Channel Myanmar

Jackie Shroff

Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
Mast Mein Rehne Ka (2023) 8.0
Mast Mein Rehne Ka (2023) Mast Mein Rehne Ra (2023) သူခိုးများရဲ့ည IMDb - 8.0/10နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် တိုက်ဂါးရှရော့ဖ်ရဲ့ ပါပါး မင်းသားကြီး ဂျက်ကီရှရော့ဖ်နဲ့ မင်းသမီးကြီးနီနာဂုပတာတို့ပါဝင်ထားပြီး Gully boy(2019)မှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဒိုင်ယာလော့တွေကိုရေးပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ သရုပ်ဆောင် ဒါရိုက်တာကြီး ဗီဂျေးမာရူယာက ရိုက်ကူးထားတာပါ။ အထူးအနေနဲ့ကတော့ ဘောလိ၀ုဒ်ရဲ့ နာမည်ကျော်အကဆရာမဖြစ်တဲ့ ရာခီဆာဝန့်က cameoပါဝင်ထားပါတယ်။ဖြစ်ရပ်တွေက အချိန်မတိုင်ခင်ဖြစ်တယ် အချိန်တိုင်ပြီးလည်းဖြစ်တယ် ဘာလို့ အချိန်မှန်ကျ မဖြစ်ရတာလဲ... ဆက်နွှယ်မှုဆိုတာဘာလဲသိလား ဆက်နွှယ်မှုဆိုတာဒီလောကကြီးမှာ အန္တရာယ်အရှိဆုံးအရာတစ်ခုပဲ လူတစ်ယောက်နဲ့ ဆက်နွှယ်မိသွားရင် မင်းရဲ့မာနတွေ အကုန်ခဝါချရလိမ့်မယ်။။တစ်မြို့ထဲမှာပဲကိုယ်စီအခက်အခဲတွေနဲ့ ဘဝလေးခု-အထီးကျန်လွန်းလို့ ဘဝကြီးကိုစိတ်ကုန် အိမ်ဝင်ခိုးတဲ့သူခိုးကိုတောင်သတ်သွားပါလို့တောင်းပန်နေရတဲ့ အထီးကျန်အားငယ်နေရတဲ့အဘိုးကြီးတစ်ယောက် -နိုင်ငံခြားကနေ အမိနိုင်ငံကိုပြန်လာပေမဲ့ ခြွေရံပေါင်းသင်းမရှိ ပတ်ဝန်းကျင်နဲ့ခင်မင်ရင်းနှီးချင်လွန်းတဲ့ နိုင်ငံခြားပြန်အဘွားကြီးတစ်ယောက် -ရိုးသားကြိုးစား စက်ချုပ်စားပေမဲ့ ကံကြမ္မာမျက်နှာသာမပေးခံရတဲ့ စက်ချုပ်သမားလေးတစ်ယောက် -ကြမ်းတမ်းတဲ့လောကဓံအကြား ဘဝကိုဒေါင်ကျကျပြားကျကျ အကောင်းဆုံးရှင်သန်နေတဲ့ကောင်မလေးတစ်ယောက်အဘိုးကြီးနဲ့အဘွားကြီး စက်ချုပ်သမားနဲ့ကောင်မလေး ဒီအတွဲနှစ်တွဲဆုံတွေ့ကြပုံကလည်းထူးဆန်းသလို အချင်းချင်းဖေးမရင်းဘဝကိုဖြတ်သန်းကြပုံကလည်း ရိုးရှင်းလှပနေတဲ့ဇာတ်လမ်းတစ်ပုဒ်ဒီအတွဲ၂တွဲတို့ရဲ့ အချစ်ဇာတ်လမ်းကိုကြည့်ရင်း Timing ဆိုတာ လက်တွေ့ဘဝမှာ အရေးကြီးကြောင်း Timing မကိုက်တဲ့ဇာတ်လမ်းတွေက နောင်တတွေနဲ့သာအဆုံးသတ်ရတတ်ကြောင်းကို မျက်ဝါးထင်ထင်ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ...
movie

Mast Mein Rehne Ka (2023)

2023
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Ottu (2023) 5.9
Ottu (2023) Ottu (2023)မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါ သူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီး အတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းက ရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါ အက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေ‌တွေရှိတဲ့နေရာပါမေ့သွားပါတယ် အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့ အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း 5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင် File size…1.7GB / 800MB Quality…1080p WEB DL /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~NyeinAye
movie

Ottu (2023)

2023
Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Phone Bhoot (2022) 6.9
Phone Bhoot (2022) Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB  / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie

Phone Bhoot (2022)

2022
Raaz: The Mystery Continues…(2009) 5.7
Raaz: The Mystery Continues…(2009) Raaz: The Mystery Continues (2009) Horror, Mystery, Romance IMDb 5.7/10 (3.8K)အခုတစ်ခါမှာလည်း ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီကားမှာတော့ မင်းသားကြီး အင်မရန်းဟက်ရှမီနဲ့ မင်းသမီး ကန်ဂနားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားလေးက Jan 2009 လောက်ကထွက်ရှိခဲ့တာဖြစ်ပြီး သုံးထားတဲ့ ဘားဂျက် ရူပီ ၁၈ကုဋေမှာ ရူပီ ၃၈ကုဋေပြန်ရခဲ့ပြီး အတော်လေး အောင်မြင်ခဲ့တဲ့ ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် နန်ဒီသားဟာ ငယ်ရွယ်ချောမောလှပလွန်းတဲ့ မော်ဒယ်မလေး..ပရစ်ထဗီကတော့ ပန်းချီဆရာ..ဇာတ်လမ်းက အဲ့ဒီမှာစတာပဲ ပရစ်ထဗီခေါင်းထဲမှာ ပုံရိပ်တစ်ခုပေါ်လာတိုင်း ချဆွဲလိုက်တဲ့အခါ နန်ဒီသားရဲ့ပုံတွေပဲ ထွက်လာနေတယ်..နန်ဒီသားကို သူ တစ်ခါမှမမြင်ဖူးဘူး ပုံထဲကကောင်မလေး ရှိမှန်းတောင်မသိဘူးအပြင်မှာတကယ်မြင်လိုက်ရတဲ့အခါမှာတော့ သူ စပြီး စိုးရိမ်လာမိနေပါတယ်.. ဘာလို့လဲဆိုတော့ သူ ဆွဲလိုက်တဲ့ ပန်းချီတိုင်းက နန်ဒီသားရဲ့အနာဂတ်ကို ပြနေပြီး သူမကို ထိခိုက်စေမှာဖြစ်လို့ပါပဲ...တဖြည်းဖြည်းနဲ့ ပန်းချီကားချပ်တွေက ပိုပိုဆိုးရွားလာပြီး နန်ဒီသားကလည်း ပန်းချီထဲကအတိုင်း ဖြစ်ပျက်လာတဲ့အခါမှာတော့...။ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖေါ်ထုတ်ကြမလဲ...။ File size…2.64GB / 1.13GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie

Raaz: The Mystery Continues…(2009)

2009
Atithi Bhooto Bhava (2022) 6.5
Atithi Bhooto Bhava (2022) ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူးဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ ...
movie

Atithi Bhooto Bhava (2022)

2022
Om – The Battle Within (2022)
Om – The Battle Within (2022) Rashtra Kavach Om (2022)ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော အာဒစ်သယားရွိုင်းကပူး (Malang မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ် ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့် လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့...နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို သစ္စာဖောက်သွားခဲ့ပါတယ်...အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့ နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် File size…5.8GB / 1.9GB / 964MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A,Y.L.O.R
movie

Om – The Battle Within (2022)

2022
4K HEVC Web-DL
The Interview: Night of 26/11(2021) 5.1
The Interview: Night of 26/11(2021)  The Interview : Night of 26/11ဝါရင့်ဘောလိဝုဒ်မင်းသားကြီး Jackie Shroff ရဲ့2021ထွက်ဇာတ်ကားသစ်ဖြစ်ပါတယ်2008 ခုနှစ် မွမ်ဘိုင်းမှာ 26/11 တိုက်ခိုက်မှုတွေစဖြစ်ခဲ့တဲ့ညတုန်းကနိုင်ငံကျော်စူပါစတားမင်းသမီးတစ်လက် ဖြစ်တဲ့ တာရာရဲ့အိမ်ကိုနာမည်ကျော်ဆုရစစ်ပွဲသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရိုဟန်တစ်ယောက် အင်တာဗျူးဖို့ရောက်ရှိလို့နေပါတယ်တကယ်တမ်း မြို့ထဲမှာက အုန်းဒိုင်းဂွမ်းတွေဖြစ်နေတဲ့အချိန်မှာ ကိုယ်က အခင်းဖြစ်နေရာမှာ ရှိနေရမယ့်အစား ဒီလိုရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့အတင်းအဖျင်းတွေကို လိုက်အင်တာဗျူးဖို့ဆိုတာစစ်ပွဲသတင်းပဲလိုက်လေ့ရှိသူတစ်ယောက်အတွက် မလွယ်ကူနေခဲ့ပါဘူးလစာ၃လစာရဖို့ကျန်တာကို ဒီအင်တာဗျူးသွားမေးပေးမှ ကျန်တဲ့လစာတွေပေးမယ်ဆိုပြီး ညစ်တဲ့အယ်ဒီတာကြောင့် ရိုဟန်တစ်ယောက် နောက်ဆံတငင်ငင်နဲ့ပဲ သွားရပါတော့တယ်ပုံမှန်ဆို မင်းသမီးရဲ့အိမ်ကိုသွား အင်တာဗျူးပြီးပြန်လာ သမားရိုးကျက အဲ့လိုပေမယ့်စာဖတ်ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်စေမယ့် သတင်းရေးပါဆိုပြီး မှာလိုက်တဲ့ အယ်ဒီတာရဲ့တချက်လွှတ်အမိန့်ကြောင့်ရိုဟန်တစ်ယောက် မင်းသမီးတာရာရဲ့ တကယ့်အတွင်းစိတ်ကို ရှာဖွေရပါတော့တယ်တစ်ဖက်ကလည်း ခေသူမဟုတ်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မင်းသမီးတစ်လက်ဖြစ်နေပြန်ဒီဘက်ကလူကလည်း စစ်ပွဲမှာလျှို့ဝှက်သတင်းတွေကို ရေလည်ကျွမ်းကျင်အောင်လိုက်တတ်တဲ့ ဆုရသတင်းထောက်ဖြစ်နေ တော့နှစ်ယောက်သားရဲ့ အားပြိုင်မှုလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်အဖုအထစ်သေးသေးလေးတွေကနေ အနိုင်ယူမှုအနိုင်ရလိုမှုများခံစားချက်ချင်းနားလည်ပေးရာကနေ နီးကပ်လိုက် ဝေးကွာလိုက် ဖြစ်ပုံများတာရာကပဲ သရုပ်ဆောင်ပိုတော်မလားရိုဟန်ကပဲ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး လိုချင်တဲ့ သတင်းတွေရသွားမလားထိတွေ့ ပွတ်တိုက် ...
movie

The Interview: Night of 26/11(2021)

2021
Devdas (2002) 7.6
Devdas (2002) IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie

Devdas (2002)

2002
Happy New Year (2014) 5.1
Happy New Year (2014) Happy New Year !!!!အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ...
movie

Happy New Year (2014)

2014
HEVC 1080p 5.1
One 2 Ka 4(2001) 5.5
One 2 Ka 4(2001) One 2 Ka 4(2001)Shahrukh Khan ဖန်တွေ အတွက် တင်ဆက်ပေးလိုက်သည်....အာရွန်နဲ့ဂျာဗစ်ဘိုင်ကတော်တော်လေးရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီးနှစ်ယောက်စလုံးကထောက်လှမ်းရေးရဲအရာရှိတွေဖြစ်ကြပါတယ်။တစ်နေ့တော့ ဂိုဏ်းကြီးKKV ဆိုတဲ့မှုးယစ်ဆေးဝါးဂိုဏ်းနဲ့ဆက်စပ်တဲ့မှုးယစ်ဆေးရောင်းဝယ်မှုတစ်ခုကို အချိန်ကိုက် ဝင်ရောက်ဖမ်းဆီးကြတယ်... အာရွန်းတို့အဖွဲ့ဟာ အထူးလေ့ကျင့်ထားတဲ့ရဲတွေဖြစ်ပေမဲ့မူးယစ်အဖွဲ့က အင်အားလည်းများတဲ့အပြင် အတွေ့အကြုံရှိသူတို့ဆိုတော့အာရွန်းတို့အဖွဲ့ အတော်မလွယ်ကူပါဘူး..ဒီဖမ်းဆီးမှုကို အောင်မြင်အောင်ကြိုးစားတဲ့နောက်တော့ပြဿနာမျိုးစုံ အာရွန်းခေါင်းပေါ်ရောက်လာပါတော့တယ်...ဘာတွေဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.... ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (2.6 GB)(1.24GB) and (460 MB) Quality : Blu-Ray 1080p, Blu-Ray 720p Format…mp4 Duration…02:49:00 Genre : Action ,Comdey, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

One 2 Ka 4(2001)

Baaghi 3 (2020) 1.8
Baaghi 3 (2020) မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီသူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ ...
movie

Baaghi 3 (2020)

2020
Bigil (2019) 7.5
Bigil (2019) (Unicode)တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။Genere- Drama,Sport,ActionIMDb - 7.5/10တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....-------------------------------------ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။အဖေ ပေးတဲ့ ...
movie

Bigil (2019)

2019
Prassthanam (2019) 6.1
Prassthanam (2019) (Unicode)ဘောလီဝုဒ်ဖန်တွေအတွက် မင်းသားကြီးဆန်ဂျေဒတ်၏ ၂၀၁၉ ထွက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်နိုင်ငံရေး၊ အက်ရှင်၊ ဒရာမာကားကောင်းတစ်ကားဖြစ်လို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါဇာတ်လမ်းကတော့ ရွေးကောက်ပွဲ ၄ နှစ်ဆက်အနိုင်ရထားတဲ့ လွှတ်တော်အမတ်ကြီး ဘဲလ်ဒေ့ဗ် ပရာတပ်ဆင့်မှာ အာယွရှ်နဲ့ ဗီဗန်းဆိုပြီး သားနှစ်ယောက်ရှိပါတယ်အဲ့ဒိသားနှစ်ယောက်ထဲမှာ အာယွရှ်ဟာဆိုရင် သူ့ရန်သူတွေဆီက ဒီလိုစကားနာထိုးတာကို အမြဲခံရလေ့ရှိပါတယ်"မင်းက ငါ့တို့လွှတ်တော်အမတ်ကြီးရဲ့သားလား သူ့မိန်းမရဲ့သားလား" တဲ့ဟုတ်ပါတယ် အာယွရှ်ဟာ မယားပါသားပါဒါပေမဲ့ ဘဲလ်ဒေ့ဗ်ရဲ့ နိုင်ငံရေးအမွေအားလုံးကိုတော့ လက်ခံနိုင်စွမ်းရှိသူဟာ သူပါပဲဒါကိုကောင်းကောင်းကြီးသိတဲ့ ဘဲလ်ဒေ့ဗ်ဟာလည်း သူ့ကိုပဲ နိုင်ငံရေးအမွေပေးအဲ့ဒိနောက်မှာတော့ သားအရင်းဖြစ်သူဗီဗန်း၏ မကျေနပ်မှုတွေကြောင့် အာယွရှ်နဲ့ ဗီဗန်းထိပ်တိုက်တွေ့ဖို့ဖန်လာသောအခါ ------ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (480 MB) Quality : AMZN ...
movie

Prassthanam (2019)

2019
Saaho (2019) 5.2
Saaho (2019) Saaho (2019)_____IMDb - 5.2/10  (Unicode)၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating - 5.2/10Language - TeluguGenere - Action / Thriller------------------------------------ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။အချင်းချင်းတွေ ကွဲနေကြတယ်။ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့.....မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။--------------------------------ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်း ...
movie

Saaho (2019)

2019
Bharat (2019) 5.7
Bharat (2019) IMDb rating - 5.7/10Google Users - 74%Genere - Acrion/Dramaမင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။-----------------------------------------------လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ' ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ' ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။" မင်းက အကြီးဆုံးသားမို့ ...
movie

Bharat (2019)

2019
Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie


2019
Chalk N Duster (2016) 6.5
Chalk N Duster (2016) Chalk N Duster (2016)_____IMDb - 6.5/10    " Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ " ••••••••••••••••••••••••••• "ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် "  [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။"ကျွန်မတို့က ဆရာမတွေ " ______________________________အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ...
movie

Chalk N Duster (2016)

2016