Channel Myanmar

Eriq Ebouaney

The Horde (2009) 5.9
The Horde (2009) La Horde (2009) =============== ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ်ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက်သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာသူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီးမကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုစိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Horde (2009)

Domino (2019) 4.5
Domino (2019) ဒီကားထဲကမင်းသမီးကတော့အကုန်လုံးနဲ့မစိမ်းတဲ့game of thronesထဲကmelisandreအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကရိုက်ကူးထားပါတယ်....လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနှစ်ယောက် တစ်ရက်မှာကင်းလှည့်ရင်းတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါမှာ...သတ်သွားတဲ့သူကိုပြန်ကလဲ့စားချေဖို့လိုက်ရင်းအိုင်အက်အိုင်အက်အကြမ်းဖက်အဖွဲ့တွေနဲ့အမေရိကန်ကအထူးစုံစမ်းရေးအဖွဲ့တွေပါပါနေတာကိုသိလာတဲ့အခါ..ကိုယ်ချစ်တဲ့သူအတွက်လက်စားချေချင်စိတ်နဲ့မင်းသားနဲ့ပူးပေါင်းပြီးအမှုကိုလိုက်တဲ့အခါမှာ သူတို့တွေဖမ်းမိမလား လက်စားချေခွင့်ရောရမလားဆိုတာကိုတော့...ဇာတ်ကားလေးကြည့်ကြည့်လိုက်ပါနော် File Size : (836 MB) & (269 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Crime ,  ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Domino (2019)

2019
China Salesman(2017) 3.9
China Salesman(2017) ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။.... Qty - 720p Web DLDuration - 1hr 45minGern - ActionSubtitle - MyanmarTranslator - KenSubtitle Syn - Aye Mon KyawEncoder - Kyaw Ye Aung
movie

China Salesman(2017)

2017
Thirst (2009) 7.2
Thirst (2009) IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။Park Chan-wook ရဲ့ ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျိုးစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။စိတ်ဝေဒနာခံစားမှု ။မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲ့မှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ...
movie

Thirst (2009)

2009
The Take (2016) 6.3
The Take (2016) The Take (2016) IMDb - 6.3/10_____Rotten - 48%    သူ့ရဲ့ မူရင်းဇာတ်ကားနာမည် Bastille Day ကိုဆို လူတော်တော်များများသိနေကြမှာပါ အကြမ်းအရမ်းတွေ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတဲ့ ပရိတ်သတ်တွေဆို သဘောတွေ့ကြမယ့် ဇာတ်ကားမျိုးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ပြင်သစ်မှာ ခါးပိုက်နိုက်အဖြစ်အသက်မွေးနေတဲ့ မယ်ရီမန်ဆန် ဟာ တနေ့မှာ အိတ်တလုံးကိုခိုးလာရာမှ မထင်မှတ်ပဲ ဝက်ဝံရုပ်တခုကို ရရှိခဲ့ပါတယ် သူဟာ မထင်မှတ်ပဲ ဝက်ဝံရုပ်ကိုလူစည်ကားတဲ့ နေရာတခုမှာ စွန့်ပစ်ထားခဲ့ပြီး ပိုမထင်မှတ်ထားတာက ထို ဝက်ဝံရုပ်ထဲမှာ ချိန်ကိုက်ဗုံးတစ်ခုပါနေတာပါပဲ ဒီလိုနဲ့ မယ်ရီမက်ဆန် တယောက် ဘယ်လိုအရှုုပ်တော်ပုံတွေထဲကို ပါဝင်နေမလဲ ဘယ်လိုအန္တရာယ်တွေကိုကော ကြုံတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါ     Size - 570 MB Quality - HD 720p Format - mp4 Duration - 01:32:00 Translator - MTDM Encoder - Oscar
movie

The Take (2016)

2016