Channel Myanmar

Graham Verchere

Stargirl(2020) 6.5
Stargirl(2020) Stargirl(2020)(Unicode)ဒီဇာတ်ကားလေးကတော့ အမေရိကန်စာရေးဆရာ Jerry Spinelli ရဲ့ဝတ္တုကိုအခြေခံရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... အထက်တန်းကျောင်းသားတွေဖြစ်တဲ့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ထူးခြားတဲ့နာမည်ပိုင်ရှင်စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ.... ‌အရင်ကဘာပြိုင်ပွဲမှာမှဆုမှဖူးတဲ့ Mug Frogsအထက်တန်းကျောင်းဟာ ထူးခြားမှုတွေပြည့်နေတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက် ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ ... ဆုတံဆိပ်တွေရရှိဖို့ အလှည့်အပြောင်းတွေဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်... စတားဂဲလ်ဟာလဲ ကျောင်းအတွက် လူတိုင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးတစ်ကောင်လိုဖြစ်လာပါတယ်... သူမရှိရင်မဖြစ်ဆိုတဲ့အခြေအနေထိရောက်အောင် သူကလူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်.. ဒါပေမယ့် လူတိုင်းကိုကူညီတတ်တဲ့စတားဂဲလ်တစ်ယောက် အကူအညီမလိုအပ်တဲ့သူတွေကို ကူညီပေးမိတဲ့အတွက်ကြောင့် ပြဿနာ အကြီးကြီးတက်ပါတော့တယ်...အဲ့ဒီပြဿနာကရောဘာလဲ... သူမ အခက်အခဲဖြစ်နေချိန်မှာ အနားမှာ ဘယ်လိုကောင်လေးမျိုးရောက်လာမလဲ.... ဒီကားလေးဟာ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်ပြီးတော့ ကျွန်တော်တို့ကို တွေးစရာတွေအများကြီးပေးနိုင်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဆယ်ကျော်သက်ဘဝမှာအချစ်ကိုတွေ့ရှိချိန် ဖြစ်တတ်တဲ့ ကြည်နူးမှုတွေ ဝမ်းနည်းမှုတွေ ကျွန်တော်တို့နေ့စဥ် သတိမထားမိပဲ လုပ်နေမိကြတဲ့ အမှားတွေ လူတိုင်းကိုမကူညီသင့်ဘူးဆိုတဲ့အကြောင်းတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ရှင်းရှင်းလင်းလင်းရိုက်ကူးထားတာကို တွေ့ရပါတယ် ဇာတ်ကားထဲမှာပါဝင်တဲ့ သီချင်းလေးတွေကလဲ အရမ်းကောင်းတဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီး ကြည့်ရတာတန်လိမ့်မယ်လို့ ယုံကြည်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်....(zawgyi)ဒီဇာတ်ကားလေးကတော့ အမေရိကန်စာရေးဆရာ Jerry Spinelli ရဲ့ဝတ္တုကိုအခြေခံရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... အထက်တန်းကျောင်းသားတွေဖြစ်တဲ့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ထူးခြားတဲ့နာမည်ပိုင်ရှင်စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ.... ‌အရင်ကဘာပြိုင်ပွဲမှာမှဆုမှဖူးတဲ့ Mug Frogsအထက်တန်းကျောင်းဟာ ထူးခြားမှုတွေပြည့်နေတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက် ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ ... ဆုတံဆိပ်တွေရရှိဖို့ အလှည့်အပြောင်းတွေဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်... စတားဂဲလ်ဟာလဲ ကျောင်းအတွက် လူတိုင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးတစ်ကောင်လိုဖြစ်လာပါတယ်... သူမရှိရင်မဖြစ်ဆိုတဲ့အခြေအနေထိရောက်အောင် သူကလူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်.. ဒါပေမယ့် လူတိုင်းကိုကူညီတတ်တဲ့စတားဂဲလ်တစ်ယောက် အကူအညီမလိုအပ်တဲ့သူတွေကို ကူညီပေးမိတဲ့အတွက်ကြောင့် ပြဿနာ အကြီးကြီးတက်ပါတော့တယ်...အဲ့ဒီပြဿနာကရောဘာလဲ... သူမ အခက်အခဲဖြစ်နေချိန်မှာ အနားမှာ ဘယ်လိုကောင်လေးမျိုးရောက်လာမလဲ.... ဒီကားလေးဟာ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်ပြီးတော့ ကျွန်တော်တို့ကို တွေးစရာတွေအများကြီးပေးနိုင်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဆယ်ကျော်သက်ဘဝမှာအချစ်ကိုတွေ့ရှိချိန် ဖြစ်တတ်တဲ့ ကြည်နူးမှုတွေ ဝမ်းနည်းမှုတွေ ...
movie

Stargirl(2020)

Summer of 84 (2018) 6.7
Summer of 84 (2018) ပေ့ါပေါ့ပါးပါး နဲ့ ကြောက်စရာကောင်းတဲ့ Summer of 84 ပါ။Horror ကားဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝတွေကို ခပ်ပါးပါးလေး လွမ်းမိသွားအောင် ပြထားနိုင်ပါတယ်။သတ်နေဖြတ်နေတဲ့ဇာတ်ကားမျိုးမဟုတ်ပဲ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားတာမျိုးကို ရိုးရိုးလေးပဲချပြထားတာပါ။ဇာတ်လမ်းက စုံထောက်ဇာတ်လမ်းလို စိတ်ဝင်စားစရာတွေကိုမျက်မှောင်ကြီးကြုံ့ပြီး ကြည့်မနေရပဲနဲ့ စိတ်ဝင်စားစရာအချက်တွေကို ပေါ့ပေါ့ပါးပါးလေးပဲပြပေးထားပါတယ်။၁၉၈၀ ကနွေရာသီတစ်ခုမှာ ဒီအတိုင်းနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါး ဖြတ်သန်းရင်း Davies တစ်ယောက် အိမ်နီးချင်းတစ်ယောက်ကို Cape May Slayer လို့ခေါ်တဲ့ ပျောက်နေတဲ့လူသတ်သမားလို့ သံသယဝင်မိတာကစပြီးတော့ သူ့ရဲ့ လူသတ်သမားရှာပုံတော်ကြီးကို စဖွင့်ပါတော့တယ်။အဲဒီအိမ်နီးချင်းက သူထင်သလိုပဲ လူသတ်သမားဖြစ်နေမလား။ဒီအတိုင်း ကလေးချစ်တတ်တဲ့ ရဲသားကြီးတစ်ယောက်ပဲလားဆိုတာ ကြည့်ကြည့်လိုက်ပါတော့။အဲဒါနဲ့ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.7 ဖြစ်ပြီးတော့ လူတိုင်းဟာ အတွဲလိုက်လူသတ်သမားတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေနိုင်ပါတယ်ဆိုတဲ့ စကားလေးနဲ့ စထားပြီးတော့ အဲဒါလေးနဲ့အဆုံးသတ်ထားပါတယ်။နည်းနည်း Spoil မယ်နော် လူသတ်သမားရဲ့ နောက်ဆုံးလုပ်သွားတဲ့အကွက်လေးလှတယ်ဗျာ xD(d3mon ...
movie

Summer of 84 (2018)

2018
Woody Woodpecker (2017) 4.2
Woody Woodpecker (2017) တစ်နေ့ သူနေထိုင်တဲ့သစ်တောကို အဲ့ဒီတောအုပ်ကိုပိုင်တဲ့ လူတစ်ယောက်ရောက်လာပါတော့တယ်…အဲ့ဒီလူက တခြားမြို့ကနာမည်ကြီးရှေ့နေတစ်ဦးဖြစ်ပြီး..သူဟာရှေ့နေအကျိုးဆောင်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရပြီးတဲ့နောက် သူအမွေရထားတဲ့ ကနေဒါနယ်စပ်နားက တောအုပ်မှာ အိမ်ဆောက်ဖို့ရောက်လာတာပါ…သူ့ရည်ရွယ်ချက်က အဲ့ဒီတောအုပ်မှာအိမ်ကောင်းကောင်းတစ်လုံးဆောက်ကာ ပြန်ရောင်းပြီး ရတဲ့ငွေနဲ့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းပြန်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ….အဲ့ဒီသစ်တောကိုရောက်တဲ့အခါမှာ သစ်တောက်ငှက်လေးဝူဒီဟာ အိမ်ဆောက်တဲ့လုပ်ငန်းကိုလိုက်လံနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးနဲ့သူ့ရည်းစားရဲ့ မျက်မုန်းကျိုးခြင်းကိုခံရသလောက် သူ့သားတွမ်မီနဲ့တော့ အတော်ကိုရင်းနှီးတဲ့ဆက်ဆံရေး ရရှိလာခဲ့ပါတယ်…ဝူဒီဟာ ရှေ့နေရဲ့အိမ်ဆောက်လုပ်ငန်းကိုနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးဟာ မှောင်ခိုမုဆိုးတွေကို အခကြေးငွေပေးပြီး ဝူဒီကိုဖမ်းခိုင်းပါတော့တယ်…ပေါ့ပေ့ါပါးပါး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ရယ်မောပျော်ရွှင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ….(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-CADAVER Translated by ...
movie

Woody Woodpecker (2017)

2017