Channel Myanmar

J.T

Soul of Blades ( 2021 )
Soul of Blades ( 2021 ) "ဓားကိုသွန်းမလုပ်ခင် ဓားဝိညာဥ်ကိုအရင်သွန်းလုပ်ရတယ်။ ဒါမှ ဓားနဲ့ဓားပိုင်ရှင်ဟာတစ်ထပ်တည်းကျပြီး အချင်းချင်းဆက်သွယ်နိုင်တယ်" တဲ့။နန်ကုန်းအိမ်တော်ကသွန်းလုပ်တဲ့ လောကမှာအကောင်းဆုံး ပထမတန်းစားဓားလို့ညွှန်းဆိုရလောက်တဲ့ ရွှေရောင်ဓားဟာ ထိပ်သီးသိုင်းသမားချင်ယိယောက်ရဲ့လုယူသွားခြင်းကိုခံရပါတယ်။ ဓားရဲ့ဂုဏ်သတင်းကြောင့် သိုင်းလောကလူအများရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး လူပေါင်းများစွာဟာအဲ့ဒီဓားနောက်လိုက်နေကြပါတယ်။ချင်ယိသောက်ဟာတစ်လောကလုံးနဲ့တစ်ယော​က်တည်းဖြစ်နေပြီး ထွက်ပြေးပုန်းရှောင်ရပါတော့တယ်။ ကံကြမ္မာဆုံချင်တော့ ထွက်ပြေးတဲ့လမ်းမှာ ခွေးလေးလို့ခေါ်တဲ့သူတောင်းစားလေးနဲ့တွေ့ခဲ့ပြီးသားအဖြစ်မွေးစားခဲ့ပါတယ်။တရားမျှတမှုမရှိတဲ့လောကကြီးမှာ သူတို့သားအဖရှင်သန်နေထိုင်လာရင်း နန်ကုန်းအိမ်တော်ရဲ့သခင်မလေးဟာ သူတို့ကိုတွေ့သွားပါတော့တယ်။ နန်ကုန်းသခင်မလေးဟာ ချင်ယိသောက်ရဲ့မွေးစားသားကို မာယာနဲ့ချဥ်းကပ်ပြီး မွေးစားအဖေကိုပြန်သတ်အောင် သွေးထိုးပေးချိန်မှာတော့...သိုင်းလောကအရှုပ်အထွေးနဲ့အတူ အချစ် အမုန်း ရန်ငြိုးတို့ရဲ့ကြားမှာ ကလဲ့စားဟာဘယ်လိုအဆုံးသတ်လေမလဲ။ ဆန်းကြယ်တဲ့ ပထမတန်းစားဓားရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။ နောက်ဆုံးမှာလောကပထမဓားကိုဘယ်သူက ပိုင်ဆိုင်သွားပြီး ရှုပ်ထွေးနေတဲ့လောကကို ကယ်တင်နိုင်မလဲ။ ဘယ်သူက သူရဲကောင်းအစစ်အမှန်ဖြစ်လေမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Soul of Blades ( 2021 )