Channel Myanmar

Emilia Clarke

Solo: A Star Wars Story (2018) 7.1
Solo: A Star Wars Story (2018) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Solo: A Star Wars Story (2018)

2018
4K HEVC
Terminator Genisys (2015) 6.3
Terminator Genisys (2015) ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie

Terminator Genisys (2015)

2015
Last Christmas (2019) 6.6
Last Christmas (2019) ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(6.7 GB)/(2.1 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
movie

Last Christmas (2019)

4K HEVC
Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
Voice from the Stone (2017) N/A
Voice from the Stone (2017) တိတ်ဆိတ်မှု????? တိတ်ဆိတ်မှုဆိုတာဘာလဲ။ တိတ်ဆိတ်မှုမှာ အဓိပ္ပါယ်ပေါင်းများစွာ အကြောင်းအရင်းပေါင်းများစွာ ခံစားချက်ပေါင်းများစွာ ပါဝင်နေတတ်တယ်။ အတိတ်ဆိုတာ ကျွန်တော်တို့မနက်မိုးလင်းလို့အိပ်ယာကထလိုက်တာနဲ့ အိပ်မက်အဖြစ်ကျန်ခဲ့သွားပါပြီ။ဒီဇာတ်ကားလေးကတော့ Game of thrones fanတွေရဲ့ အသည်းစွဲမင်းသမီးလေး Emilia Clarkeရဲ့ပူပူနွေးနွေးထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ Emiliaဟာ Me before you ဇာတ်ကားထဲကလိုပဲ ယခုဇာတ်ကားမှာလည်း nurseတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သို့ပေမယ့် ယနေ့ခေတ်nurseအဖြစ်သရုပ်ဆောင်ခြင်းမဟုတ်ဘဲ 1950 ကာလပတ်ဝန်းကျင်အခြေအနေနဲ့ရိုက်ပြထားခြင်းဖြစ်သည်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက်စွံ့အသွားတဲ့ကောင်လေးတစ်ယောက်ကို Verena အမည်ရှိတဲ့ nurseမလေး တစ်ယောက်က ဘယ်လိုတွေပြုစုပေးမလဲ။ ကောင်လေးကရော ဘာ့ကြောင့်စွံ့အသွားတာလဲ ကောင်လေးနဲ့နီးစပ်လာရင်းနဲ့ ကောင်လေးဟာ သာမန်တိတ်ဆိတ်ဆွံ့အသွားခြင်းမဟုတ်ဘဲ မန္တန်တစ်ခုကြောင့်ဖြစ်သွားရတာသိလိုက်ရတဲ့အခါမှာတော့ ...(ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)File Size : 700 MB  Quality : WEBDL 720P Running Time : 1hr 34minutes Format : Mp4 Genre :    Drama, Mystery, Thriller   Translator : Fridays Encoder :Thanhtike Zaw 
movie

Voice from the Stone (2017)

2017