Channel Myanmar
Elena Anaya
Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie
Van Helsing (2004)
2004
4K HEVC
The Chalk Line (a.k.a) Jaula (2022) 6.2
The Chalk Line (a.k.a) Jaula (2022) The Chalk Line (a.k.a) Jaula (2022)(1080p ရပါပြီ)Thriller/Crime Genre စပိန်ဇာတ်ကားသစ်လေးဖြစ်ပြီး မဲပြာပုဆိုးမဟုတ်ပဲ plot twist တွေနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ပေါလာနဲ့ ဆီမွန်က အသက် လေးဆယ်ကျော်ဇနီးမောင်နှံဖြစ်ပြီး ကလေးယူဖို့ အပူတပြင်းကြိုးစားနေကြသူတွေပါ။ ကံဆိုးစွာပဲ ကိုယ်ဝန်မရခဲ့ကြပါဘူး။ စိတ်ညစ်နေတဲ့ သူတို့ဘဝထဲကို ကလဲရာဆိုတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဝင်လာခဲ့ပါတယ်။ကလဲရာကို ကားလမ်းမကြီးပေါ်မှာ ညကြီးသန်းခေါင် သူတို့ကားနဲ့ ဝင်တိုက်မိမလို ဖြစ်ပြီး စတွေ့ခဲ့ကြတာပါ။ နေမကောင်းဖြစ်နေတဲ့ ကလဲရာဟာ စကားမပြောတတ်သလို အပြုအမူတွေကလည်း ထူးခြားနေပါတယ်။ မြေဖြူနဲ့စည်းတားထားရင် အဲဒီစည်းအပြင်ကို မထွက်ရဲတာတို့၊ ဂျာမန်ဘာသာစကားကို နားလည်နေတာတို့၊ အစရှိသဖြင့်ပေါ့။ဒီလိုနဲ့ ဆေးရုံက အကူညီတောင်းတာကြောင့် သူတို့ ကလဲရာကို အိမ်ခေါ်လာပြီးနောက်မှာတော့ ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေ ကြုံတွေ့ရမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          ...
movie
The Chalk Line (a.k.a) Jaula (2022)
2022
(18+)Room in Rome (2010) 6.1
(18+)Room in Rome (2010) Room in Rome (2010) ===================တချို့ချစ်ခြင်းတွေဟာ ဆန်းကြယ်လှပါတယ်.... လူနှစ်ယောက်အမှတ်မထင်တွေ့ဆုံမှုကနေ အမှတ်တရတွေဖြစ်ဖို့ အချိန်ဘယ်လောက်လိုမယ်ထင်ပါလဲ.....တပတ်လား တလလား တနှစ်လား.... ကိုယ့်ရင်ထဲမှာချစ်ခြင်းမေတ္တာသာအစစ်မှန်ရှိရင် ကိုယ့်အတွက် ၁ရက် ဒါမှမဟုတ် ၁နာရီ ၁မိနစ်ကလဲ အမှတ်တရဖြစ်စေနိုင်မှာပါ.....ဒီဇာတ်လမ်းလေးကလဲ ဒီသဘောကို အခြေခံပြီး မိန်းမနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတရားကို ပါးပါးလေးနဲ့ ရင်ထဲထိအောင် ပြသနိုင်မှာပါ...ရောမမြို့ရဲ့ ဆောင်းအကုန်နွေဦးညကို ကူးပြောင်းမယ့်ညတညမှာ သူတို့နှစ်ဦး ဘားမှာ ဆုံမိခဲ့ကြတယ်....မိန်းမသားနှစ်ဦးမို့ ဘားမှာစကားလက်ဆုံကြရင်း ဟိုတယ်ကိုအပြန်လမ်းထိ စကားစမပြတ်ပဲ တဦးကိုတဦး ဆွဲငင်မှုတွေနဲ့အတူ ဒီတညတာကိုတူတူကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ရင်း Midnight Thoughtsတွေကို ပြောကြရင်း ရင်ခုန်သံတွေထပ်တူကျနေတာကို သိသွားတဲ့အခါမှာတော့......  File size…1.37GB / 567MB Quality…1080p Blu Ray AAC 5.1Ch / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie
(18+)Room in Rome (2010)
2010
[21+] Sex and Lucía (2001) 7.1
[21+] Sex and Lucía (2001)    [21+] Sex and Lucía (2001) IMDb...7.2,,Rotten...71   ဆရာကြီးပီမိုးနင်းက  ကာမသိဒ္ဓိကျမ်း ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့တယ်... ဆရာကြီးကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေဖို့ရည်ရွယ်ရေးသားခဲ့ပေမယ့် တစ်ချို့သော သူတွေအတွက် ညစ်ညမ်းစာပေသဘောမျိုးခံစားကြတာရှိတယ်... ဒီလိုပဲရုပ်ရှင်လောကမှာလည်း Lust, Caution , Rape me, Nymphomaniac စတဲ့ဇာတ်လမ်းမျိုးတွေဟာ ပညာပေးဇာတ်လမ်းတွေပါပဲ.. သိတဲ့အတိုင်း  အထက်ပါဇာတ်ကားများဟာ အတော်ပွင့်ပွင့်လင်းလင်းနဲ့ sex အခန်းပေါင်းများစွာပါလေ့ရှိတယ်... တစ်ချို့တွေကတော့ အာရုံတစ်မျိုးနဲ့ခံစားကြတယ်ပေါ့လေ... သို့ပေမယ့် ဒီလိုဇာတ်အိမ်ကောင်းကောင်း ပွင့်လင်းမြင်သာတဲ့အခန်းပေါင်းများစွာပါဝင်ဇာတ်ကားတွေကတော့ လက်ချိုးရေလို့ရပါတယ်...ဒီစာရင်းထဲမှာ  Sex and Lucía(2001) ဇာတ်ကားကို မဖြစ်မနေထည့်သွင်းရမယ်လို့ထင်ပါတယ်... ဆုပေါင်း(၁၀)ဆုရရှိခဲ့သလို ဆန်ကာတင်(၁၇)ခုစာရင်းလည်းဝင်ခဲ့ပါတယ်...ဒီကားက အထက်မှာပြောခဲ့သလိုပဲ (21+)ခန်းတွေနဲ့ အနုပညာမြောက်စွာပုံဖော်ထားပါတယ်... ကိုင်း အနုပညာမြောက်စွာခံစားတတ်တဲ့သူမျိုးတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါသည်... အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်.... File Size : (1 GB) Quality : Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[21+] Sex and Lucía (2001)
2001
Zip & Zap and the Captain’s Island (2016) 5.9
Zip & Zap and the Captain’s Island (2016) ကဲ ဗျာ ဒီတစ်ခါတော့ ထူးဆန်းထွေလာ ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ အရင် နှစ်ထဲကထွက်ခဲ့တဲ့ Miss Peregrine's Home for Peculiar Children လို ဇာတ်ကားမျိုးလေးပဲ ဖြစ်ပြီး မှော်ကားတွေကို ကြိုက်နှစ်သက် သူတွေ အနေနဲ့ကတော့ ကြည့်ရှူသင့်တဲ့ ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ Zip Zap နဲ့ ခရစ္စမတ်ဆိုတာကခွဲထားလို့မရပါဘူးတဲ့ဗျ ခရစ္စမတ် အချိန်ဆို Zip နဲ့ Zap ဟာ ခရီးထွက်လေ့ ရှိပါတယ်တဲ့ဗျ ကဲ ဒီတစ်ခါတော့ ဘယ်ကိုများ ခရီးထွက်ကြမလဲ ထွက်ရင်ကော ဘယ်လို ထူးဆန်း အံ့သြဖွယ်ရာတွေနဲ့များ ကြုံတွေ့ရမလဲ ဆိုတာကို ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူကြရမှာပဲဖြစ်ပါတယ် [ကဲ ဗျာ ဒီတစ်ခါတော့ ထူးဆန်းထွေလာ ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ အရင် နှစ်ထဲကထွက်ခဲ့တဲ့ Miss Peregrine's Home for Peculiar Children လို ဇာတ်ကားမျိုးလေးပဲ ဖြစ်ပြီး မှော်ကားတွေကို ကြိုက်နှစ်သက် သူတွေ အနေနဲ့ကတော့ ကြည့်ရှူသင့်တဲ့ ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ Zip Zap နဲ့ ခရစ္စမတ်ဆိုတာကခွဲထားလို့မရပါဘူးတဲ့ဗျ ခရစ္စမတ် အချိန်ဆို Zip နဲ့ Zap ...
movie
Zip & Zap and the Captain’s Island (2016)
2016
The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%    2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။    File Size     :   900 ...
movie
The Infiltrator (2016)
2016
The Skin I Live In (2011) 7.6
movie
The Skin I Live In (2011)