Channel Myanmar

Elisha Cuthbert

My Sassy Girl (2008) 6.3
My Sassy Girl (2008) ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie

My Sassy Girl (2008)

2008
1080p Untouched
Bandit (2022) 6.2
Bandit (2022) Bandit (2022)1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ...
movie

Bandit (2022)

2022
House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)

The Cellar (2022) 5.4
The Cellar (2022) The Cellar (2022)=============ဒီနေ့အတွက် Horror ကားသစ်လေးတင်ဆက်ပေးချင်ပါတယ်။ မိသားစုတစ်စုဟာ စျေးပေါပေါနဲ့ ရခဲ့တဲ့အိမ်တစ်အိမ်ကို ဝယ်ယူပြီး ပြောင်း‌ရွေ့ လာခဲ့ပါတယ်။ ထိုအိမ်ကို ရောက်လာပြီး လှည့်ပတ်ကြည့်ကြရာ ညစ်ပတ်နေတဲ့ မြေအောက်ခန်း တစ်ခန်းရှိနေတာကို တွေ့လိုက်ရတာပေါ့။ နောက်ပြီး ထိုအိမ်ကြီးကို မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ထားတဲ့ စုန်းမကြီး တစ်ယောက်က ပိုင်ဆိုင်တာဆိုပြီး ကောလဟာလတွေဟာလည်း ပျံ့နှံ့လို့နေပါတယ်။ပြောင်းလာပြီးပြီးချင်း ညမှာပဲ မိဘနှစ်ယောက်ဟာ အလုပ်ရှိသည့်အတွက် သားနဲ့ သမီးကို အိမ်မှာ ချန်ထားခဲ့ပါတယ်။ မောင်နှစ်မ နှစ်ယောက်ဖြစ်သူ အယ်လီ နဲ့ စတိဗင် ဟာ ထူးဆန်းတဲ့ ဓာတ်ပြားဖွင့်စက်ကြီးကို တွေ့လို့ ဖွင့်ကြည့်လိုက်ရာ တောင်စဥ်ရေမရ အသံတွေထွက်လာပါတော့တယ်။ ညအချိန် ဇာတ်ကားကြည့်နေုတုန်း မီးပျက်သွား၍ မီးပြန်ဖွင့်ဖို့ မြေအောက်ခန်းကြီးထဲ ဆင်းကြည့်ရာမှ အယ်လီ ပျောက်ဆုံးသွားပါတော့တယ်။ ရဲတွေကလည်း သဲလွန်စရှာမရ အိမ်ကနေထွက်ပြေးသည်ဟု ကောက်ချက်ချသော်လည်း သူ့သူငယ်ချင်းတွေ အိမ်ကို လည်း ရောက်မလာချေ။ ဘာကြောင့် အယ်လီ ပျောက်ဆုံးသွား တာလဲ ။ အိမ်ကြီးနဲ့ ပတ်သတ်ပြီးထွက်နေတဲ့ ကောလဟာလတွေကရော အမှန်တွေလား။ ဓာတ်ပြားဖွင့်စက်ကြီးကရော ထိုကိစ္စနဲ့ ...
movie

The Cellar (2022)

2022
[18+] The Girl Next Door (2004) 6.8
[18+] The Girl Next Door (2004) IMDb Rating (6.7)ဒီဇာတ်ကားကိုကြည့်ဖူးရင် အကောင်ပါပဲ........မင်းသမီး Elisha Cuthbert ကိုကြိုက်မိသွားတဲ့အကောင်။ကျွန်တော်ကတော့ မင်းသမီးအပြင် မင်းသား Emile Hirsch ရဲ့သရုပ်ဆောင်မှုတွေကိုလဲ အာတွေ့လှပါတယ်။သူတို့အတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို့ တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ်။ သူတို့နဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ။ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်။လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားပါ။Hit Man မင်းသား..ဖိုက်တာကြီး Timothy Olyphant ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ်။Unrated Version နဲ့တင်ဆက်ထားတာမို့ ပြည့်ပြည့်ဝဝခံစားရမှာပါ။ချုပ်ပြောရရင် Teen Comedy ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ကြည့်ပြီးသားဖြစ်ရင်လဲ မင်းသမီး Elisha Cuthbert ကြောင့် ထပ်ကြည့်သင့်ကြောင်းပါ။ :P  File size…(2.3 GB) and (1.2 GB) Quality….Blu-Ray Unrated 1080p and ...
movie

[18+] The Girl Next Door (2004)

2004
1080p Untouched