Channel Myanmar

Jaime Lorente

Tin & Tina (2023)
Tin & Tina (2023) Tin & Tina (2023)ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ ...
movie

Tin & Tina (2023)

2023
42 segundos (2022) 6.7
42 segundos (2022) 42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie

42 segundos (2022)

2022
Money Heist: The Phenomenon (2020) 7.8
Money Heist: The Phenomenon (2020) Money Heist လို့ ခေါ်တဲ့ စပိန်စီးရီး ဟာ လက်ရှိမှာ အရမ်းအောင်မြင်ပြီး တစ်နှစ်မှာ Season တစ်ခုထွက်ဖို့ လူတိုင်းစောင့်မျှော်နေရတဲ့ အရမ်းအောင်မြင်တဲ့ ဇတ်လမ်းတွဲဖြစ်ပါတယ် အဓိက ဇတ်ကောင်တွေ ဖြစ်တဲ့ ပရော်ဖက်ဆာ ၊ ဘာလင် ၊ ဒန်ဘာ ၊ တိုကျို ၊ နိုင်ရိုဘီ တို့ဆို မသိသူမရှိသလောက် ချစ်ကြတဲ့ သူတွေ များပါတယ်... ဒီလို မအောင်မြင်ခင်က ပိတ်ကားနောက်ကွယ်ကို ကြည့်မယ်ဆိုရင် ဒီ ဘဏ်ဓါးမြတိုက်တဲ့ စီးရီးကို ၂၀၁၇ က စပိန်နိုင်ငံရဲ့ ဖရီးရုပ်သံလိုင်းမှာ ပြသခဲ့တာ ဖြစ်ပြီး စစပြချင်းတော့ စပိန်နိုင်ငံအဝှမ်းကြည့်ရှု့သူများပါတယ် ဒါပေမဲ့ Season 2 ကို အရောက် ကြည့်ရှုသူ နည်းခဲ့ပြီး ရိုက်ကူးရေးကို လုံး၀ ရပ်ဆိုင်းပစ်ခဲ့ရပါတယ်... ပြောရရင် ရှုံးနိမ့်သွားခဲ့တဲ့ ဇတ်လမ်းတစ်ခုပါပဲ ဒီလိုပြောရင် ခင်ဗျားတို့က ရယ်နေမှာပဲ ဟာ ဖြစ်နိုင်ပါ့မလားပေါ့... ဒီလို နဲ့ Netflix ဟာ သူ့ရုပ်သံလိုင်းမှာ ပြသဖို့ စပိန် ရုပ်ရှင် ...
movie

Money Heist: The Phenomenon (2020)

2020
Who Would You Take to a Deserted Island? 5.3
Who Would You Take to a Deserted Island? Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie


2019