Channel Myanmar

Hugh Laurie

Stuart Little 2 (2002) 5.5
Stuart Little 2 (2002) Stuart Little 2 (2002)=================ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rob Minkoff က ရိုက်ကူးခဲ့တဲ့ family/comedy ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေ ရပေမယ့် Stuartကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့ နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့ Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ Margalo နဲ့ ရန်သူကြီးကရော ဘယ်လို တွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်လွင်စေတဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူး ပြသထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size ...
movie

Stuart Little 2 (2002)

2002
Stuart Little (1999) 5.9
Stuart Little (1999) Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie

Stuart Little (1999)

The Oranges (2011) 5.8
The Oranges (2011) The Oranges (2011)CM ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊ ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူးသူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးစာကြွင်း - ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်  Translated by MTAEncoded by YKFile Size : 1.58GB and 791MBQuality : 1080p Blu-Ray H264 ...
movie

The Oranges (2011)

Street Kings(2008) 7.0
Street Kings(2008) Street Kings(2008)၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်းပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ...ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်.....သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ....သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလိုလှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်...ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလိုအခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်.....အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်.....ဒီကားကမင်းသားကြီး  Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်...ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်....ဇာတ်အိမ်လည်းကောင်းသလိုအစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ......စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File Size :(1.99GB)(942 MB) and (347 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:49:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie

Street Kings(2008)

The Personal History of David Copperfield (2019) 6.3
The Personal History of David Copperfield (2019) The Personal History of David Copperfield (2019)====================================IMDb Rating - 6.3/10Rotten Tomatoes – 94 %#Unicodeဒီဇာတ်ကားက အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရဲ့ ဂန္ဓာဝင်ဝတ္ထုတွေထဲကတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းဖန်တီးထားတာဖြစ်ပါတယ်။ ဒေးဗစ်ကိုပါဖီး တစ်ယောက် ဟာ ငယ်စဉ်က ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာရပြီး အပူအပင်မရှိဖြတ်သန်းလာခဲ့ရတာပါ ။ မွေးကတည်းက အဖေဆိုတာကို နာမည်သာကြားခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ မိခင် ကလာရာကိုပါဖီးကကြွယ်ဝချမ်းသာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက်လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သာယာပျော်ရွှင်နေတဲ့ ဒေးဗစ်တို့ဘဝကို မုန်တိုင်းတစ်ခုကျရောက်ပါတော့တယ် ။ ဒေးဗစ်ရဲ့အမေဟာအသက်ငယ်ရွယ်တဲ့သေးတဲ့အပြင် ရုပ်ရည်ပါလှပတဲ့အတွက် နောက်အိမ်ထောင်ပြုဖို့ကမခက်ခဲခဲ့ပါဘူး။ဒါပေမယ့် ဒေးဗစ်ရဲ့အမေ ရွေးချယ်လိုက်တဲ့သူက ဒေးဗစ်အတွက် ကံကကြမ္မာဆိုးသဖွယ်ပါပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ကိုအပြည့်အဝအသုံးချကာ ဒေးဗစ်အပေါ်ရက်စက်ပါတော့တယ်။ အဲ့ဒါအပြင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဒေးဗစ်ကို လန်ဒန်ကိုတစ်ယောက်တည်း ပို့လိုက်ပါတော့တယ် ။ ငယ်ရွယ်လွန်းတဲ့ဒေးဗစ်ဟာ ဆင်းရဲဒုက္ခတွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ...
movie

The Personal History of David Copperfield (2019)

2020
The Man in the Iron Mask (1998) 6.5
The Man in the Iron Mask (1998) The Man in the Iron Mask (1998)_____IMDb - 6.5/10    သင်သာ စာပေတွေကို နှစ်ခြိုက်တဲ့လူတစ်ယောက်ဆိုရင် Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ။ ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက် အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့ ရာမီ ပေါသိုး အားသိုး ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ။ The Man in the Iron Mask ဟာလည်း Classic စာပေ တန်း ဝင်ခဲ့ပါတယ်။ ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး။ ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့ Sequel လို့ ဆိုနိုင်ပါတယ်။ Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းကိုတော့ Spoil သလို ဖြစ်နေမှာ စိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး။ The Three Muskteersကို အရင်ကြည့်ထားရင်တော့ ဒီထဲက ဒါးတညံနဲ့ ရာမီတို့သုံးယောက်ရဲ့ ဆက်ဆံရေးကို ပို သဘောပေါက်မှာပါ။ ကဲ..... ...
movie

The Man in the Iron Mask (1998)

1998
Arthur Christmas (2011) 7.1
Arthur Christmas (2011) Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ...
movie

Arthur Christmas (2011)

2011
Tomorrowland ( 2015 ) 6.4
Tomorrowland ( 2015 ) IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး . မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့ အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက် ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး ထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့ အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။ အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့ စီမံကိန်းတစ်ချို့ကို ...
movie

Tomorrowland ( 2015 )