Channel Myanmar

Dong Chengpeng

Dust To Dust ( 2023 ) 6.1
Dust To Dust ( 2023 ) တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Dust To Dust ( 2023 )

Keep You Safe ( 2023 ) 6
Keep You Safe ( 2023 ) ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ "အလှူရှင်အစ်မ" ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ "ကောင်မလေး" အဖြစ် သတင်းထွက်လာသောအခါ......အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သူဟာ "ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း" က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား...... ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ...... ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL ...
movie

Keep You Safe ( 2023 )

Back To The Tomorrow ( 2023 ) 5.9
Back To The Tomorrow ( 2023 ) နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ......ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်......ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Back To The Tomorrow ( 2023 )

Hidden Blade ( 2023 ) 6.9
Hidden Blade ( 2023 ) အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Hidden Blade ( 2023 )

Vortex ( 2019 ) 5.9
Vortex ( 2019 ) Zawgyi*******ဒီကားလေးဟာ လက်ရှိအချိန်ထိ Imdb5.9ရထားပြီးBox office worldwide grossမှာ$622644ထိဝင်ငွေရရှိထားတဲ့2019 august 30မှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ လျိုရှောင်ကျွင့်ဆိုတဲ့ သူဟာလောင်းကစားကြွေးတွေကို ပြန်ဆပ်ဖို့အရေးတကြီးငွေလိုတဲ့အချိန်...သူ့ရဲ့သူငယ်ချင်းက without carတွေကိုပြန်ခိုးပေးတဲ့အလုပ်တစ်ခုကမ်းလှမ်းလာတဲ့အခါ..သာမန်အလုပ်တစ်ခုကနေ ခိုးယူခိုင်းတဲ့withoutကားထဲမှာက လေးမလေးရှိနေခဲ့ပြီး ပြန်ပေးဆွဲမှုတစ်ခုထဲဝင်ပါမိတဲ့အခါ....ဒီပြန်ပေးဆွဲမှုမှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ....ကလေးမ လေးကိုကယ်တင်ပေးနိုင်ပါ့မလား...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Unicode*******ဒီကားလေးဟာ လက်ရှိအချိန်ထိ Imdb5.9ရထားပြီးBox office worldwide grossမှာ$622644ထိဝင်ငွေရရှိထားတဲ့2019 august 30မှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ လျိုရှောင်ကျွင့်ဆိုတဲ့ သူဟာလောင်းကစားကြွေးတွေကို ပြန်ဆပ်ဖို့အရေးတကြီးငွေလိုတဲ့အချိန်...သူ့ရဲ့သူငယ်ချင်းက without carတွေကိုပြန်ခိုးပေးတဲ့အလုပ်တစ်ခုကမ်းလှမ်းလာတဲ့အခါ..သာမန်အလုပ်တစ်ခုကနေ ခိုးယူခိုင်းတဲ့withoutကားထဲမှာက လေးမလေးရှိနေခဲ့ပြီး ပြန်ပေးဆွဲမှုတစ်ခုထဲဝင်ပါမိတဲ့အခါ....ဒီပြန်ပေးဆွဲမှုမှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ....ကလေးမ လေးကိုကယ်တင်ပေးနိုင်ပါ့မလား...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

Vortex ( 2019 )

2019
The Thousand Faces of Dunjia (2018) 5.7
The Thousand Faces of Dunjia (2018) A thousand face of Dunjia (2017)– – – – – – – – – – – – – – – – – – – – 1000 faces of dunjia ကားလေးကတော့ Guardians of the Galaxy လိုကားမျိုးပါ၊အရမ်းမိုက်တဲ့အထူးပြုလုပ်ချက်တွေ၊ဟာသလေးတွေလဲပါတာမို့ရသမျိုးစုံပေးတဲ့ကားကောင်းလေးပါ12th Asian Film Awards မှာ Best Action Film ၊ Best Costume Design ဆု၊ Best Visual Effects ဆုတွေအတွက် Nominate ဝင်ခဲ့တဲ့ကားလေးပါလျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ်အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ...
movie


2018