Channel Myanmar

Elvis Han

Flash Over ( 2023 ) 6.1
Flash Over ( 2023 ) ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Flash Over ( 2023 )

The Battle at Lake Changjin II ( 2022 ) 6.7
The Battle at Lake Changjin II ( 2022 ) The Battle At Lake Changjin I ရဲ့ အဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့ မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲနောက်ပိုင်းဖြစ်ပွားတဲ့ ရွှေမိန်တံတားတိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တပ်ခွဲ(၇)တပ်ဖွဲ့ဟာ ဟာဂါရူရီတိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက် ဆုတ်ခွာတဲ့အမေရိကန်စစ်တပ်ကိုတားဖို့ရာ ရွှေမိန်တံတားကိုဖောက်ခွဲဖို့ ခက်ခဲတဲ့တာဝန်ကိုပေးခြင်းခံရပါတယ်။ Chang Jin II ဟာ I ထပ်ပိုပြီ ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ အမေရိကန်စစ်တပ်နဲ့လက်နက်အင်အား လူအင်အားချင်းမမျှတဲ့တပ်ခွဲ(၇)ဟာ တာဝန်ကိုဘယ်လိုပြီးမြောက်အောင်လုပ်ဆောင်မလဲ။ချန်ကျင်ရေကန်တိုက်ပွဲမှာတုန်းကလိုပဲသူတို့ဟာ အနိင်ရရှိနိုင်ဦးမလားဆိုတာကို ရင်ခုန်ဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါနော်1 ကိုဒီမှာကြည့်လို့ရပါတယ် The Battle at Lake Changjin I ( 2021 ) – Channel Myanmar Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 29 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin II ( 2022 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )