Channel Myanmar

Ingeborga Dapkūnaitė

Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC
Seven Years in Tibet(1997) 7.0
Seven Years in Tibet(1997) Seven Years in Tibet (1997)PG-13 | 136 min | Adventure, Biography, DramaIMdb rating......  7" တို့ တိဗက်မှာ စကားတစ်ခွန်းရှိတယ်...  ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာတစ်ခုဆိုရင် အဲ့ဒီအတွက် ပူပန်နေစရာ မလိုဘူး  ဖြေရှင်းလို့မရနိုု်င်ဘူးဆိုရင်တော့.. ပူပန်ခြင်းနေတာက အလကားပဲ"    ဒီစကားက ငြိမ်းချမ်းလွန်းတဲ့ တိဗက်ရဲ့ အတွေးအခေါ် ဝါဒကို  ရှင်းရှင်းလင်းလင်း ပေါ်လွင်စေမှာပါ။ တိဗက်ဆိုတဲ့ နယ်မြေအကြောင်း  ကို မြန်မာ စာရေးဆရာတွေလည်း ရေးခဲ့ကြပါတယ်။Seven year in Tibet ဆိုတဲ့  သြစတြီးယား တောင်တက်သမား Heinrich Harrer ရဲ့   ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ   ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့  ခံစားတွေ့မြင်ရမှာပါ။ တိဗက်ရဲ့မိုးကောင်းကင်နဲ့  ထိလုနီးပါးဖြစ်နေတဲ့တောင်တန်းကြီးတွေ ကျယ်ပြန့်လှတဲ့လွင်ပြင်ကျယ်ကြီးတွေကို  တွေ့မြင်ခံစားရမှာပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာတရားအပေါ်   ထူးခြားတဲ့သက်ဝင်ယုံကြည်မှုတွေ အယူဝါဒတွေ ဓလေ့တွေကိုလည်း   တွေ့ရမှာဖြစ်ပါတယ်။ဒီ အဖြစ်အပျက်တွေဟာ...   ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ခုနှစ်နဲ့၁၉၅၁ခုနှစ်ကြား   တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ကွန်မြူ နစ်တပ်မတော် မကျူ းကျော်မီ   ၁၉၅ဝဝန်းကျင်က အကြောင်းအရာတွေပါ။Heinrichဟာ အခြေအနေတစ်ခုကြောင့်  တိဗက်ကို ဖြတ်လာရင်း တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း  ...
movie

Seven Years in Tibet(1997)

1997