Channel Myanmar

Hyun-kyoon Lee

3 IRON (2004) 8.1
3 IRON (2004)   ဆိုက်ကို ဆန်ဆန် ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ထူခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားက စကားတစ်ခွန်းမှပြောမသွားတာပဲ (ဘာသာပြန်ရတာသက်သာတာပေါ့????????) သူက ဆိုင်ကယ်တစ်စီးနဲ့ ပန်းဖလက်တွေကို အိမ်တွေရဲ့ သော့ပေါက်တွေမှာလိုက်ကပ်တယ် ပြီးတော့ ညကြမှလာပြန်ကြည့် ပန်းဖလက် မကွာသေးတဲ့ အိမ်တွေဆို သော့တုနဲ့ဖွင့်ပြီး အိမ်ထဲကိုဝင် စားစရာရှိတာချက်ပြုတ်စား၊ ရေချိုး၊ ရုပ်ရှင်ကြည့်၊ ပျက်နေတဲ့ ပစ္စည်းတွေတွေ့ရင်ပြင်၊ အမြင်မတော်တာတွေကောက်သိမ်း၊ အဝတ်တွေလျော် သူအိမ်လိုပဲနေတယ် ပြီးရင် ဘာပစ္စည်းမှမယူပဲ ဒီအတိုင်းပြန်ထွက်သွားတယ် တစ်ရက်ကျတော့ လူမရှိဘူးထင်ပြီး သူဖောက်ဝင်ခဲ့တဲ့ အိမ်ထဲမှာ အတင်းအကျပ်လက်ထပ်ယူထားပြီး နှိပ်စက်ခံထားရတဲ့ မိန်းမတစ်ယောက်နဲ့သွားဆုံတယ် ပြီးတော့ အဲ့မိန်းကလေးကို နှိက်စက်နေတဲ့သူကို ဂေါက်သီးနဲ့ တည်ရိုက်ပြီးတော့ ထွက်လာတော့ အဲ့မိန်းမကလဲ လိုက်လာတယ် ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်အိမ်ပြီးတစ်အိမ် လိုက်ဖောက်ပြီးနေနေရင်းနဲ့မှ ကြိုက်သွားကြတယ်ပေါ့ဗျ တစ်နေ့ကြတော့ သူတို့ ဖောက်ဝင်တဲ့ အိမ်ထဲမှာ သေဆုံးနေတဲ့ အဖိုးကြီးတစ်ယောက်ကို တွေ့တဲ့အခါ သူတို့ ဘာတွေဆက်လုပ်ကြမလဲ....? ဒီဇာတ်ကားကတော့ ကျော်ကိုယ်တိုင် ကြည့်ဖူးသမျှ ကိုရီးယားကားတွေထဲက အကြိုက်ဆုံးဇာတ်ကားပါ ဇာတ်အိမ်က နားထောင်ကြည့်ရင် ပျင်းစရာကြီးဆိုပေမယ့် ဇာတ်ကားပြီးတြ့အထိ ကောင်းကောင်းဆွဲဆောင်သွားနိုင်တဲ့ ကားပါ 2004 တုန်းကထွက်ထားတာဖြစ်ပြီး IMDb 8.1 အထိရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်ကားဆန်းဆန်းလေးတွေ ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ ...
movie

3 IRON (2004)

2004