Channel Myanmar

Fernanda Montenegro

Central Station (1998) 8
Central Station (1998) Central Station (1998) ~ IMDb - 8/10, Rotten Tomatoes - 94% ~ကျွန်တော့်မိဘတွေကို ကျွန်တော်တရားစွဲလို့ရလား ဆိုတဲ့ Capernaum ဆိုတဲ့ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲလိုကားကောင်းမျိုးလေးတွေကို ထပ်ကြည့်ချင်နေတာကြာလှပြီပဲဆို‌ပါတော့။ ဆိုတော့ကာ အဲလိုဇာတ်ကောင်စရိုက်အသားပေးတဲ့ကားမျိုးလေးကို ၁၉၉၈ မှာထွက်ရှိတဲ့ Central Station ဆိုတဲ့ ဟောဒီကားလေးမှာ သွားတွေ့ရတယ်ဗျ။အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရတဲ့ ဒီလောကကြီးမှာ လူတွေရဲ့ဇာတ်ကောင်စရိုက်ကိုဖော်ညွှန်းပြသတဲ့ ဒီလိုကားကောင်းလေးတွေဟာ တော်ရုံထွက်ခဲသလို၊ ကောင်းခဲတာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တမြည့်မြည့်ခံစားရင်းကြည့်ချင်တဲ့သူကြည့်ရမယ့် ကားလေးပဲဆိုပါတော့ဗျာ။ IMDb ဟာလည်း overrated ဖြစ်နေတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေဝေဖန်တဲ့ကြားကနေ တကယ်ထိုက်တန်လို့ တကယ်ရထားတဲ့ IMDb ပါပဲ။ဒီကားလေးကတော့ Drama/ Road ဆိုတဲ့အပြင် လူ့သဘာဝသရုပ်အပြင် Tom Hanks ကြီးရဲ့ News of the World လို ခရီးသွားမှတ်တမ်းဇာတ်လမ်းမျိုးဆိုလည်း ဟုတ်တယ်ဗျ။ ...
movie

Central Station (1998)

1998
Invisible Life (2019) 7.9
Invisible Life (2019) 2019 ခုနစ်ထွက် drama ဇာတ်ကားကောင်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုမပြောခင်ဒီဇာတ်ကားမှာ ၁၈ + ဇာတ်ဝင်ခန်းအချို့ပါဝင်တဲ့အကြောင်း ကြိုပြောပါရစေ...ဇာတ်လမ်းအကျဉ်းကတော့...ဒီဇာတ်ကားကို ၁၉၅၀ ခုနစ်ကျော်မှာ အခြေတည်ရိုက်ကူးထားပါတယ်...ဂီတာနဲ့ ယူရီဒေ့စ်တို့နှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ပါ...ဒါပေမဲ့ အကြောင်းတရားအမျိုးမျိုးကြောင့်ကွဲကွာသွားကြတဲ့သူတို့နှစ်ယောက် ပြန်ဆုံတွေ့နိုင်ပါ့မလားဆိုတာပါပဲ...ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့်ထိုခေတ်အခါက ရှေးရိုးစွဲတဲ့လူတွေရဲ့ခံယူချက်တွေ...အချစ်ကို ဗန်းပြပြီး အတ္တကြီးကြတဲ့လူတွေရဲ့စရိုက်တွေ....လူတွေရဲ့ မြေနိမ့်ရာလှံစိုက်ချင်တဲ့စိတ်ဓာတ်တွေကိုကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားပါတယ်..IMDB 8/10 ရရှိထားတာမို့ ကြည့်ရှုလို့နောင်တမရစေရပါဘူးလို့ ပြောကြားရင်း... File Size : ( 1 GB , 482 MB) Quality : WEBRip 720p Running Time : 1 hr 19 min Format : Mp4 Genre : ...
movie

Invisible Life (2019)