Channel Myanmar

Dev Patel

The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
The Best Exotic Marigold Hotel (2011) 7.2
The Best Exotic Marigold Hotel (2011) The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie

The Best Exotic Marigold Hotel (2011)

2011
The Green Knight (2021) 7.4
The Green Knight (2021) The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie

The Green Knight (2021)

2021
The Personal History of David Copperfield (2019) 6.3
The Personal History of David Copperfield (2019) The Personal History of David Copperfield (2019)====================================IMDb Rating - 6.3/10Rotten Tomatoes – 94 %#Unicodeဒီဇာတ်ကားက အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရဲ့ ဂန္ဓာဝင်ဝတ္ထုတွေထဲကတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းဖန်တီးထားတာဖြစ်ပါတယ်။ ဒေးဗစ်ကိုပါဖီး တစ်ယောက် ဟာ ငယ်စဉ်က ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာရပြီး အပူအပင်မရှိဖြတ်သန်းလာခဲ့ရတာပါ ။ မွေးကတည်းက အဖေဆိုတာကို နာမည်သာကြားခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ မိခင် ကလာရာကိုပါဖီးကကြွယ်ဝချမ်းသာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက်လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သာယာပျော်ရွှင်နေတဲ့ ဒေးဗစ်တို့ဘဝကို မုန်တိုင်းတစ်ခုကျရောက်ပါတော့တယ် ။ ဒေးဗစ်ရဲ့အမေဟာအသက်ငယ်ရွယ်တဲ့သေးတဲ့အပြင် ရုပ်ရည်ပါလှပတဲ့အတွက် နောက်အိမ်ထောင်ပြုဖို့ကမခက်ခဲခဲ့ပါဘူး။ဒါပေမယ့် ဒေးဗစ်ရဲ့အမေ ရွေးချယ်လိုက်တဲ့သူက ဒေးဗစ်အတွက် ကံကကြမ္မာဆိုးသဖွယ်ပါပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ကိုအပြည့်အဝအသုံးချကာ ဒေးဗစ်အပေါ်ရက်စက်ပါတော့တယ်။ အဲ့ဒါအပြင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဒေးဗစ်ကို လန်ဒန်ကိုတစ်ယောက်တည်း ပို့လိုက်ပါတော့တယ် ။ ငယ်ရွယ်လွန်းတဲ့ဒေးဗစ်ဟာ ဆင်းရဲဒုက္ခတွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ...
movie

The Personal History of David Copperfield (2019)

2020
I Lost My Body(2019) 7.6
I Lost My Body(2019) I Lost My Body(2019)အညႊန္း**************************(unicode)Animation ကားလေးလာပါပြီ...ဇာတ်လမ်းအကျဉ်းကတော့ နာအို့ဖဲလ် ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ လောကကြီးထဲမှာအများသူသူငါငါတွေလို လှုပ်ရှားရုန်းကန်နေရတဲ့ကောင်လေးတစ်ဦး သူဝါသနာမပါတဲ့ ပီဇာပို့တဲ့အလုပ်တစ်ခုကိုလုပ်ကိုင်နေရင်း စားဝတ်နေရေးအတွက်ဖြေရှင်းနေရတဲ့သူတစ်ယောက် သူငယ်ငယ်တုန်းကတော့ သူ့မိဘတွေကိုပြောတယ် "သားကြီးလာရင် စန္ဒယားပညာရှင်နဲ့အာကာသမှူးတစ်ယောက်ဖြစ်ချင်တယ်"တဲ့... ဒါပေမယ့်ကံတရားကသူ့ကိုမျက်နှာသာမပေးခဲ့... တစ်ခါမှာ ပီဇာသွားပို့တဲ့တိုက်ခန်းက မိန်းကလေးတစ်ယောက်နဲ့ လူချင်းမတွေ့ရဘဲ အသံချင်းပဲစကားပြောခဲ့ရပေမယ့် သူဟာအဲ့ကောင်မလေးကို စွဲလန်းမှန်းမသိ စွဲလန်းခဲ့ရတော့တယ်... ဒီတစ်ခေါက်မှာရော ကံကြမ္မာဟာ သူ့ရဲ့ငယ်ဘဝအိမ်မက်တွေကို မျက်နှာသာမပေးခဲ့သလိုမျိုး သူကြိုက်ရတဲ့ကောင်မလေးနဲ့ သူ့အပေါ်မှာဆက်ပြီး လျစ်လျူရှုဦးမှာလားဆိုတာကိုတော့.. ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....(zawgyi)Animation ကားလေးလာပါပြီ...ဇာတ်လမ်းအကျဉ်းကတော့ နာအို့ဖဲလ် ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ လောကကြီးထဲမှာအများသူသူငါငါတွေလို လှုပ်ရှားရုန်းကန်နေရတဲ့ကောင်လေးတစ်ဦး သူဝါသနာမပါတဲ့ ပီဇာပို့တဲ့အလုပ်တစ်ခုကိုလုပ်ကိုင်နေရင်း စားဝတ်နေရေးအတွက်ဖြေရှင်းနေရတဲ့သူတစ်ယောက် သူငယ်ငယ်တုန်းကတော့ သူ့မိဘတွေကိုပြောတယ် "သားကြီးလာရင် စန္ဒယားပညာရှင်နဲ့အာကာသမှူးတစ်ယောက်ဖြစ်ချင်တယ်"တဲ့... ဒါပေမယ့်ကံတရားကသူ့ကိုမျက်နှာသာမပေးခဲ့... တစ်ခါမှာ ပီဇာသွားပို့တဲ့တိုက်ခန်းက မိန်းကလေးတစ်ယောက်နဲ့ လူချင်းမတွေ့ရဘဲ အသံချင်းပဲစကားပြောခဲ့ရပေမယ့် သူဟာအဲ့ကောင်မလေးကို စွဲလန်းမှန်းမသိ စွဲလန်းခဲ့ရတော့တယ်... ဒီတစ်ခေါက်မှာရော ကံကြမ္မာဟာ သူ့ရဲ့ငယ်ဘဝအိမ်မက်တွေကို မျက်နှာသာမပေးခဲ့သလိုမျိုး သူကြိုက်ရတဲ့ကောင်မလေးနဲ့ သူ့အပေါ်မှာဆက်ပြီး လျစ်လျူရှုဦးမှာလားဆိုတာကိုတော့.. ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size : (800 MB) and (318 MB) Quality : WEB-DL 720p Format…mp4 Duration…01:21:00 Genre : Animation, ...
movie

I Lost My Body(2019)

2019
The Wedding Guest (2018) 5.5
The Wedding Guest (2018) လန်ဒန်က အမျိုးသားတစ်ယောက် ပါကစ္စတန်က မင်္ဂလာပွဲတစ်ခုကိုသွားဖို့ပြင်ဆင်နေတယ်...ဒါပေမယ့် သူ့မျက်နှာက မှိုင်းညိုလို့ ပျော်ရွှင်နေတဲ့ပုံလည်းမပေါက်ပါလား...ဒါတင်မကသေးဘူး သူယူသွားဖို့ ပြင်ဆင်နေတဲ့ပစ္စည်းတွေကလည်း သမာရိုးကျမဟုတ်ပြန်ဘူး ...ဒါဆို သူအဲ့မင်္ဂလာပွဲကို သွားရတဲ့ရည်ရွယ်ချက်က ဘာများလဲ..သူကရော ဘယ်သူလဲ...သူတက်မယ့် မင်္ဂလာပွဲကို ကျင်းပမယ့်သူတွေက သူနဲ့ဘယ်လိုတော်စပ်နေသလဲ...ဇာတ်ကားတစ်ကားလုံး စလယ်ဆုံးဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ မ spoil တော့ပါဘူးကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)File Size : (750 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre :  Thriller  Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by May Myat Thu Encoded by THZ
movie

The Wedding Guest (2018)

2018
Hotel Mumbai (2019) 7.8
Hotel Mumbai (2019) Hotel Mumbai(2018) Drama/Thriller IMDb - 7.8/10Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ...ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size ...
movie

Hotel Mumbai (2019)

2018
Chappie (2015) 6.8
Chappie (2015) 2015 မှာ ထွက်ရှိထားတဲ့ Chappie ဆိုတဲ့ စက်ရုပ်ဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်…လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…Movie Review ကို ဖတ်ကြည့်ပါဦး..ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကိုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာစက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲအသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့်အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ဒါပေမဲ့လည်း  ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့်စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာလူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာသူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့်နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာစွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီးအန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက် ချက်ပီကိုယ်ထဲက ...
movie

Chappie (2015)

2015
Lion (2016) 8.0
Lion (2016) Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie

Lion (2016)

2016
The Man Who Knew Infinity (2015) 7.2
The Man Who Knew Infinity (2015) လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မ၀ံ့မရဲခြေချခဲ့ပါတယ်။ ... Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘ၀တခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ၀ါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ ... ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ ... ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ... တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အ၀န်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ..... ... ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood ...
movie


2015
About Cherry (2012) 4.8
About Cherry (2012) Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီးSeptember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ....အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲအလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်းကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့...တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်မိသားစု အတွက် ငွေလိုနေတဲ့ ...
movie

About Cherry (2012)

2012