Channel Myanmar

Elaine Jin

Ready or Not 2 ( 2023 )
Ready or Not 2 ( 2023 ) မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie

Ready or Not 2 ( 2023 )

The House That Never Dies ( 2014 ) 6.3
The House That Never Dies ( 2014 ) CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ...ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်...ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့...ဒီလို ...
movie

The House That Never Dies ( 2014 )

Spring Tide(2019) 6.7
Spring Tide(2019) Spring Tide2019 =============    မိသားစုတစ်ခုကို နိုင်ငံရေးနှင့်ယှဉ်ပြီး ရိုက်ပြတဲ့ကားကိုပြပါဆို ဒီကားလေးကို လက်ညှိုးထိုးရမှာပါပဲ ။   ဘာလို့လဲဆိုတော့...ဒီဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီက   ပြောသွားတဲ့စကားလုံးတိုင်းက သာမာန်မိသားစုတစ်ခုမှာပြောတာထက်ကို ပိုပြီးလေးနက်လို့ပါပဲ။    ဉပမာ... နင်က သတင်းသမားဖြစ်ပြီး နိုင်ငံကိုအာခံတယ်ပေါ့... အဲ့ဒါက   ငါ့အိမ်မှာနေပြီး နင်ကငါ့ကို ပြန်ပြီးအာခံတာနဲ့အတူတူပဲ   အာခံချင်ရင် ငါ့အိမ်မှာမနေနဲ့... ကဲ ဘယ်လိုထင်ပါသလဲ ပရိသတ်ကြီး ?   ဘာသာပြန်သူအထင်ကတော့ ကွန်မြူနစ်နဲ့ ဒီမိုကရေစီ ကိုပါးပါးလေး ရိုက်ပြနေသလိုပဲ ။   တရုတ်ဆိုတာက ဆင်ဆာလည်းကြမ်းတယ်မလား ။ အဲ့တော့ ပါးပါးလေးနဲ့ပဲ ထည့်သွားတာ ။    အမေကြီးကတော့ အရင်စနစ်နဲ့တိုင်းပြည် ၊ သမီးကတော့ တော်လှန်ချင်တဲ့သူ၊   မြေးကတော့ အမေနဲ့သမီးက ပုံသွင်းချင်တဲ့ ပြည်သူလေးပေါ့ ။    အဲ့လိုမတွေးဘဲ ပုံမှန် မိသားစုကားလေးလို့ သတ်မှတ်ပြီး   ကြည့်ရင်လည်းအဆင်ပြေပါတယ်ဗျာ.....   Translated by Jojova Encoded by YK
movie

Spring Tide(2019)

2019
A Brighter Summer Day (1991) 8.4
A Brighter Summer Day (1991) [Unicode]A Brighter Summer Day (1991)IMDB - 8.4 Rotten Tomatoes -100%A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို ဇာတ်ကောင်အ‌ခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။ အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁‌၉‌၅‌၉ပါ။ ၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။ အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။ ဒီလိုပြောင်းရွေ့ရာ အ‌ခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။ လူငယ်တွေရဲ့ အ‌ခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်‌ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။‌ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။ မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံး‌တွေ။ လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့ အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်း‌တွေ၊ အနစ်နာခံတတ်တဲ့အကိုတွေကို ...
movie

A Brighter Summer Day (1991)

House of the Rising Sons ( 2018 ) 6
House of the Rising Sons ( 2018 ) ဒီကား​လေးဟာ Imdb6ရထားတဲ့ ​ဟောင်​​ကောင်​ဇာတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပါတယ်​1970ဝန်းကျင်​​လောက်​က​​အောင်​မြင်​​ကျော်​ကြားပြီး အသက်​ကြီးသည်​အထိလက်​တွဲမဖြုတ်​ခဲ့ကြတဲ့ ​ရော့ဂီတအဖွဲ့ Wynnersအ​ကြောင်း တင်​ဆက်​​ဖော်​ပြထားတာပါ...သူတို့ရဲ့​အောင်​မြင်​​ကျော်​ကြားမှုဆီ​လျှောက်​လှမ်းရာလမ်းဟာပန်းခင်း​သောလမ်းမဟုတ်​ခဲ့ပါဘူး​ကျောင်းသားဘဝက သူတို့တိုက်​ခန်းမှာသီချင်း​လေ့ကျင့်​ရင်းပတ်​ဝန်းကျင်​ရဲ့အပြစ်​တင်​မှု​တွေကိုခံယူခဲ့ရပါတယ်​..မိဘ​တွေရဲ့နားမလည်​​ပေးမှု​တွေ..အခက်​အခဲ​ပေါင်းများစွာကိုဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်းကြမလဲ...သူတို့​တွေ​အောင်​မြင်​မှုရချိန်​မှာဘယ်​လိုပြသနာ​တွေကိုထပ်​ပြီးကြုံ​တွေ့ရမှာလဲ..ဆိုတာ​တွေကို ကြည့်​ရှုရမှာဖြစ်​ပါတယ်​....ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှု​တွေ..အခက်​အခဲ ပြသနာမျိုးစုံ​တွေကို ​တွေ့မြင်​ရမှာဖြစ်​ပြီးရင်​ထဲထိ​စေတဲ့ဇာတ်​ကားတစ်​ကားဖြစ်​လို့ အရမ်းကိုသ​ဘောကျမိပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie


2018
My Egg Boy ( 2016 ) 5.6
My Egg Boy ( 2016 ) ရေခဲရိုက် အသင့်စား စားသောက်ကုန်တွေ စားဖူးကြလား...ရေခဲရိုက် အသင့်စား စားသောက်ကုန်ဆိုတာ ပူပူနွေးနွေး ချက်စားရမယ့် အစားမိုက်ခရိုဝေ့ဖ်လေးနဲ့ နွေးစားနိုင်တာလေးတွေလေ...ဒီဇာတ်လမ်းလေးက ဒီလို ရေခဲရိုက် အသင့်စား စားသောက်ကုန်လေးရဲ့အရောင်းကိုယ်စားလှယ်မလေး မိန်ပေါင်ရဲ့ ဇာတ်လမ်းလေးပေါ့...မိန်ပေါင်ဟာ single mother ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာပြီးအမေချက်ခဲ့တဲ့ ရေခဲရိုက် စားစရာလေးတွေကို မိုက်ခရိုဝေ့ဖ်လေးနဲ့နွေးစားရင်း ကြီးပြင်းလာသူ တစ်ယောက်ပါ...ဒါကြောင့်လည်း သူ ရေခဲရိုက် စားသောက်ကုန်အပေါ်ထားတဲ့ မေတ္တာက မြင်သာပါတယ်...နောက်ဆုံး အမသန္ဓေဥကိုပါအအေးခံပြီး ၁၀ နှစ် သိမ်းထားတဲ့အထိ...ဒီလိုပဲ တစ်ဖက်မှာလည်း ရေခဲရိုက် စားသောက်ကုန်ကိုမုန်းလှပါချီရဲ့ ဆိုတဲ့ စာဖိုမှူး အာရှီ...သူဟာ အမည်မဖော်လိုတဲ့ ရောဂါတစ်ခုကြောင့်သန္ဓေမအောင်နိုင်တဲ့ အမြှုံဖြစ်သွားတယ်...ဒါကြောင့်လည်း ချစ်ခွင့်မရှိတဲ့သူ မချစ်ထိုက်တဲ့သူလို့ခံစားနေခဲ့တဲ့ စက်ရုပ်လိုလူသား...ဒီနှစ်ယောက်ဘယ်လိုတွေ ထိပ်တိုက်တွေ့မလဲ...ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ...ဒီလိုပဲ... မိန်ပေါင်ရဲ့ အမသန္ဓေဥကရော ဘယ်လိုဖြစ်မလဲ...သန္ဓေသားမဖြစ်သေးတဲ့ အမ ဥလေးနဲ့ မိန်ပေါင်ကြားထဲက ေမတ္တာအသွားအပြန်တွေကို အံ့သြလောက်အောင်မြင်တွေ့ရမယ့်My Egg Boy ဆိုတဲ့ ...
movie

My Egg Boy ( 2016 )

2016