Channel Myanmar

Jackson Yee

Full River Red ( 2023 ) Manjianghong 6.5
Full River Red ( 2023 ) Manjianghong IMDb Rating (6.5) / Rotten Tomatoes (100%)Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ ...
movie

Full River Red ( 2023 ) Manjianghong

4K HEVC
Hero ( 2022 ) 6.3
Hero ( 2022 ) ❐၂၀၂၀ ခုနှစ်အစောပိုင်း ဝူဟန်ကို ရောဂါပိုးတွေ ကူးစပ်ပြန့်နှံ့ချိန် အချိန်ကာလ...., ချွေးမဖြစ်သူ ရှန်ယွဲ့ နဲ့ ယောက္ခမဖြစ်သူ လီကျီ တို့ဟာရောဂါပိုး ရှေ့ဆင့်နောက်ဆင့် ကူးခံလိုက်ရပါတော့တယ် ရောဂါပိုးကူးစပ်ခံလိုက်ရတဲ့အတွက် ရွေးချယ်စရာမရှိဖြစ်ကာ သမီးယောက္ခမနှစ်ယောက် အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ရာမှ အစပြုပြီး ရှေးရိုးစွဲ ယောက္ခဖြစ်သူနဲ့ ညှိနှိုင်းမရတဲ့ ပြဿနာတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတော့တယ်❐တစ်ချိန်ထဲမှာပဲ ရောဂါတွေစတင်ပျံ့နှံ့ချိန် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတစ်တွဲဟာ တစ်နယ်စီကွဲကွာလို့နေကြပါတယ် ဝူဟန်မှာနေထိုင်သူ လီကျောင်းဟွာ ဟာ ရောဂါပိုးကူးစပ်ခံနေရချိန်မှာ သူ့ရဲ့ချစ်သူကောင်မလေး ကျိုးရှောင်လုက ပေကျင်းမှာရှိနေခဲ့ပါတယ် ကပ်ရောဂါအခြေအနေတွေကြောင့် ဝူဟန်မြို့ကို Lockdown ချလိုက်သည့်အတွက် ချစ်သူကောင်လေးကို ပြုစုစောင့်ရှောက်ဖို့ ပြန်မသွားနိုင်ခဲ့တော့ပါဘူး သူတို့ခင်မျာ နေ့နေ့ညည Video Call နဲ့သာဆက်သွယ်လို့ရခဲ့ကြရပါတယ်❐တစ်ဖက်မှာလဲ လျန်ကျန့်စီး လို့ခေါ်တဲ့အမျိုးသမီးနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ဟယ်တရန်တို့ဟာ လက်ထပ်ပြီးနောက် ကလေးနှစ်ယောက်ဖွားမြင်ခဲ့ပါတယ် တစ်ချိန်ထဲမှာ သူတို့နှစ်ဦးဟာ ကိုယ်ပိုင်အလုပ်ကိုယ်စီ နဲ့ ဘဝကိုရှင်သန်နေခဲ့ကြပါတယ် အခြေအနေတွေက ရုတ်တရက်ကြီး ခက်ခဲလာခဲ့တာကြောင့် အိမ်ထောင်ရေး သဘောထားကွဲလွဲမှုတွေလဲ ဖြစ်ပေါ်လို့လာခဲ့ပါတယ် လျန်ကျန့်စီးဟာ ခင်ပွန်းအပေါ် စိတ်ပျက်မှုတွေကြောင့် ကူညီရာမဲ့ ပြိုလဲနေရသလို ခင်ပွန်းဖြစ်သူဟာလဲ အိမ်အတွက် အများကြီးရင်းရှာပေမဲ့ ဇနီးသည်အပေါ် နားလည်မပေးပါဘူး " မိသားစုအပေါ် ဘယ်သူက ပိုပြီးပေးဆပ်သလဲ" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နှစ်ယောက်သားက အပြင်းအထန်ငြင်းခုန်လေ့ရှိကြပါတယ်အထက်ပါဖော်ပြထားတဲ့အတိုင်း ဒီဇာတ်ကားလေးဟာဆိုရင် မိသားစု (၃) ...
movie

Hero ( 2022 )

The Battle at Lake Changjin II ( 2022 ) 6.7
The Battle at Lake Changjin II ( 2022 ) The Battle At Lake Changjin I ရဲ့ အဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့ မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲနောက်ပိုင်းဖြစ်ပွားတဲ့ ရွှေမိန်တံတားတိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တပ်ခွဲ(၇)တပ်ဖွဲ့ဟာ ဟာဂါရူရီတိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက် ဆုတ်ခွာတဲ့အမေရိကန်စစ်တပ်ကိုတားဖို့ရာ ရွှေမိန်တံတားကိုဖောက်ခွဲဖို့ ခက်ခဲတဲ့တာဝန်ကိုပေးခြင်းခံရပါတယ်။ Chang Jin II ဟာ I ထပ်ပိုပြီ ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ အမေရိကန်စစ်တပ်နဲ့လက်နက်အင်အား လူအင်အားချင်းမမျှတဲ့တပ်ခွဲ(၇)ဟာ တာဝန်ကိုဘယ်လိုပြီးမြောက်အောင်လုပ်ဆောင်မလဲ။ချန်ကျင်ရေကန်တိုက်ပွဲမှာတုန်းကလိုပဲသူတို့ဟာ အနိင်ရရှိနိုင်ဦးမလားဆိုတာကို ရင်ခုန်ဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါနော်1 ကိုဒီမှာကြည့်လို့ရပါတယ် The Battle at Lake Changjin I ( 2021 ) – Channel Myanmar Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 29 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin II ( 2022 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)

A Little Red Flower ( 2020 ) 6.6
A Little Red Flower ( 2020 ) ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ  Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie

A Little Red Flower ( 2020 )

Better Days ( 2019 ) 7.5
Better Days ( 2019 ) Zawgyi*******ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ် Unicode*******ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ် Translated & Reivew By Chu ChuEncoded By LK
movie

Better Days ( 2019 )