Channel Myanmar
Graham McTavish
Aquaman (2018) 6.8
Aquaman (2018) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Aquaman (2018)
2018
4K HEVC
Creed (2015) 7.6
Creed (2015) Creed (2015) ==========Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည် ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (950 MB)  Quality : Blu-Ray 720p Running ...
movie
Creed (2015)
2015
The Witcher: Nightmare of the Wolf (2021) 6.5
The Witcher: Nightmare of the Wolf (2021) ဒီ Animationဇာတ်လမ်းက​တော့ The Witcher universeထဲက ဇာတ်လိုက်​ကျော်ကြီးGeralt of Riviaအ​ကြောင်းမဟုတ်ပါဘူး။သူ့ရဲ့ဆရာ Vesemir : The Nightmare of the Wolfရဲ့ ဘဝဇာတ်​ကြောင်းကို အ​ခြေခံရိုက်ကူးထားတာပါ။ဒါ​ကြောင့် Live Action season1ရဲ့ timelineထက် ပို​စောပါလိမ့်မယ်။ဒီAnimationထဲမှာ Vesemirရဲ့ ငယ်ဘဝဇာတ်​ကြောင်း၊ Witcher တစ်​ယောက်ဖြစ်လာဖို့ ​ကျော်ဖြတ်ရတဲ့စမ်းသပ်မှု​တွေ၊သူ့ရဲ့စွန့်စားခန်း​တွေနဲ့အတူ ​ရှေးအယူအရ သာမန်လူ​တွေရဲ့ witcher​တွေအ​ပေါ် သ​ဘောထားကိုလည်း ​ပေါ်လွင်​အောင်ရိုက်ကူးပေးထားပါတယ်ဒါ့အပြင် Kaedwen တိုင်းပြည်က Madam Tetra Gilcrestကလည်း Witcher​တွေကို ရန်ငြိုးရန်စရှိတဲ့အတွက်​ကြောင့်မ​ကောင်းဆိုးဝါး​​တွေ၊ နတ်ဆိုး​​တွေနဲ့ပူး​ပေါင်းပြီး Vesemirတို့ရဲ့ Witcherတိုင်းပြည်ကြီးကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ....Witcher verseရဲ့ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းအ​ပြောအဆို​တွေ၊ သတ်ခန်းဖြတ်ခန်း​တွေကို ​သွေးသံတရဲရဲနဲ့ ပီပီပြင်ပြင်တင်ဆက်ထားတာ​ကြောင့်R -ratedအဖြစ် သတ်မှတ်လို့ရပါတယ်သိပ်မကြာခင်ထွက်လာ​တော့မယ့် Witcher Season 2မှာလည်း ဒီကားရဲ့ ဇာတ်​ဆောင် Vesemirပြန်လည်ပါဝင်လာမှာမလို့ဒီ​နေ့ထွက်ဇာတ်ကားအသစ်​လေးနဲ့ သူ့ရဲ့ဘဝဇာတ်​ကြောင်း​ကို animation​ကောင်း​ကောင်း၊ ...
movie
The Witcher: Nightmare of the Wolf (2021)
2021
Rambo (2008) 7
Rambo (2008) Rambo (2008)ဆီဗက်စတာ စတားလုံးရဲ့‌အကျော်ကြားဆုံးဇာတ်ကောင်၂ခုထဲက တစ်ခုဖြစ်တဲ့ ရမ်ဘိုကားတွေကို အက်ရှင်ကား ဖန်‌တွေအတော်များများ သဘာကျကြပါတယ်။ တိုက်ခန်းခိုက်ခန်းတွေလည်း ကြမ်းသလို စတားလုံးကြီးချတာလည်း အားရစရာကောင်းတာကိုး။ ဒီကားဟာလည်း Rambo-4 လို့ဆိုရအောင် လုံးဝ အကြမ်းပတမ်းတစ်ကားထဲမှာ အပါအဝင်ပါပဲ။ ရှယ်ကြမ်းပါတယ်။မြန်မာပြည်နယ်စပ်နဲ့ထိုင်းနယ်စပ်တို့မှာရိုက်ကူးထားပြီး မြန်မာပြည်အကြောင်းတချို့တလေ ထည့်သွင်းဖော်ပြထားတာကြောင့် မြန်မာထိုင်းသရုပ်ဆောင်တချို့လဲပါဝင်ထားပါတယ်။ဒီကားရထားတဲ့ IMDb rating 7 ကလည်း လူပေါင်း နှစ်သိန်းကျော်ကနေ ရထားတာဆိုတော့ ကြည့်ရအတော် အားရဖို့ကောင်းပါလိမ့်မယ်။ ရိတ်တင် သိပ်မကောင်းနေရင်တောင် ဇာတ်ကားရဲ့ ဇာတ်လမ်းကြောင့်၊ ရမ်ဘိုကြီး ရှယ်ကြမ်းပြ ရမ်းပြ သတ်ပြထားတဲ့သူတွေကြောင့် ဘယ်လိုပဲဆိုဆို အတော်လေးကို ဝမ်းသာပီတိ ဂွမ်းဆီထိ ကြည့်ရ ဖီးလ်ရှယ်ရှိမယ့်ဇာတ်ကားပါပဲ။Size - 2.7GB, 1.01GB Quality - Blu-ray 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre ...
movie
Rambo (2008)
2008
Colombiana (2011) 6.4
movie
Colombiana (2011)
2011
The Finest Hours (2016) 6.8
The Finest Hours (2016) The Finest Hours (2016) IMDb - 6.8/10______Rotten - 64%အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့ သေမလောက်ထိတ်လန့်စရာကောင်းပေမယ့် ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ ဆီတင်သဘောၤတွဲကြီး နှစ်စင်းဟာ ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့ ဇာတ်အိမ်တည်ထားပါတယ် ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ် ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို ထွက်လာရပါတော့တယ် တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောၤပေါ ်က သဘောၤသားတွေရဲ့ အသက် ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ တွေကိုတင်ဆက်ထားပြန် ပါတယ် ဆဲလ်ဘက်လို့ခေါ ်တဲ့သဘောၤသားရဲ့ခေါင်းဆောင် ှုမှုအောက်မှာသဘောၤသားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော သဘောၤသားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့ မလားဆိုတာကိုတော့……………………ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့် ဒီဇာတ်ကားလေးဟာ IMDb rating 6.8/10ရရှိထားပြီး Action,Thriller အမျိုးအစားဖြစ်ပါတယ် Actionကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။File Size :799 MB Quality :720 Blu-Ray Format :MP4 Substitle :Myanmar Substitle(hardsub) Encoder       ...
movie
The Finest Hours (2016)