Channel Myanmar

Gordon Lam

Cyber Heist ( 2023 ) 6.3
Cyber Heist ( 2023 ) ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie

Cyber Heist ( 2023 )

Triad Election (2006) 7.3
Triad Election (2006) Triad Election (2006) ~ IMDb - 7.3/10, RT - 96%, Meta - 83% ~Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို ...
movie

Triad Election (2006)

2006
Election (2005) 7.1
Election (2005) Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie

Election (2005)

2005
Limbo ( 2021 ) 7.2
Limbo ( 2021 ) ဟောင်ကောင်တွေကThrillerတွေရိုက်တာပိုင်နိုင်တယ်ဆိုတာဒီကားကိုကြည့်ပြီးတပ်အပ်ပြောလို့ရပါတယ်။အဖြူအမဲဆိုပေမယ့်အရာရာကိုရိုက်ပြထားတာပြတ်သားလွန်းပါတယ်။ရှင်းလင်းပြတ်သားလွန်းလို့ တရုတ်ပြည်မမှာပြသခွင့်မရပါဘူး။ဆိုပေမယ့် ၇၁ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပါတယ်။အဲဒါအပြင် Far East Film Festival မှာဆုရခဲ့တဲ့ အများချီကျူးမှုတွေရခဲ့တဲ့ ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းက​တော့ အရာရှိသင်တန်းဆင်း ဝါနုအရာရှိ ရန်ဝေဟာ ဝါရင့်ရဲအရာရှိအကိုချန်ရှိတဲ့မှုခင်းဌာနမှာတာဝန်ကျပါတယ်။ အကိုချန်ကဝါရင့်ပြီး တစ်မူထူးတဲ့နည်းတွေနဲ့အမှုလိုက်တတ်ပါတယ်။ဆင်တူတဲ့လူသတ်ပုံနဲ့အမှုတွေတစ်ခုပြီးတစ်ခုတိုးလာပြီး စုံစမ်းနေချိန်မှာ ရဲအရာရှိချန်ရဲ့မိန်းမကိုကိုမာဖြစ်အောင်ကားနဲ့တိုက်ခဲ့တဲ့ ကလေကချေမလေး ဝမ်ထောင်ကိုပြန်တွေ့လိုက်ရတော့အရာရှိချန်ကနာကျည်းမှုတွေနဲ့ အထိန်းချုပ်မဲ့သွားပြီး ဝမ်ထောင်ကိုသတ်မိမလိုဖြစ်သွားပါတယ်။ဝမ်ထောင်ကပြန်ပေးဆပ်တဲ့အနေနဲ့ မူးယစ်မှောင်ခို၊ ကားသူခိုးစတာတွေရဲ့သတင်းပေးလုပ်ပေးပါ့မယ်လို့ပြောလာပါတယ်။ဒီလိုနဲ့ ကိုကိုးဆိုတဲ့ တရားခံလက်ဖြတ်တာခံရပေမယ့် အသက်ရှင်နေသေးတဲ့တစ်ဦးသောသူကိုတွေ့လိုက်ရပြီး ဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်ရှုလိုက်ပါနော်။Limbo ကတရုတ်ဝတ္ထု(အံသွား)ဆိုတာကိုပြန်လည်ရိုက်ကူးထားတာပါ။အံဆုံးပေါက်တဲ့အခါနာကျင်ရသလို လူတွေရင်ထဲကနှုတ်လို့မရဖျောက်လို့မရတဲ့နာကျင်မှုမျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။ဒါရိုက်တာကရှင်းရှင်းလင်းလင်းရဲရဲတင်းတင်းရိုက်ပြထားသလိုသရုပ်ဆောင်တွေကလဲတော်တော်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်ရှင်။ Quality : WEB-DL 1080pFormat : mp4During :1h 58minGenres : DramaSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie

Limbo ( 2021 )

Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ....နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Quality : HDRip 1080pFormat : mp4During : 1h 45minGenres : Action , Crime ...
movie

Once Upon a Time in Hong Kong ( 2021 )

Chasing the Dragon II(2019) 6.1
Chasing the Dragon II(2019) Chasing the Dragon II(2019)((WEB-DL 720P ဖြင့် update ပေးထားပါသည်....))(Zawgyi)ဟောင်ကောင်ရဲတပ်ဖွဲ့တဈခုလုံး နေ့စဉ်နဲ့အျမှခေါင်းမီးတောက်နေတယ်.... အေကြာင်းကေတာ့ မူးယဈရာဇာကြီး တဈေယာက်ကြောင့်ပါ..... မူးယဈရာဇာကြီးဟာ ဒီလောကမွာတော့ ဥပဒေကို လက်တဈလုံးခြားနေတဲ့သူပါ... အေတွ့အကြုံပေါင်ျးမားစွာရွိတဲ့အပြင် ပါးနပ်လွန်းတဲ့ သူ့ကိုဖမ်းဆီးဖို့ ရဲတွေအတွက် နေ့စဉ်နဲ့အျမှခေါင်းစားနေရတယ်.. ဒီမူးယဈရာဇာကြီးဟာ ကိစ္စတဈခုကိုဖြေရွင်းဖို့ ငွေကြေး လူသတ်သမားပေါင်းစုံအသုံးပြုပြီး ခြေရျာေဖာက်ပြီး ဥပဒေဘက်တော်သားတွေကိုလွောင်ပြုံးပြုံးနေတတ်တယ်... တစေန့တော့ ရဲတပ်ဖွဲ့က ထက်မြက်တဲ့ ရဲအရာရွိတဈေယာက်ကို စပိုင်အဖြဈ မူးယဈဂိုဏ်းကို ဝင်စေပြီးတော့ သက်သေတွေနဲ့ ထောင်ဖမ်းဖို့ကြိုးစားပါတော့တယ်... ရဲတပ်ဖွဲ့ရဲ့အစီအစဉ်တွေအောင်မြင်မလားဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... ဒီတရုတ်ကားကေတာ့ နာမည်ကြီးမင်းသားတွေဖြဈတဲ့ Jiang Du, Louis Koo, Ka Tung Lam တို့ ပါဝင်ထားပါတယ်... ခုနောက်ထွက်တဲ့တရုတ်ကားတွေထဲမွာ တော်တော်ကြီးကိုမိုက်တဲ့အထဲမွာပါပါတယ်... Louis Koo ဆိုရင် Line Walker ကြည့်တဲ့မြန်မာပရိတ်သတ်တွေအဖို့ မစိမ်းလွပါဘူး.. အလန်းစားတရုတ်ကားမို့ခံစားကြည့်ကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကေတာ့ Naomi Noe ပဲဖြဈပါတယ်...(Unicode)ဟောင်ကောင်ရဲတပ်ဖွဲ့တဈခုလုံး နေ့စဉ်နဲ့အျမှခေါင်းမီးတောက်နေတယ်.... အေကြာင်းကေတာ့ မူးယဈရာဇာကြီး တဈေယာက်ကြောင့်ပါ..... မူးယဈရာဇာကြီးဟာ ဒီလောကမွာတော့ ဥပဒေကို လက်တဈလုံးခြားနေတဲ့သူပါ... အေတွ့အကြုံပေါင်းျမားစွာရွိတဲ့အပြင် ပါးနပ်လွန်းတဲ့ သူ့ကိုဖမ်းဆီးဖို့ ရဲတွေအတွက် နေ့စဉ်နဲ့အျမှခေါင်းစားနေရတယ်.. ဒီမူးယဈရာဇာကြီးဟာ ကိစ္စတဈခုကိုဖြေရွင်းဖို့ ...
movie

Chasing the Dragon II(2019)

2019
The Vanished Murderer ( 2015 ) 5.2
The Vanished Murderer ( 2015 ) ဒီကား​လေးဟာ Imdb5.4ရထားပြီးChinese box officeမှာယွမ်​2.6 millionရထားတဲ့ 2015ထွက်​​​​ဟောင်​​ကောင်​ဇာတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပါတယ်​..ဒီကားထဲမှာ စုန်းတုန်းလုဆိုတဲ့​ရဲအရာရှိတစ်​​ယောက်​ဟာဖူယွမ်​ဆိုတဲ့မိန်းက​လေး​ထောင်​​ဖောက်​​ပြေးတဲ့အမှုကိုလိုက်​စုံစမ်းရင်းဖူယွမ်​ဆီကစာတစ်​​စောင်​ရခဲ့ပါတယ်​...ဒီလိုနဲ့ရှမ်းမြို့ကိုလိုက်​သွားဖို့ဖြစ်​လာပါ​တော့​တယ်​...အဲ့မြို့မှာတိုက်​​ပေါ်ကသတ်​​သေမှု​တွေဆက်​တိုက်​ဖြစ်​လာပြီး​ကောင်းမင်​ရှုံဆိုတဲ့ စီးပွား​ရေးသမားကိုဦးတည်​လာတဲ့အခါ..ဆူပူမှု​တွေ...ဆန္ဒပြမှု​တွေ ...​ဆက်​တိုက်​သတ်​​သေမှု​တွေရဲ့အဓိကကြိုးကိုင်​သူကဘယ်​သူဖြစ်​မလဲ...ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​... Translated & Review By Phyo ZawEncoded By LK
movie


2015
Tales From The Dark 2 (2013) 5.6
Tales From The Dark 2 (2013) Tales From The Dark 2 (2013)____IMDb - 5.6/10    Tales From The Dark 2 ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။    ***(2)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင်တော့ Ching-Yi ဆိုသောအမျိုးသမီးက သူ့ယောကျာ်း က အရင်ငယ်ချစ်ဦးကို မမေ့နိုင်သေးသည်ကို သိရတာကြောင့် ရန်ဖြစ်ရင်း မတော်တဆ သူ့ယောကျ်ားကို သတ်မိလိုက်သော်လည်း ထောင်ထဲမဝင်ချင်သဖြင့် အလောင်းကို ပလတ်စတစ်အုပ်ပြီး လှောင်ပိတ်ပြီး ဖွက်ထားလိုက်ပြီးနောက် ဘာဖြစ်ဆက်ဖြစ်မလဲ.... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။    File size…(847 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:30:00 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie

Tales From The Dark 2 (2013)

2013