Channel Myanmar

Dhananjay

Paayum Oli Nee Yenakku (2023) 6.4
Paayum Oli Nee Yenakku (2023) Paayum Oli Nee Yenakku(2023) IMDb-6.5/10လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB  / 815MB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry
movie

Paayum Oli Nee Yenakku (2023)

2023
Gurudev Hoysala (2023) 7.5
Gurudev Hoysala (2023) Gurudev Hoysala 2023 IMDb 7.6/10ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက် ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ် ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုး သဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲ အဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ်အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီး အဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါ ဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ... သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလား ဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.18GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein Aye~BpL~Yunni~Cherry
movie

Gurudev Hoysala (2023)

2023
Pushpa: The Rise (2021) 8.1
Pushpa: The Rise (2021) Pushpa : The Rise (2021) ===================== IMDB- 8.1/10ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလိုဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကCM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီးအထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။Box Office မှာလည်း ၀ငျငွေများစွာ ...
movie

Pushpa: The Rise (2021)

2021
4K HEVC Web-DL
Head Bush: Vol 1 (2022) 6.8
Head Bush: Vol 1 (2022) Head Bush (2022) Action, Biography, Crime IMDB 6.8/10 (1.1K)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ် နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ် The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ File size…2.39GB / 1.13GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle ...
movie

Head Bush: Vol 1 (2022)

2022
Bairagee (2022) 7.5
Bairagee (2022) ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie

Bairagee (2022)

2022
Twenty One Hours (2022) 8.3
Twenty One Hours (2022) ဒီတစ်ခေါက်မှာလည်း သိပ်မကြာခင်က ထွက်ထားတဲ့မာလာရာလမ်း ရုပ်ရှင် 12th man လို စုံထောက်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်း ကန်နာဒါးက ရိုက်ကူးထားပြီးမှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လှည့်ကွက်မျိုးစုံနဲ့ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်း...မိန်းကလေးတစ်ယောက် အိမ်ပေါ်ကဆင်းလာတာကိုကူညီပေးဖို့ ဝန်ကြီးတစ်ယောက်ရဲ့အသိကို အကူအညီတောင်းပြီးဝန်ကြီးကတဆင့် ရဲစခန်းမှာ ခဏထိန်းထားပေးဖို့ ရဲတစ်ယောက်ကိုသွားခေါ်ခိုင်းခဲ့ရမှအစပြုပြီး မိန်းကလေးလဲပျောက်ရဲကလည်း အလီဘိုင်နဲ့ သူမသိကြောင်းချေပနိုင်ချိန်မှာတော့... မိန်းကလေးကိုပြန်တွေ့ပါ့မလား.. မိန်းကလေးရဲ့နောက်ကြောင်းနဲ့အမှုမှန်ပေါ်ဖို့အတွက် ဘယ်လိုများ စုံစမ်းထောက်လှမ်းကြသလဲဆိုတာဆွဲဆောင်မှုကောင်းကောင်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်...မထင်မှတ်တဲ့လှည့်ကွက်တွေ စေ့စပ်သေချာတဲ့အမှုအသွားအလာတွေနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးမို့ လက်မလွှတ်ဖို့ ညွှန်းလိုက်ပါတယ်အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီးဘာသာပြန်ကတော့ Sai Thurein Lynn နဲ့ Lwin Htoo Aung ပဲဖြစ်ပါတယ်    File size…1.58G / 712MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ...
movie

Twenty One Hours (2022)

2022