမဲ့ ဘလူးဘယ်ရီပိုင့်မုန့်တွေက အရာမယွင်းပဲ အမြဲကျန် နေတတ်တယ်။ ဒီတော့ ဘလူးဘယ်ရီ ...
movie

My Blueberry Nights (2007)

Nomadland (2020) 7.7
Nomadland (2020) Nomadland (2020) ======================IMDb Rating- 7.7/10 Rotten Tomatoes- 96%ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး‌ ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ ‌မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ်တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ)  Translated by Daniel ...
movie

Nomadland (2020)

2020
Walkaway Joe(2020) 6.3
Walkaway Joe(2020) Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့  အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Walkaway Joe(2020)

An Interview with God (2018) 5.4
An Interview with God (2018) ဒီတစ်ခေါက်တော့ မင်းသားချောလေး Brenton Thwaites ရဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က An Interview with God (2018)ပါ။ဘာသာရေးဆိုင်ရာကားကောင်းလေးတစ်ကားဖြစ်ပြီးဘုရားသခင်နဲ့ အပြန်အလှန် အင်တာဗျူးလုပ်နေသလို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းလေးအကျဉ်းကတော့အာဖဂန်နစ္စတန်စစ်မြေပြင်မှာသတင်းသွားယူနေတဲ့သတင်းတပ်သားလေး ပေါလ်အာရှာ...ဘာသာတရားလိုက်စားသူဖြစ်ပေမယ့် စစ်မြေပြင်ရဲ့ ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကနေဘုရားသခင်အပေါ်ယုံမှားသံသယဝင်လာပါတော့တယ်။စစ်မြေပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာလဲ အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေချိန်မှာသူ့ဆီကို အင်တာဗျူးတစ်ခုလုပ်ဖို့ကမ်းလှမ်းလာပါတော့တယ်။အဲဒီအင်တာဗျူးမှာ ဘုရားသခင်နဲ့မေးခွန်းထုတ်ကြမှာပါ။လူသားတိုင်းသိချင်နေတဲ့မေးခွန်းတွေကိုပေါလ်တစ်ယောက်မေးပေမယ့်ဘုရားသခင်ကတော့ပေါလ်ရဲ့ ဘဝကိုပဲအခြေခံကာမေးခွန်းတွေကိုပညာသားပါပါဖြေဆိုပုံတွေကို ဒီကားလေးထဲမှာတွေ့မြင်ရမှာပါ။Imdb 5.4/10 ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့An Interview with God (2018) ပါ။ရှားရှားပါးပါးဘာသာရေးကားလေးကိုChannel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File Size : (850 MB) and (287 MB) Quality : WebDL 720p Format…mp4 Duration…1 hr 37 min Genre : Dama , Mystery Subtitle : ...
movie


2018
My Dinner With Hervé (2018) 7.2
My Dinner With Hervé (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့"My dinner with Hervé"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းက IMDb 7.2 ထိရရှိထားတာကြောင့်ဇာတ်လမ်းကောင်းဆိုပြီး အထူးညွှန်းစရာတောင်မလိုတော့ပါဘူး...ဒီဇာတ်လမ်းမှာတော့ "Fifty Shades of Grey"ဇာတ်လမ်းမှာChristian Grey အနေနဲ့ သရုပ်ဆောင်ထားတဲ့မင်းသား Jamie Dornan လဲပါဝင်ပါတယ်...ဒီဇာတ်လမ်းက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ လူပုမင်းသား"Hervé Villechaize" အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပါတယ်...Hervé ဟာ ငယ်စဉ်ကတည်းက အရွယ်မကြီးနိုင်တဲ့ရောဂါဝေဒနာခံစားခဲ့ရပါတယ်...မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အဖြစ်ဆိုးကို ကြည့်ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်...ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Hervé ရဲ့ဖခင်ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ သားလူကောင်ကြီးလာဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး...Hervé ဟာ ကျောင်းတက်တဲ့အချိန်ရောက်တော့လည်းအတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်...Hervé ဟာ ပန်းချီပညာလေ့လာခဲ့ပါတယ်...နောက်ပိုင်းမှာတော့ သူဟာသရုပ်ဆောင်အနေနဲ့ အောင်မြင်ခဲ့ပါတယ်... ...
movie

My Dinner With Hervé (2018)

2018
The Firm (1993) 6.8
The Firm (1993) The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75%     Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့  သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie

The Firm (1993)

1993
A League of Their Own (1992) 7.2
A League of Their Own (1992)  မင်းသားကြီး တွမ်ဟန့် ရဲ့ ၁၉၉၂ လောက်က ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားထဲမှာ တွမ်ဟန့် ရဲ့ ငယ်ရုပ်ကိုတွေ့မြင်ရမှာဖြစ်ပြီး သူ့ကားတွေရဲ့ ထုံးစံ အတိုင်း ကောင်းမကောင်းကိုတော့ မပြောတော့ပါဘူးဗျာ ဇာတ်ကားလေးက ဒုတိယ ကမ္ဘာစစ် ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးညီအစ်မ နှစ်ယောက်ကြားထဲက ပြသနာလေးတွေ မိသားစု ပြသနာလေးတွေကိုဟာသလေးနှောပြီး ရိုက်ပြထားတာမို့ Drama ကားပေမယ့် မပျင်းရပဲ ကြည့်ကြရမှာဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ ဒေါ့တီ နဲ့ ကစ် ဟာ ဘေ့စ်ဘော အားကစားကို နှစ်သက်ကြသူတွေဖြစ်ပြီး သူတို့  ဟာ ကျောင်း ပြိုင်ပွဲတွေမှာလဲ အသင်းရဲ့ အားထားရတဲ့သူတွေဖြစ်ပါတယ်ဒီလိုနဲ့ တစ်ခေါက်မှာတော့ သူတို့ ရဲ့ အသင်းက အမူးသမား နည်းပြ ကြောင့် သူတို့ အသင်းအကျဉ်းအကျပ်ထဲကိုရောက်လာတဲ့ အခါမှာတော့ သူတို့ ညီအစ်မနှစ်ယောက် ဘယ်လောက်ထိရုန်းကန်နိုင်ကြမလဲ ဘယ်လို လူမှုရေးပြသနာလေးတွေကို ကောဘယ်လို ဖြေရှင်းကြမလဲ ဆိုတာတွေကိုတော့ပရိတ်သတ်ကြီးက ကြည့်ကြရမှာဖြစ်ပါတယ် ဗျQty - 720p BlurayDuration - 2hr 8minGern - Comedy/ ...
movie


1992
November Criminals (2017) 5.3
November Criminals (2017) November Criminals ဆိုတဲ့စကားလုံးလေးက ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ စစ်ပြေငြိမ်းရေးစာချုပ်ကို ဂျာမန်ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားထဲကနေ လက်မှတ်ရေးထိုးလိုက်ကြတဲ့ ဂျာမန် အစိုးရခေါင်းဆောင်တွေကို ရည်ညွှန်းပြီး ခေါ်ဆောင်ခဲ့တဲ့စကားလုံးလေးပါ။အဓိကသဘောတရားကတော့ “နောက်ကျောကို ဓါးနဲ့ထိုးတဲ့သူတွေ"လို့ ရည်ညွှန်းချင်တာပါ။အခု Noverber Criminals ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအဖြစ် baby driver ကားရဲ့မင်းသား Ansel Egort နဲ့ မင်းသမီးလေး  Choloe Grace Moretz တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာကတော့ The Terminal, Henery’s crime,Hitch ဇာတ်ကားနေတဲ့လူသိများခဲ့တဲ့ စာရေးဆရာဒါရိုက်တာ Sacha Gervasi ကရိုက်ကူးတင်ဆက်ထားပေးပြီး IMbD rating 5.4 ရထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ချီကာဂိုတက္ကသိုလ်မှာ ဂန္တ၀င်စာပေတွေ ဆက်လက်သင်ကြားချင်တဲ့ တက်တက်ကြွကြွလူငယ်လေး အက်ဒီဆန်(Ansel Egort) နှင့် ဆယ်ကျော်သက်အရွယ် အပျိုစင်လေး ဖီလ်ဘီး ...
movie

November Criminals (2017)

2017