Channel Myanmar

Henry Fong Ping

Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Dragon Fight (1989) 5.9
Dragon Fight (1989) Dragon Fight (1989)ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက ...
movie

Dragon Fight (1989)

1989
Lost and Found (1996) 7.2
Lost and Found (1996) Lost and Found (1996)~ IMDb - 7.2/10, Rotten Tomatoes - 76% ~နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ...
movie

Lost and Found (1996)

1996
The Silent War (2012) 6.2
The Silent War (2012) CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ "Ting feng zhe" ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာ အခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာ ပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။ ဒီလို လုပ်ဆောင် ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကို ကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီလို အချိန်မှာ ...
movie

The Silent War (2012)

2012