Channel Myanmar

Edward Burns

27 Dresses (2008) 6.1
27 Dresses (2008) 27 Dresses (2008)~ IMDb rating - 6.1/10 ~မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို ...
movie

27 Dresses (2008)

2008
The Holiday (2006) 6.9
The Holiday (2006) [Unicode]The Holiday (2006)အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ် drama တွေခင်းနေတာလည်းမကြိုက်ဘူး ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်...British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့... နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့ ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်...သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ် မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး... သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )Quality__720p IMDb Rating__6.9/10 Format__mp4 Duration__02:16:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Thinzar Oo Encoded by ...
movie

The Holiday (2006)

Saving Private Ryan (1998)[1080p 5.1ch] 8.6
Saving Private Ryan (1998)[1080p 5.1ch] Saving Private Ryan (1998) IMDB....8.6,,,,Rotten .....93% စစ်ကားတွေတောင်းဆိုထားတဲ့ သူတွေအတွက်ပါ။ ဒီကားလေးက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks (Catch me if you can), Matt Damon (Bourne Trilogy), Vin Diesel(Fast & Furious Series) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ချက်၊ ဇာတ်လမ်း ကပြောစရာမရှိသလိုဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg (Jurassic Park, Catch me if you can) ဖြစ်လိ့ု ပြောစရာမလိုပါဘူး။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။ IMDBမှာလဲ Rating ...
movie

Saving Private Ryan (1998)[1080p 5.1ch]

1998
Man on a Ledge(2012) 6.8
Man on a Ledge(2012) Man on a Ledge(2012)((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်။)) ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်.... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ......သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်... ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်...ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်...သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်...ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်...ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား.... ဒီကားက အီသွားတဲ့နေရာမရှိဘူး...ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်...အက်ရှင်ခန်းတွေနဲ့ ဇာတ်ကိုပုံဖော်သွားတာ...ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး...နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File ...
movie

Man on a Ledge(2012)