Channel Myanmar

Guo Jun

Beauty Dart ( 2022 )
Beauty Dart ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းလေးကတော့ -တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်....! ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီး အိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက် တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ...? အဲဒီ သစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ....?❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ? ❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ? ❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုး ပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie

Beauty Dart ( 2022 )

Once Upon a Time in Shanghai (2014) 6.7
Once Upon a Time in Shanghai (2014)  ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကား​ဟောင်း ကား​ကောင်းတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ ဂျပန်​ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို​ ​နောက်ခံထားပြီး ဂိုဏ်း​တွေ ဂိုဏ်း​ခေါင်း​ဆောင်​တွေရဲ့ ပိုင်နက်အရှုပ်​တော်ပုံ​တွေကြားက ကွန်ဖူးပညာပြခန်း​တွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်​တော်တို့​ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbက​တော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူ​တွေ လာကြတဲ့မြို့ကြီးပါ။ ဒါ​ပေမဲ့ အလွှာ​ပေါင်းစုံ၊ လူ​ပေါင်းစုံရှိ​နေတဲ့ မြို့ကြီး ဖြစ်​နေတာ​ရယ် ​​ခေတ်မီတိုးတက်သ​လောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှု​​တွေ အ​​တော် များတာရယ်​ကြောင့် ​ကောင်းစားသွားသူထက် လက်​လျော့သွားသူ၊ အသက်​ပေးလိုက်ရသူ​တွေက ပိုများ​နေတာပါ။မာ​ဝေကျင်းဆိုတဲ့ ​ကောင်​လေးတစ်​ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ​ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်​​တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်း​ခေါင်း​​ဆောင် ​လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ​ ဂိုဏ်း​ပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်​နေတဲ့ ​လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာ​ဝေကျင်းကို တပည့်အဖြစ် ​မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ​မာ​ဝေကျင်းနဲ့ ...
movie

Once Upon a Time in Shanghai (2014)

The Labyrinth ( 2022 ) 6.6
The Labyrinth ( 2022 ) ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie

The Labyrinth ( 2022 )

House of Flying Daggers (2004) 7.6
House of Flying Daggers (2004) ရယူခြင်းဟာ အချစ်တဲ့လား ပေးဆပ်ခြင်းဟာအချစ်ပဲလား တချို့လူတွေဟာ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ပိုင်ဆိုင်ဖို့ ပေါင်းစည်းဖို့ကြိုးစားတာကို အချစ်လို့သမုတ်ကြပေမယ့် တချို့တွေကတော့ ထိုအချိန်မှာချစ်သူကိုစွန့်လွတ်ရင်း ပေးဆပ်ရင်း ချစ်နေတာကို အချစ်စစ်လို့ခေါ်ကြပြန်တယ် စသည်ဖြင့်သို့လော သို့လောတွေနဲ့ အချစ်အကြောင်းကို မသိခင် ငယ်စဉ်အခါက တီဗီရှေ့မှာဖီးလ်ခဲ့ရဖူးတဲ့ အချစ်ကားတွေထဲမှာ ဒီဇာတ်ကားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင် တရုတ်ပြည် အေဒီ၅၈၉မှာ အင်အားကြီးတန်မင်းဆက်ဟာ အားလျော့ခဲ့လာပြီး တိုင်းပြည်ကို မနိုင်မနင်း အုပ်ချုပ်နေရချိန်ဖြစ်ပါတယ် သူပုန်အဖွဲ့တွေ အများအပြားသောင်းကျန်းနေချိန်မှာ အင်းအားအကြီးဆုံးနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေတဲ့အဖွဲ့ကတော့ ဓားပျံတို့ရဲ့ဂေဟာ လို့ခေါ်တဲ့အဖွဲ့ဖြစ်ပါတယ် မြို့တွင်းပျော်ပွဲစားရုံတစ်ခုမှ မျက်မမြင်ကချေသည်မိန်းကလေးတစ်ဦးဟာ သူပုန်အဖွဲ့ဝင်တစ်ဦးလို့ သံသယ ရှိခြင်းခံရပြီး အစိုးရဋ္ဌာနမှုးနှစ်ဦးဖြစ်တဲ့လီယိုနဲ့ဂျင်ဟာ ထိုမိန်းကလေးနောက်ကို လိုက်ရင်း သူပုန်အဖွဲ့ရဲ့ နေရာကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ် မိန်းကလေးကိုအယုံသွင်းကာ သူ့မူလနေရာကိုပြန်ပို့ပေးရင်း နေရာကိုဖော်ထုတ်ရမယ့်တာဝန်ကိုယူတဲ့ဂျင်ဟာ ရဲမက်တွေရန်မှကာကွယ်ရင်း ထိုမိန်းကလေးအပေါ်ချစ်မိသွားကာ ဇာတ်လမ်းရဲ့အရှိန်ကိုပိုမြင့်လာစေခဲ့ပါတယ်… အချစ်ဆိုတာ တကယ်တော့ ချစ်နေဖို့လိုအပ်သလို  တခါတလေကျတော့လည်း အချစ်ကြောင့်ပဲ ကိုယ့်ဘဝတစ်ခုလုံးရင်းရဲတဲ့သတ္တိတွေရှိလာခဲ့ပါတယ်… သိုင်းကားလေးတစ်ကားဖြစ်ပေမယ့် အမိုက်စား ဇာတ်လမ်းအစကနေအဆုံးထိအားလုံးရဲ့စိတ်ဝင်စားမှု့တွေကို အဆုံးထိဆွဲခေါ်သွားမယ့်ကားတစ်ကားဖြစ်ပါတယ်… Imdb 7.6နဲ့RT မှာတော့88%ရရှိထားပြီး နာမည်ကျော်Heroဇာတ်ကား Great ...
movie

House of Flying Daggers (2004)

2004