Channel Myanmar

Heo Jung-Eun

A Hard Day ( 2014 ) 7.2
A Hard Day ( 2014 ) A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာတောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun ကဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woongတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာသူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက်အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကိုတိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ?လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား?ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။မင်းသား Lee Sun-kyun ...
movie

A Hard Day ( 2014 )

2014