Channel Myanmar

Demián Bichir

The Nun (2018) 5.6
The Nun (2018) ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲ ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ် Rating အနေနဲ့ကတော့IMDb 5.7 ဖြစ်ပြီး Rotten Tomatoes မှာ 26% ရထားပါတယ် ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်  
5.6
IMDB: 5.6/10 56,087 votes
movie

The Nun (2018)

2018
Blu-Ray 1080p
Alien: Covenant (2017) 6.7
Alien: Covenant (2017)     ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။   ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။   Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။   အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား ...
6.7
IMDB: 6.7/10 99,279 votes
movie

Alien: Covenant (2017)

2017
Blu-Ray 720p
The Heat(2013) 6.6
The Heat(2013) The Heat(2013) IMDb....6.6 ဒီတစ်ခါတော့ 21 Jump Streetတို့ 22 Jump Streetတို့လို ရယ်ရတဲ့ အသွင်ယူမူးယစ်ဆေးစုံစမ်းတဲ့ ရဲစုံထောက်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲက Main Castတွေကတော့ မကြာသေးခင်က အရမ်းအောင်မြင်ခဲ့တဲ့ Bird Boxထဲက မင်းသမီးကြီး Sandra Bullockနဲ့ Spy(2015)မှာ အူတက်အောင်ရယ်ရခဲ့တဲ့ Mellisa Maccathy ပါ။. Sandra Bullockရဲ့ ဇာတ်ကောင် Asburnဟာ တော်ပေမဲ့ ထက်မြက်တဲ့မိန်းမသိပ်လုပ်ချင်တဲ့ စာအုပ်ကြီးသမား Agentတစ်ယောက်ဖြစ်ပြီး ရာထူးတက်ဖို့အလို့ငှါ မူးယစ်ဆေးဘုရင်တစ်ယောက်ကို ဖမ်းဖို့အတွက် Mullinsဆိုတဲ့ လူမှန်လူဖြောင့် ဇွတ်တရွတ်လုပ်တတ်တဲ့ ရဲစုံထောက်မနဲ့ တွဲလုပ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားမှာ လုံးဝကို စာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့ အေးဂျင့်မတစ်ယောက်နဲ့ စည်းတွေဘောင်တွေ မရှိတဲ့ ရဲမေတစ်ယောက်ရဲ့ အတွဲမညီတဲ့ ဗရုတ်သုတ်ခ အမှုလိုက်ခြင်းတွေကို ကျွန်တော်တို့ ကြည့်ပြီး နင်းကန်ရယ်ကြရမှာပါ။ ဟာသကားဆိုပေမယ့် သူတို့ (၂)ယောက်လုံးဟာ ထက်မြက်တဲ့အရည်အချင်းကိုယ်စီရှိကြလို့ ငပေါကားမဟုတ်ဘူးဆိုတာလေးကိုသတိချပ်စေချင်တယ်.... ဟာသကားမျိုးလည်းသဘောကျတယ် ..မှုခင်းစုံထောက်လိုမျိုးတွေလည်း နှစ်ခြိုက်တယ်ဆိုရင်တော့ ဒေါင်းကြည့်သင့်ပါကြောင်း..... IMDB 6.6 ရထားပြီး စကားလုံးတစ်ချို့ ဟာသတစ်ချို့က R rate ရထားတာလေးတော့တော့ သတိပြုစေချင်တယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးထားပါတယ်.... File Size : (952 MB) and (378 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : ...
6.6
IMDB: 6.6/10 151,310 votes
movie

The Heat(2013)

2013