Channel Myanmar

Franco Nero

Die Hard 2 (1990) 7.2
Die Hard 2 (1990) ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard 2 (1990)

1990
4K HEVC
The Pope’s Exorcist (2023) 6.2
The Pope’s Exorcist (2023) The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie

The Pope’s Exorcist (2023)

2023
4K HEVC
Letters to Juliet (2010) 6.5
Letters to Juliet (2010) Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41%  ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက်  ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို   ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...   File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie

Letters to Juliet (2010)

2010
The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017